စစ်တပ်နှင့်ရဲများအား ကက်သလစ်ခရစ်ယာန်သီလရှင်တစ်ပါး မှ အကြမ်းမဖက်ရန် တောင်းပန်ခြင်း

စစ်တပ်နှင့်ရဲများအား ကက်သလစ်ခရစ်ယာန်သီလရှင်တစ်ပါး မှ အကြမ်းမဖက်ရန် တောင်းပန်ခြင်း

Myitkyina (8.3.2021)

မြစ်ကြီးနားမြို့တွင် ယနေ့ (8.3.2021) ရက်နေ့က နံနက်ပိုင်းက ဆန္ဒပြသပိတ်စစ်ကြောင်းအား လူစုသည့်နေရာတွင်လိုက်လံဖြိုးခွင်းနေသော စစ်တပ်နှင့်ရဲများအား ကက်သလစ်ခရစ်ယာန်သီလရှင်တစ်ပါးဖြစ်သော Sr. Rose Lasang Nu Tawng မှ အကြမ်းမဖက်ရန် တောင်းပန်နေသည်ကိုတွေ့ရှိရပါသည်။

Sr. နှင့်အတူ ေဘးနားတွင် မြစ်ကြီးနားကက်သလစ်သာသနာမှ ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန် အတူရှိနေတာကိုလည်းတွေ့ရှိရပါသည်။

မြစ်ကြီးနားမြို့တွင် ဆန္ဒပြသပိတ်စစ်ကြောင်းအား လူစုသည့်နေရာတွင်ပင် ဖြိုခွင်းခဲ့ပြီး နောက် လူထုသည် ထပ်မံ လူစုရင်း အောင်နန်းကက်သလစ်ဘုရားကျောင်းဝင်းအတွင်းတွင် နံနက် (10) နာရီခန့်အထိ ပိတ်မိနေပြီး '' အောင်နန်းကက်သလစ်ခရစ်ယာန်ဘုရားကျောင်းအပြင်ဘက်တွင်လည်း ရဲတပ်ဖွဲ့ဝင်များက ဝိုင်းထားသည်'' ဟု ဘုရားကျောင်းအတွင်းသို့ ရောက်ရှိနေသူတစ်ဦးကပြောပြခဲ့ပါသည်။

ယခု (11:00) နာရီ ဝန်းကျင်ခန့်တွင် အောင်နန်းဘုရားကျောင်းရှေ့ သပိတ်စစ်ကြောင်းကို အင်အားသုံးဖြိုခဲွဲပြီး လူအများအပြား ဖမ်းဆီးခံရကာ အခြေအနေတင်းမားနေဆဲဖြစ်တယ်လို့ သိရှိပါသည်။ Edit : 12:00 နာရီ နောက်ပိုင်းမှစတင်ကာ အခြေအနေပိုမိုတင်းလာခဲ့ပြီးနောက် ရဲများက သေနတ်ဖြင့် ပစ်ခက်ခဲ့ရာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာများဖြင့် ပြည်သူနှစ်ဦး သေးဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားသည်ဟု သိရှိရပါသည်။

News by: Pinky

Photo Credit: Myitkyina News Journal

Add new comment

16 + 2 =