စစ်စတာရ် တစ်ပါး၏အသင်းဂိုဏ်းတည်ထောင်သည့်အကြောင်းကို ဇာတ်လမ်းပြန်လည်ရိုက်ကူးသည့်ဇာတ်ကား စပိန်နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ပြသ

စစ်စတာရ် တစ်ပါး၏အသင်းဂိုဏ်းတည်ထောင်သည့်အကြောင်းကို ဇာတ်လမ်းပြန်လည်ရိုက်ကူးသည့်ဇာတ်ကား စပိန်နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ပြသ

စစ်စတာရ် တစ်ပါး၏အသင်းဂိုဏ်းတည်ထောင်သည့်အကြောင်းကို ဇာတ်လမ်းပြန်လည်ရိုက်ကူးသည့်ဇာတ်ကား စပိန်နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ပြသ

မထင်မရှား စစ်စတာရ် တပါးကနေ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သူ့ရဲ့ဇာတ်လမ်းကို စပိန်နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ပြသရာအမြတ်အစွန်းများစွာရရှိနေသည်။

ဘုရားသခင်က သူ့ကိုထင်ရှားပြသည်မှာ ဘုရားသခင်ရဲ့ အလိုနှင့်အညီ"အသင်းဂိုဏ်း တစ်ခုကိုတည်ထောင်မယ်။ သူဟာ အသင်းဂိုဏ်းရဲ့တည်ထောင်သူ မာသာရ်ဖြစ်လိမ့်မယ်လို့
ဘုရားသခင်က အလင်းပေးဖော်ပြခဲ့ပါတယ်။

ဒီဇာတ်ကားဟာ Petra လို့ နာမည်ပြောင်းထားတဲ့ Andalusian လူမျိုး အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ Ana ရဲ့ ဇာတ်ကြောင်းကိုအဓိကထားရိုက်ကူးထားပြီး သူမရဲ့မြို့မှာရှိတဲ့ အရာအားလုံးကိုစွန့်ပီးတော့ အပယ်ခံထားသောသူများအတွက် ဆက်ကပ်အပ်နှံမယ့်အသင်းဂိုဏ်းကို တည်ထောင်တဲ့အကြောင်းဖြစ်တယ်။

၎င်းအသင်းဂိုဏ်းမှ စစ်စတာရ် တပါးကိုသူ့ရဲ့ အသင်းဂိုဏ်းတည်ထောင်သူအကြောင်း ပြောပြပေးပါလားဟု မေးမြန်းရာတွင် "သူမဟာ သခင်ခရစ်တော်နဲ့ ဆင်းရဲပြီး အားကိုးရာမဲ့သူတို့အား အစေခံရန် စိတ်အားထက်သန်စွာဖြင့် အနစ်နာခံတတ်တဲ့ ကြီးမြတ်သောအမျိုးသမီးတစ်ဦးဖြစ်တယ်။"ဟု ဆိုပါတယ်။

သူ့အကြောင်းကို ဇာတ်ကားပြန်ရိုက်မယ့် ခေါင်းဆောင်မင်းသမီး MARIAN ARAHUETES က ဆိုတာက "ကျွန်မအတွက်ကတော့ Petra ရဲ့ အထူးခြားဆုံးအရာက သူမရဲ့ ဇွဲလုံ့လနဲ့ စိတ်အားထက်သန်မှု တွေ နဲ့ မဆုတ်မနစ် ကြိုးစားတဲ့စိတ်တွေကကျမကို ခံစားရစေတယ်။ ဘဝမှာ ယုံကြည် ချက် များစွာဖြင့် အရာအားလုံး ကောင်းမွန် စွာ ဖြစ်မြောက်လာမယ်လို့ သူမယုံကြည်တယ်။ သူ့ရဲ့ စိတ်ဓာတ်ရေးရာကိုလည်း တကယ်ကို အံသြမိပါတယ်"လို့ဆိုပါတယိ။

ထုတ်လုပ်သူ Andrs Garrig အတွက် ရုပ်ရှင်ရိုက်ကူးခြင်း၏ နောက်ကွယ်မှ တွန်းအားတစ်ခုမှာ Petra က စိန့်ဂျိုးဇက်အပေါ် အလွန်သဒ္ဒါကြည်ညိုမှုရှိသူဖြစ်တယ်။

သူက "ရုပ်ရှင်ရဲ့နောက်ထပ်အစိတ်အပိုင်းတစ်ခုကတော့ စိန့်ဂျိုးဇက်ဟာ သမိုင်းထဲက ဖြစ်ရပ်မဟုတ်ပေမယ့် ယခုလက်ရှိထင်ရှား လုပ်ဆောင်နေသလိုမျိုးပါပဲ" လို့ဆိုပါတယ်။

ဒီဇာတ်ကားကို စပိန်နိုင်ငံ Salamanca မှာ ရိုက်ကူးခဲ့တာပါ။

၎င်း၏ ခေါင်းဆောင်မင်းသမီးသည် Petra ၏ဇာတ်လမ်းကို မူလက မရင်းနှီးသော်လည်း ရိုက်ကူးပြီးနောက် သူမကို အံ့အားသင့်စေခဲ့သည်ဟု ဆိုသည်။

ကျွန်မ သင်ယူခဲ့ရတဲ့အရာက သူမဆီကနေသူတပါးအပေါ်ထားတဲ့ သူမရဲ့ ချစ်ခြင်းမေတ္တာနဲ့ အရာတွေကို လုပ်ဆောင်လာတဲ့အခါ လူသားဆန်မှုနဲ့ တလုံးတဝတည်းရှိခြင်း
ကိုရရှိခဲ့တယ်လို့ ခေါင်းဆောင်မင်းသမီး MARIAN ARAHUETES ကဆိုပါတယ်။

ဒီဇာတ်ကားကို လောလောစယ် စပိန်မှာသာ ဖြန့်ချိထားပေမယ့် ထုတ်လုပ်သူတွေက တခြားဈေးကွက်တွေကို ဝင်ရောက်ဖို့ အင်္ဂလိပ်ဗားရှင်းကို အမြန်ဆုံး ဖြန့်ချီဖို့ မျှော်လင့်နေပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/3HXN07X

Add new comment

7 + 3 =