စစ်ကောင်စီ၏ သေနတ်ဖြင့် ပြစ်ခက်မှုကြောင့် တောင်ဒဂုံမှ ကက်သလစ်လူငယ်တစ်ဦးသေဆုံး

စစ်ကောင်စီ၏ သေနတ်ဖြင့် ပြစ်ခက်မှုကြောင့် တောင်ဒဂုံမှ ကက်သလစ်လူငယ်တစ်ဦးသေဆုံး

စစ်ကောင်စီ၏ သေနတ်ဖြင့် ပြစ်ခက်မှုကြောင့် တောင်ဒဂုံမှ ကက်သလစ်လူငယ်တစ်ဦးသေဆုံး

(၃၀.၃.၂၀၂၁)

မတ်လ(၂၉) ရက်နေ့က အသက် (၂၆) နှစ်အရွယ် ဩဂတ်စတင်းဆိုသူ လူငယ်တစ်ဦးသည် အပြင်မှ ကားနှင့် ပြန်ရောက်လာပြီး ၎င်း၏ အိမ်ရှေ့တွင် သူငယ်ချင်းတစ်ဦးနှင့် စကားရပ်ပြောနေစဉ် လမ်းထိပ်မှ သေနတ်ဖြင့် လှမ်းပြစ်ခံရခြင်းကြောင့် ဒဏ်ရာရကာအသက်သေဆုံးခဲ့ရခြင်းဖြစသည်ဟု သိရှိရပါသည်။

"နှလုံး အပေါ်ဘက်ကို ထိသွားခြင်းဖြစ်ကြောင်း၊ သတိလစ်သွားကြောင်း ၊ ၎င်း၏ အမျိုးသမီးနှင့် ရပ်ကွက်မှ လူများနှင့် ပရဟိတအဖွဲ့များမှ ပင်လုံဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အသက်မကယ်နိုင်တော့ကြောင်း" ၎င်း၏ သူငယ်ချင်းဖြစ်သူ၏ ပြောပြချက်အရသိရပါသည်။

ဩဂတ်စတင်းသည် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်သာသနာ ၊ တောင်ဒဂုံမှ Holy Innocent Church မှ ကက်သလစ် လူငယ်တစ်ဦးဖြစ်ပါသည်။ ၎င်းတွင် အမျိုးသမီးနှင့် သုံးနှစ်အရွယ် သားယောကျာ်းလေး တစ်ဦးရှိတယ်လို့လည်းသိရှိရပါသည်။

************

နာမည် - Augustine သိန်းအောင်

အသက်- ၂၆နှစ်

လိပ်စာ- တောင်ဒဂုံ /ဘုန်းကြီးကျောင်းကွေ့အနီး/ အောင်သိဒ္ဓိ(၂)လမ်း

သာသနာ - တောင်ဒဂုံ သာသနာ(Holy Innocent Church)

Photo crd : Roland Vicent

REST IN POWER .

MAY HIS SOUL REST IN PEACE.

#RVAMYANMAR #rvapastoralcare #SaveMyanmar #Youth

Add new comment

7 + 11 =