စစ်ကောင်စီမှ ကန်ပက်လက် မှ ကက်သလစ်ဘုန်းတော်ကြီးအား ဖမ်းဆီး

စစ်ကောင်စီမှ ကန်ပက်လက် မှ ကက်သလစ်ဘုန်းတော်ကြီးအား ဖမ်းဆီး

စစ်ကောင်စီမှ ကန်ပက်လက် မှ ကက်သလစ်ဘုန်းတော်ကြီးအား ဖမ်းဆီး

ဂျွန်လ ၁၆ ရက်နေ့ နံနက် ၈း၀၀ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်ရှိ လက်ရှိတာဝန်ထမ်းဆောင်နေသော ဘုန်းတော်ကြီး ဖာသာရ်မိုက်ကယ်အောင်လိန်းအား ကျောင်းတွင်းအတွင်းဝင်ရောက်ကာ ကျောင်းသားတစ်ဉီးနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

စစ်ကောင်စီအားဆန့်ကျင်သော လူငယ်များအားထောက်ပံ့နေသည်ဟု ထင်မြင်ကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ကျောင်းအတွင်းရှိ ဆန်အိတ်များမှာ ဘာသာဝင်များ၏ ဆယ်ဘို့တစ်ဘို့ အလှူထည့်ဝင်ခြင်းမှ စုစည်းထားသော အလှူဆန်အိတ်များဖြစ်ကြောင်းကို ဓမ္မဆရာတစ်ဉီးမှ ပြောပြခဲ့ကြောင်း

ရိုက်နှက်ခြင်းမျိုးတော့မရှိပေမယ့် ဖမ်းဆီးခေါ်ဆောင်သွားတာကတော့ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရဘူးလို့ ဖာသာရ်မိုက်ကယ်ရဲ့ သူငယ်ချင်းဘုန်းတော်ကြီးတပါးက အတည်ပြုပြောပါတယ်။

ဖာသာရ်မိုက်ကယ် အမြန်ဆုံးလွတ်မြောက်လာနိုင်ပါစေရန် ဝိုင်းဝန်းဆုတောင်းပေးကြပါစို့။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of Crux Now

 

ချင်းပြည်နယ်ကန်းပလက်မြို့မှကက်သလစ်ဘုန်းတော်ကြီး Fr Michael Aung Ling အား စစ်ကောင်စီတပ်ဖွဲ့မှစွပ်စွဲဖမ်းဆီး

၁၆ ရက်/ ဇွန်လ /၂၀၂၁ ခုနှစ်

Fr Michael Aung Ling အား စစ်ကောင်စီတပ်ဖွဲ့မှစွပ်စွဲဖမ်းဆီး ချင်းပြည်နယ် တောင်ပိုင်း ကန်ပလက်မြို့နယ်ရှိ ကက်သလစ် ကျောင်းထိုင်တစ်ပါးအား ယနေ့ဇွန်လ ၁၆ ရက် မနက် ၈နာရီခန့်တွင် လူငယ်များကိုထောက်ပံ့သည်ဟု စွပ်စွဲ ပြီး ဘုန်ကြီး ကျောင်းနေ ကျောင်းသားတစ်ဦးနှင့်အတူစစ်ကောင်စီတပ်ဖွဲ့မှဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

"ဘုရားကျောင်းဝင်း ထဲမှာ လာပြီးတော့ ဖမ်းတယ်၊လူငယ်တွေကို ဝှက်ထားတယ် ပြီးတော့ သူတို့ကို ထောက်ပံတယ်ဆိုပြီး စွပ်စွဲတယ်၊ဆန်အိတ်တွေကသူတို့က ထောက်ပံ့ဖို့ဝှက်ထားတယ်လို့ပြောတယ်၊ကျောင်းဝင်းထဲမှာ ဆန်တွေကဘာသာတူတွေ ဆယ်ဖို့တစ်ဖို့ ပေးတဲ့ဟာတွေပဲ ရှိတယ်" ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကက်သလစ်ကျောင်း၀င်းအတွင်းဘုန်းကြီးသက်န်းများ လဲသည့်နေရာများ တွင်လည်း ဖိနပ်များဖြင့်တက်ပြီး ပစ္စည်းများမွှေနှောက်ရှာဖွေခဲ့ကြောင်းသိရသည်။

ဘုန်းကြီးကျောင်းမှ ဆန်အိတ်များကိုလည်း အပြင်ထုတ်ပြီး ရှာဖွေမှုများပြုလုပ်ခဲ့ကြသည်။"သူတို့က ဘာသာရေးကျောင်းထိ အဲလိုလုပ်တာဟာ ဘာသာရေးကို စော်ကားတာပဲ၊ဘုန်းကြီးကိုလည်း မှောက်ခိုင်းပြီး စစ်ဆေးတာတွေလည်း လုပ်တယ်လို့ လည်း သိရတယ်၊ဒါဟာ သူတို့က ခရစ်ယာန် အကြီးအကဲတွေကို အမှုမလုပ်ပဲ စော်ကားနေကြတာပဲ" ဟု ဒေသခံ တစ်ဦးမှ Chin World သို့ပြောသည်။

ယခုအဖမ်းခံရသူ ဘုန်းကြီးမှာ Fr. မိုင်ကယ် အောင်လိန်း ဖြစ်ပြီး ကန်ပလက်မြို့နယ် ကက်သလစ်ကျောင်းထိုင်တစ်ဦး ဖြစ်ကြောင်း လည်းသိရသည်။

Credit... #Chinworld

 

ဘုန်းတော်ကြီး၏ လက်ကိုင်ဖုန်းအားလဲ ယူဆောင်သွားပြီး ၊ ပစ္စည်းအချို့အားလည်း ရိုက်နက်ဖျက်စီးသွားကြောင်း၊ ၎င်းတို့၏ လုပ်ရပ်အားလဲ မီဒီယာပေါ်သို့ မတင်ရန်လည်း မှာကြားသွားခဲ့သည်ဟု ဘုန်းတော်ကြီးနှင့် နီးစပ်သူများက ပြောပြခဲ့ပါသည်။ မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏသိမ်းပြီးနောက် ကယားပြည်နယ် နှင် ချင်းပြည်နယ် တို့တွင် ဘုရားကေ​ျာင်းများ မြောက်များစွာ ထိခိုက်ပျက်စီးခဲ့ပြီး ယခုအခါ ကက်သလစ် ဘုန်းတော်ကြီးများအား အကြောင်းအရင်းတိတိကျကျ မရှိဘဲ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးမှုများကို လုပ်ဆောင်လာနေပြီဖြစ်ပါသည်။ ပြီးခဲ့သည် ရက်ပိုင်းအတွင်းကလည်း မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ရဟန်းတော်ခြောက်ပါးအားလည်း ဒလန်ပေးပေးမှားမှုဖြင့် စစ်ကောင်စီက တစ်ညတာ ဖမ်းစီးခေါ်ဆောင်စစ်ဆေးခြင်းကိုခံခဲ့ရပါသည်။ 

Add new comment

19 + 1 =