
စစ်ကောင်စီ ၏ လက်နက်ကြီးဖြင့်အကြမ်းဖက်ပစ်ခက်မှုကြောင့်လွိုင်ကော်မြို့နယ် ၊ ကယန်းသာယာ(တောင်)ကျေးရွာဘုရားကျောင်းတွင် ခိုလှုံနေသော ရွာသား (၄) ဉီး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိတယ်လို့သိရပါတယ်။ ကယားပြည်နယ်လွိုင်ကော်မြို့တွင် ွမေလ (၂၃) ရက်နေ့မှ စတင်ကာ စစ်ကောင်စီ အုပ်စု နှင့် PDF တို့တိုက်ပွဲပြင်းထန်နေတယ်လို့လည်း သိရှိရပါသည်။ ထိုကဲ့သို့ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ရွာသားများက လွတ်ရာသို့ တိမ်းရှောင်နေကြရပြီး အဆိုပါ ဘုရားကျောင်းတွင် ခိုလှုံနေကြခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။
မေလ (၂၄) ရက်နေ့ နံနက် (၁) နာရီ ဝန်းကျင်ခန့်က ပစ်ခက်ခံရခြင်းဖြစ်တယ်လို့လည်းသိရပါသည်။ လူသေဆုံးမှုနှင့် ပျက်စီးမှုကိုမူ အသေးစိတ် မသိရှိရသေးကြောင်း နှင့် ကက်သလစ်ခရစ်ယာန်များအနေဖြင့် မိမိတို့ကိုးကွယ်ရာ ဘုရားကျောင်းများကို လက်နက်ကြီးဖြင့် ပစ်ခက် မှုများအား ရှုံ့ချကြောင်း ၎င်းတို့၏ ဖေ့ဘွတ်လူမှုကွန်ယက် တွင် ရေးသားထားကြတာကိုလည်းတွေ့ရပါသည်။
Add new comment