စစ္စတာရ်လူချီးယာ ရိုသေထိုက်လှသူအဖြစ်ကြေညာခံရပြီ။

စစ္စတာရ်လူချီးယာ ရိုသေထိုက်လှသူအဖြစ်ကြေညာခံရပြီ။

စစ္စတာရ်လူချီးယာကားအဘယ်သူနည်း။ ဖာတီမာမြို့၌ အမိမယ်တော်အားဖူးတွေ့ခွင့်ရခဲ့သည့် သိုးကျောင်းသည့်ကလေး (၃) ဦးအနက်တစ်ဦးဖြစ်သည်။ ကျန် (၂) ဦးမှာဖရန်စစ္စကိုနှင့်ဂျာစင်းတာတို့ဖြစ် ကြသည်။ သူတို့ (၂) ဦးသည်မောင်နှမအရင်းများဖြစ်ကြပြီး သူတို့သည် သူတော်မြတ်များအဖြစ် (၂၀၁၇) တွင်တင်မြောက်နိုင်ခဲ့ပြီဖြစ်သည်။ သူတို့နှစ်ဦးအားသူတော်မြတ်များအဖြစ်တင်မြောက်နိုင်ခဲ့ခြင်းမှာ ဘရာဇီးနိုင်ငံမှကောင်လေးတစ်ဦးသည် (၆) မီတာအမြင့်မှပြုတ်ကျပြီး သတိလစ်နေခဲ့သည်။ ပြန်လည်သတိလည် လာပြီး သက်သာကျန်းမာလာရန်မျှော်လင့်ချက်လုံး၀မရှိတော့ဘဲလက်လျော့ထားခဲ့ရသည်။ ထို့ကြောင့် သိုးကျောင်းရင်းအမိမယ်တော်ကိုဖူးခဲ့ရသောကလေး၏ကူညီဆုတောင်းပေးခြင်းကိုသာတောင်းခံခဲ့သည်။ ဤသို့ဖြင့် အဆိုပါကောင်လေးသည် ပြန်လည်သတိလည်ကျန်းမာလာခဲ့သည်။

သိုးကျောင်းသားမောင်နှမ (၂) ဦးသည် အမိမယ်တော်အားဖူးတွေ့ရပြီးများမကြာမီဆုံးပါးသွားခဲ့သည်။ သိုးကျောင်းသော ကလေး (၃) ဦးအနက်လူချီးယာသည်အသက်အကြီးဆုံးဖြစ်သည်။ သူသည်နောက်ပိုင်း၌ရသေ့သီလရှင်ဘ၀ကိုခံယူကာ (၂၀၀၅) ခုနှစ်အထိ ပေါ်တူဂီနိုင်ငံ၊ Coimbra ၌ကွယ်လွန်သွားခဲ့သည်။ သူ၏အမည်အ ပြည့်အစုံကား Lucia de Jesús y del Corazón Immaculate ဖြစ်ပါသည်။

စစ္စတာရ်လူချီးယာအား ရဟန္တာတင်မြောက်နိုင်ရေးနှင့်စပ်လျင်း၍ အဆင့် (၄) ဆင့်ရှိသည့်အနက် (၁) ဘုရား၏အစေခံအဖြစ်ကြေညာခြင်း၊ (၂) ရိုသေထိုက်သူအဖြစ်ကြေညာခြင်း စသည့် (၂) ဆင့်ကိုမူကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ (၃) အဆင့်သို့ရောက်မှသာ သူတော်မြတ်အဖြစ်ကြေညာနိုင်မည်ဖြစ်သည်။ ထိုသို့ကြေညာနိုင်ရန်မှာ သူ၏ကူညီဆုတောင်းခြင်းအားဖြင့် လူ့အစွမ်းဖြင့်မတတ်နိုင်သည်ကိုဘုရားအစွမ်းဖြင့်ကုသနိုင်ခြင်း တန်ခိုးအာနုဘော်တစ်ခုကိုလိုအပ်သည်။

လက်ရှိအချိန်အထိ အဆိုပါတန်ခိုးလက္ခဏာကိုမပြသနိုင်သေးကြောင်း သူ၏အမှုနှင့်စပ်လျင်း၍စုံစမ်းစစ်ဆေးမှုကိုပြုလုပ်နေသောဆရာ၀န် ကပြောပါသည်။ သို့သော် စစ္စတာရ်လူချီးယာ၏ အသက်တာမှာ အခြားသောသူများနှင့်မတူ။ မယ်တော်ကိုဖူးခဲ့ရသူဖြစ်၍ ဤထူးခြားသောကောင်းချီးတော်သည်ပင်လျှင် ရဟန္တာဖြစ်ရန်ထိုက်သောအခြေအနေဖြစ်နေသည်။ ရဟန်းမင်းကြီးအနေဖြင့် စစ္စတာရ်လူချီးယာ၏အမှု၌ လုပ်ရိုးလုပ်စဉ်အတိုင်းမဟုတ်ဘဲပြုလုပ်မည်ဆိုလျှင်လည်းရသည်။

သိုးကျောင်းသား (၃) ဦးတို့သည် (၁၉၁၇) ဖာတီမာမြို့၊ Cova da Iría ၌ အမိမယ်တော်အားဖူးခွင့်ရခဲ့ချိန်၌ လူချီးယာသည် (၁၀) နှစ်၊ ဖရန်ချက်စကိုသည် (၉) နှစ်၊ ဂျာစင်းတာသည် (၇) သာရှိသေးသည်။ သူတို့သည် အမိမယ်တော်ကို (၆) ကြိမ်တိုင်တိုင်ဖူးခဲ့ရသည်။ ထိုသို့ဖူးရချိန်၌ မယ်တော်သည်စိတ်ပုတီးစိပ်ရန်မှာကြားခဲ့သည်။

စိတ်ပုတီးစိပ်ရခြင်း၏ရည်ရွယ်ချက်မှာ ရုရှားနိုင်ငံပြောင်းလဲရန်နှင့်ကမ္ဘာ့ငြိမ်းချမ်းရေး အတွက်ရည်ရွယ်ဆုတောင်းခိုင်းခဲ့သည်။ ထိုသတင်းစကားသည် ယနေ့ထိတိုင်လိုအပ်နေဆဲဖြစ်ပါသည်။ စစ္စတာရ်လူချီးယာ၌ မယ်တော်အားဖူးတွေ့ခွင့်ရခဲ့ရာမှအကြောင်းအရာများစွာရှိသည်။ အချို့တို့ကိုသာသ နာ၏ခွင့်ပြုချက်ဖြင့်ထုတ်ဖော်ခဲ့ပြီဖြစ်သည်။

ဖာတီမာမယ်တော်၏ရူပါရုံကိုသာသနာကချက်ချင်လက်မခံခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဘာမျှမသိသော သိုးကျောင်းသား (၃) ယောက်၏ပြန်လည်ပြောကြားချက်များသည် ပညာရှင်များအားလည်း တွေ‌ေ၀သွားစေခဲ့၊ စဉ်းစားရကြပ်စေခဲ့သည်။ အမှန်မှာ မယ်တော့်ရူပါရုံနှင့်စပ်လျင်း၍ စစ္စတာရ်လူချီးယာ၌ အလွန်ခိုင်မာသောအချက်များရှိသည်။

(၁၉၃၄ မှ ၁၉၄၁) အထိသူ၏မှတ်တမ်း၌ ရေးသားထားခဲ့သည်။ သူ၏ရေးသားချက်များသည် အမိမယ်တော်၏သတင်းစကားကိုပို၍နားလည်လာစေခဲ့သည်။ ဖာတီမာမယ်တော်၏တတိယလျှို၀ှက်ဟုတင်စားသော ကြိုတင်ဟောကိန်းတစ်ခုကိုလည်းချန်လှပ်ထားခဲ့သည်။ ၄င်းတို့အနက် ရဟန်းမင်းကြီးတစ်ပါးသည် တိုက်ခိုက်ခံရမည့်အကြောင်းသည် စိန့်ဂျွန်ပေါလ် (၂) ၏ရဟန်းမင်းကြီးအမှုတော်ထမ်းစဉ်ကာလကဖြစ်ပွားခဲ့သည်။

စိန့်ဂျွန်ပေါလ် (၂) သည် စိန့်ပီတာရင်ပြင်၌ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ထိမှန်ခဲ့သော်လည်း သေကံမရောက်ရခြင်းမှာ ဖာတီမာမယ်တော်ကြောင့်ဟုသက်ရှိထင်ရှားရှိစဉ်အမြဲမိန့်ကြားခဲ့သည်။ ရဟန်းမင်း ကြီးအားတိုက်ခိုက်ခဲ့သူမှာ Ali Agca ဟုခေါ်သည်။ ရဟန်းမင်းကြီးအားတိုက်ခိုက်ခဲ့သည့်နေ့မှာတိုက်ဆိုင်စွာဖြင့် (မေလ ၁၃) ရက်နေ့ဖြစ်နေသည်။ ထိုနေ့သည် ဖာတီမာမြို့၌အမိမယ်တော်ပေါ်လာသောနေ့ဖြစ် သည်။

စစ္စတာရ်လူချီးယာအား ရဟန္တာတင်မြောက်နိုင်ရေးလုပ်ငန်းစဉ်ကို စတင်နိုင်ရန်အတွက် ရဟန်းမင်းကြီးဘေနေဒစ် (၁၆) သည် စစ္စတာရ်ကွယ်လွန်ပြီးနောက် ကာနွန်ဥပဒေအတိုင်းပင် (၅) နှစ်စောင့်ခဲ့သည်။ ပေါ်တူဂီနိုင်ငံအနေဖြင့် စစ္စတာရ်လူချီးယာအား သူတော်မြတ်အဖြစ်တင်မြောက်ရာ၌ ရဟန်းမင်း ကြီးဖရန်စစ်အနေဖြင့် ထူးခြားမှုလုပ်ရပ်တစ်ခုကိုပြုလုပ်လာလေမည်လောဟုမျှော်လင့်နေကြသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ယခုနှစ်ပေါ်တူဂီနိုင်ကျင်းပသည့် (၃၈) ကြိမ်မြောက်ကမ္ဘာ့လူငယ်များနေ့အခမ်းအနားသို့ကြွရင်း ဩဂုတ်လ (၅) ရက်နေ့၌ ဖာတီမာမယ်တော်ထံကြွရောက်ဖူးမြှော်မည်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3r535VV

Add new comment

8 + 5 =