စင်္ကာပူ ကက်သလစ် သီလရှင် တပါး ကမ္ဘာ့ တိုက်ကွမ်ဒို ပွန်းဆေး ဖလား (Taekwondo Poomsae championship) ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးရရှိ

စင်္ကာပူ ကက်သလစ် သီလရှင် တပါး ကမ္ဘာ့ တိုက်ကွမ်ဒို ပွန်းဆေး ဖလား (Taekwondo Poomsae championship) ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးရရှိ

စင်္ကာပူ ကက်သလစ် သီလရှင် တပါး ကမ္ဘာ့ တိုက်ကွမ်ဒို ပွန်းဆေး ဖလား (Taekwondo Poomsae championship) ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးရရှိ

ဧပြီလ ၂၁ မှ ၂၄ အထိ တောင်ကိုးရီးယားနိုင်ငံ Goyang မြို့တွင်ကျင်း ပခဲ့သည့် ကမ္ဘာ့အဆင့် တိုက်ကွမ်ဒို ပွန်းဆေး ချန်ပီယံ ဖလားပြိုင်ပွဲတွင် ပထမဦးဆုံးအကြိမ် အဖြစ် စင်္ကာပူနိုင်ငံမှ ခါးပတ်နက် အဆင့်ရှိ Sister Linda မှ ရွှေတံဆိပ်ကို ဆွတ်ခူးရရှိခဲ့သည်။

အသက် ၆၇ နှစ်အရွယ် ဖရန်စစ်ကင်း (FMDM) သီလရှင် Linda သည် အခြားယှဉ်ပြိုင်ဖက် ၆ ဦးကို အနိုင်ယူ ခဲ့ပြီး အသက် ၆၅ နှစ်အထက် အမျိူးသမီးတဦးချင်း ပြိုင်ပွဲ အမျိူးအစားတွင် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ပွန်ဆေး(Poomsae) ဆိုသည်မှာ စိတ်ကူးယဉ်ပြိုင်ဖက်ကို တိုက်ခိုက်ခြင်း ခုခံကာကွယ်ခြင်း တို့နှင့် တိုက်ခိုက်ရသည့် အတွဲ လိုက် ပုံစံပင်ဖြစ်သည်။

စင်္ကာပူ နိုင်ငံ တိုက်ကွမ်ဒို ဖယ်ဒရေးရှင်း ဥက္ကဋ္ဌ David Koh ကလည်း သူမအတွက် အလွန် ဂုဏ်ယူပါကြောင်း ပြောကြား ခဲ့သည်။

အားကစားသည် လူတိုင်းအတွက်ဖြစ်ကြောင်းကို စင်္ကာပူနိုင်ငံသားလူငယ်များ ခံစားသိရှိနိုင်ရန် သူမက တောက်ပနေသည့် စံပြကြယ်ပင်ဖြစ်ကြောင်း Kho မှ မှတ်ချက်ပြု ပြောကြားခဲ့သည်။

တိုက်ကွမ်ဒိုအားကစားသည် ယေဇူးသခင်ပြီးနောက် သူမ ဘဝတလျောက်လုံး စွဲလမ်းမက်မောရသည့် ဦးစားပေး ထိပ်တန်းအရာတခုပင်ဖြစ်ပြီး ၊ အသက်အရွယ်သည် သူမအတွက် အရေးပါသည့် ကိစ္စမဟုတ်ကြောင်း sister Linda မှ ဝေမျှပြောဆိုသည်။

ကမ္ဘာ့ထိပ်တန်းတနေရာ ရရှိရန်အတွက် သူမသည် တပါတ်လျှင် ၃ ကြိမ် ၉ လကြာ အပြင်းအထန် လေ့ကျင့်ခဲ့ရကြောင်း "ကျမရဲ့ဘဝ တိုက်ကွမ်ဒိုခရီးစဉ် တလျောက်မှာ အမြင့်ဆုံး တနေရာကို ရောက်ရှိနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ကြီးရဲ့ထိပ်မှာ ရှိနေသကဲ့သို့ ကျမခံစားနေရပါတယ်လို့ " sister က သူမရဲ့ အပျှော်ကို မျှဝေခဲ့ပါတယ်။

Sister ဟာ ဘုရားရှင်ကသူမကို ခေါ်နေတယ်လို့ ခံစားခဲ့ရတဲ့အတွက် သူတော်စင်ဘဝခံယူရန် လွန်ခဲ့သော ၄၃ နှစ်ကတည်းကပင် ဖရန်စစ်ကင်းသီလရှင်ဂိုဏ်း ( FMDM)ကို ဝင်ရောက်ခဲ့ကြောင်း၊ သူမကို ဆုံးရှူံးရမှာကို ကြောက်ရွံ့၍ မိခင်က ဟန့်တားသည့်ကြားမှပင် Thompson လမ်းရှိ Mt.Alvernia Hospital ကို ထူထောင်သည့် FMDM သီလရှင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်ဟုဆိုသည်။

နိုင်ငံ့ဝန်ထမ်း ဖခင်နှင့် စာရင်းစစ် မိခင်တို့မှ မွေးဖွားလာသည့် သူမသည် စစ်သမီး သိုမဟုတ် ရဲအရာရှိ တယောက် ဖြစ်လိုသော အိပ်မက် ရှိခဲ့ပါ
လျက် သူမရဲ့ ဆယ်ကျော်သက် ဘဝ မှာ ပါတီများတက်ရောက်ခြင်းနှင့် အားကစားအမျိူးမျိူးကို စူးစမ်းရှာဖွေခြင်းတွေ လုပ်ခဲ့ပေမယ့် ဝေဝါးပြီးလစ်ဟင်းနေသည့် ခံစားမှုကို ရရှိခဲ့ကြောင်း သီလရှင်အသင်းဂိုဏ်းကို ဝင်ရောက်ပြီးမှသာ စိတ်​၏ငြိမ်းချမ်းခြင်းကို ခံစားခဲ့ရကြောင်း sister မှ ဆိုသည်။

သီလရှင် ဘဝအသက်တာ ၄၃ နှစ်ကာလတလျောက်တွင်လည်း အားကစားသမား တယောက် တွင် ရှိသင့်သည် ခန္တာကိုယ်တည်ဆောက်ပုံရှိရန်နှင့် လူကောင်သေးသွယ်သည့် ၄ ပေ ၁၁ လက်မအရပ်နှင့် ပေါင် ၁၁၀ ထက်လျောနည်းမှု ကိုထိန်းထားနိုင်ရန် အားစိုက်ထုတ်ခဲ့ရကြောင်း

" ငြိမ်းချမ်းရေးသည် အောင်နိုင်မှုထက် ပို၍တန်ဖိုးကြီးသည်" ဆိုသည့် တိုက်ကွမ်ဒိုအားကစားဆောင်ပုဒ်သည် သူမ​၏ သီလရှင်ဘဝ နှင့်လည်း လိုက်လျောညီထွေရှိလှသဖြင့် တိုက်ကွမ်ဒိုကို ပြန်လည် လိုက်စားခဲ့ခြင်းပင်ဖြစ်ကြောင်း

သူမ​၏ ဘုရားရှင်ကို အစေခံရန် ဆပ်ကပ်ထားသည့် သီလရှင်ဘဝအသက်တာ အတိုင်းပင် သူမ​၏ တိုက်ကွမ်ဒို အားကစား အပေါ် မြတ်နိုးမှု သည်လည်း အစဉ် တည်မြဲနေမည်ဖြစ်ကြောင်း

ဆံဖြူနေပြီဖြစ်သည့် သူများ ယှဉ်ပြိုင်နေကြပုံ ကို ကြည့်ရင်း စင်္ကာပူ နိုင်ငံသားဖြစ်ရခြင်းအတွက်လည်း ကျမ ဂုဏ်ယူနေခဲ့မိပါတယ် လို့ sister က ​ဆိုသည်။

Sister သည် ၂၀၁၁ ခုနှစ်ကတည်းက ပင် အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲပေါင်း ၂၅ ပွဲ၌ ပါဝင်ယှဉ် ပြိုင်ခု့ပြီး ဆုတံဆိပ်ပေါင်း ၃၀ ကျော် ဆွတ်ခူးခဲ့ပြီးဖြစ်သည်။

၂၀၁၈ ကမ္ဘာ့အဆင့် တိုက်ကွမ်ဒို ပွန်ဆေး ပြိုင်ပွဲတွင်မူ ကြေးတံဆိပ် ဆွတ်ခူး နိုင်ခဲသည်။

ဆေးရုံ စီမံခန့်ခွဲ သူ အနေနှင့်လည်း sister သည် အင်္ဂလန်နိုင်ငံတွင် ၁၇ နှစ် ၊ ဇင်ဘာဘွေနိုင်ငံ တွင် ၃ နှစ် တာဝန်ထမ်းအစေခံခဲ့ပြီး ဖြစ်သည်။

STF သင်တန်းတက်ပြီးနောက် ကလေးငယ်များကို တိုက်ကွမ်ဒို သင်ပေးနေပြီး လက်ရှိမှာမူ စင်္ကာပူနိုင်ငံ FMDM သီလရှင်များ​၏ သာသနာပြု လုပ်ငန်းများ၌ပါဝင် လျက်ရှိသည်။

အသက် ၃၂ နှစ်အရွယ် ပညာပေးလုပ်ဆောင်သူ Ms.Pamela Lim ကတော့ " Sister Linda ဟာ ခွန်အားနှင့်ပြည့်စုံသည့် နည်းပြကောင်းတဦး ဖြစ်ရုံမက ကလေးသူငယ်များအတွက်လည်း စံပြ ပုဂ္ဂိုလ်တဦးပင် ဖြစ်ကြောင်း " မှတ်ချက် ပေးထားသည်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3wQOUUU

Add new comment

12 + 1 =