စင်္ကာပူရောက် မြန်မာကက်သလစ်မိသားစု၏ မြန်မာမစ္ဆားတရားတော်မြတ် ဤနေ့ပြန်လည်စတင်ကျင်းပ

စင်္ကာပူရောက် မြန်မာကက်သလစ်မိသားစု၏ မြန်မာမစ္ဆားတရားတော်မြတ် ဤနေ့ပြန်လည်စတင်ကျင်းပ

စင်္ကာပူရောက် မြန်မာကက်သလစ်မိသားစု၏ မြန်မာမစ္ဆားတရားတော်မြတ် ဤနေ့ပြန်လည်စတင်ကျင်းပ

ကိုဗစ် ၁၉ ကြောင့် ကမ္ဘာတဝှမ်းရှိဘုရားကျောင်းများတွင် ဝတ်ပြုကိုးကွယ်ခြင်းများ ပြုလုပ်ခြင်းကို ကန့်သတ်ထားခဲ့ရာ စင်္ကာပူနိုင်ငံသည်လည်း အတူတူပင်ဖြစ်ပါသည်။
စင်ကာပူ၏ Covid-19 ထိန်းချုပ်မှု့များမှ ဒုတိယအဆင့်ပြန်လည်ဖွင့်လှစ်ပေးပြီး ပထမဆုံးအကြိမ်အဖြစ် ပြန်လည်စတင်ကျင်းပခဲ့သော စင်္ကာပူရောက် မြန်မာကက်သလစ်မိသားစု MCCS ၏ မြန်မာမစ္ဆားတရားမြတ်ကို ယနေ့ (၅-၇-၂၀၂၀) အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊

ထို့သို့ မြန်မာမစ္ဆားကျင်းပခွင့်ကို ပေးခဲ့သည့် Immaculate Heart of Mary Church မှ ကျောင်းထိုင်ဘုန်းတော်ကြီးနှင့်တကွ သာသနာ့အကျိုးဆောင် အဖွဲ့အစည်းအသီး အသီးအားလည်းကောင်း၊ မြန်မာမစ္ဆားဟောကြားပေးခဲ့သော MCCS ၏ ဝိညာဉ်လမ်းညွှန် ဘုန်းတော်ကြီးနှင့် စစ္စတာရ်တို့အားလည်း ကောင်း၊ လိုအပ်သည်များကို စီမံပေးခဲ့ကြသူများအား လည်း ကောင်း၊ MCCS မြန်မာမိသားစု မှအထူးကျေးဇူးတင်ခဲ့ကြပါတယ်။

မစ္ဆားတရားတက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းမှ ကြိုတင်စာ ရင်းသွင်းကြရသည်ဖြစ်ရာ ဒုတိယအကြိမ် မြန်မာမစ္ဆားတရား တက်ရန် စာရင်းပေးသွင်းလက်ခံခြင်းကို https://forms.gle/BwDVeri3r7ZhYKx5A ဖော်ပြပါ ဝဘ်ဆိုဒ်မှ စာရင်းသွင်းနိုင်းကြောင်းနှင့် ဗုဒ္ဓဟူးနေ့ ည (၁၂ နာရီ)တွင် စာရင်းလက်ခံခြင်း ပိတ်သိမ်းမည်ဖြစ်ကြောင်း၊

မြန်မာမစ္ဆားတရား တတ်ရောက်နိုင်ခွင့်ကို စင်္ကာပူရောက် မြန်မာကက်သလစ်မိသားစုမှ email ဖြင့်လည်းကောင်း၊ ဖုန်း message ဖြင့်လည်းကောင်း ပြန်လည် အ ကြောင်း ပြန်ပေးသွားမည်ဆိုခြင်းကို MCCS FB Page မှ သတင်းရယူထားပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photos & News courtesy of : MCCS

 

Add new comment

12 + 2 =