စင်္ကာပူကာဒီနယ်မှ အာရှ ငြိမ်းချမ်းရေး ထိန်းသိမ်းရန်နှင့်ဆက်သွယ်ရေး ပိုကောင်းစေရန်တောင်းဆို

စင်္ကာပူကာဒီနယ်မှ အာရှ ငြိမ်းချမ်းရေး ထိန်းသိမ်းရန်နှင့်ဆက်သွယ်ရေး ပိုကောင်းစေရန်တောင်းဆို

စင်္ကာပူ ကာဒီနယ် William Goh သည် အာရှတိုက်တွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဆက်သွယ်ရေး တိုးတက်ရန် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။

အခြားဘာသာရေးခေါင်းဆောင်များ၊ အစိုးရနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းလိုမျိုး ကျယ်ပြန့်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့လိုအပ်ကြောင်း ကာဒီနယ် William Gohမှ ပြောကြားပြီး

အာရှဆရာတော်တွေရဲ့ ညီလာခံများ အဖွဲ့ချုပ်ရဲ့ အမြင်၊ အာရှစည်းလုံးညီညွှတ်ခြင်း၏ သုံးပန်လှ လိုအပ်ချက် ဆွေးနွေးပွဲမှာ အာရှအသင်းတော်ဟာဆိုရင် "ယဉ်ကျေးမှုနဲ့ဘာသာရေးဆိုင်ရာ ဆွေးနွေးမှုများကို မြှင့်တင်ဖို့ရန်နဲ့ကျွန်ုပ်တို့တွေ စတင်ပေါ်ပေါက်လာခဲ့ရတဲ့ အခြေ အနေတွေကိုအချင်းချင်း နားလည်သဘောပေါက်ရန် တာဝန်ရှိတယ်" လို့လည်းဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာရှိတဲ့ Radio Veritas Asia ဝင်းအတွင်းမှာ နိုဝင်ဘာလ( ၇ )ရက် ကနေ( ၉ )ရက်အထိ “ဆက်သွယ်ခြင်းနဲ့ ခရီးပြုနေသော အသင်းတော်” ခေါင်းစဉ်အောက်မှာ ကျင်းပတဲ့ ( ၂၇ )ကြိမ်မြောက် ဆရာတော်များတွေ့ဆုံဆွေးနွေးပွဲမှာ ကာဒီနယ်မှ ဟောပြောခဲ့ခြင်းဖြစ်ပါတယ်။

ကာဒီနယ်က အာရှတိုက်မှာရှိတဲ့ ခရစ်ယာန်များဟာ လူနည်းစုဘာသာတရားတစ်ခုဖြစ်တဲ့အတွက် အစိုးရကို တခြားကမ္ဘာကလူသားလို့မမြင်ဘဲ သာသနာပြု မိတ်ဖက်ဆွေဖက်အဖြစ် မြင်ဖို့လည်းတိုက်တွန်းခဲ့ပါသေးတယ်။

“ကျွန်တော်တို့က ပြောနေပေမယ့် ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေကို လူတိုင်းအပေါ်မှာ သွတ်သွင်းလို့ မရဘူး။ ဘာသာရေးခေါင်းဆောင်တွေဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ သူတို့နဲ့ ငြိမ်းချမ်းရေးရဖို့ တခြားသူတွေနဲ့ ဆွေးနွေးချင်တဲ့အခါမှာ ဘုရားသခင် ဖန်ဆင်းထားတဲ့ သူ့ရဲ့ ပုံသဏ္ဍာန်အတိုင်း သူတို့ကို အမြဲတမ်း ဆက်ဆံသင့်တယ် "လို့ ကာဒီနယ်က ပြောကြားခဲ့ပါတယ်။

"ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်နဲ့ သဏ္ဍာန်ကို ပုံဖော်ခြင်းခံထားရတဲ့ လူတစ်ဦးချင်းစီနဲ့ တွေ့ဆုံမှုအဖြစ် ဆုံတွေ့မှုတွေကို သုံးသပ်ပြီး ကျွန်ုပ်တို့က တစ်ဦးချင်းစီအပေါ် အာရုံစိုက်ပြီးတော့ ဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးပြုပြီး တစ်ဦးချင်းစီကို ပုဂ္ဂိုလ်ရေးအရ ချိတ်ဆက်ရမယ်" လို့ဆိုရင်း ၊ နည်းပညာကျွမ်းကျင်တဲ့ လူငယ်တွေနဲ့ နည်းပညာမကျွမ်းကျင်တဲ့သက်ကြီးရွယ်အိုတွေအတွက် မတူညီတဲ့ အပြန်အလှန်တုံ့ပြန်မှုပုံစံများကို အသုံးပြုသင့်ကြောင်း ကာဒီနယ်က ပြောကြားခဲ့ပါတယ်။

အာရှတိုက်မှာနေထိုင်တဲ့ လူသားတိုင်းမှာ တူညီတဲ့ ဆက်သွယ်ပြောဆိုခွင့်မရှိကြပေမယ့်လည်း နည်းပညာခေတ်မှာ ဧဝံဂေလိတရားဟောပြောရန် အဆင်သင့်ဖြစ်နေကြဖို့ရန်တိုက်တွန်းခဲ့ပြီး နည်းပညာရဲ့ မညီမျှမှုများကိုလည်း ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ကြောင်း ​ဆိုရင်း

“ ရဟန်းများနဲ့ အခြားဘာသာရေးခေါင်းဆောင်များလည်း မီဒီယာအသုံးပြုရာမှာ လေ့ကျင့်ထားရမှာဖြစ်သလို မဟုတ်ပါက သူတို့ဟာဧဝံဂေလိတရားကို နားလည်တဲ့အပေါ်မှာ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုရှိစေမယ့် မှားယွင်းတဲ့ အရာတွေကို ပြောဆိုလိမ့်မယ်” ဆိုပြီး ကာဒီနယ်က ထပ်လောင်းပြောကြားခဲ့တာပါ။

ဒီဒစ်ဂျစ်တယ်မီဒီယာအကြောင်း ပိုမိုသိရှိနားလည်စေခြင်းဖြင့် ယနေ့ခေတ်လူ့အဖွဲ့အစည်းမှာ တစ်သီးပုဂ္ဂလဝါဒရဲ့ ယဉ်ကျေးမှုအတွင်း အဲ့ဒီအရာကို မှန်ကန်စွာအသုံးပြုနည်းအတွက် မှန်ကန်တဲ့အချက်အလက်‌ေတွကို ပေးဆောင်ဖို့" ကာဒီနယ်က ပြောကြားခဲ့ပါတယ်။

"ပညာရေးနဲ့ အခြေခံအဆောက်အအုံ ထူထောင်ရေး ဆွေးနွေးဖို့က မရှိမဖြစ် လိုအပ်ပါတယ်၊ အကယ်၍ ကျွန်တော်တို့ မလုပ်နိုင်ရင် အရာအားလုံးဟာ ဆက်သွယ်ရေးနဲ့ ဆက်စပ်နေတာကြောင့် ကျွန်တော်တို့ အခွင့်အရေး ဆုံးရှုံးသွားမှာပါ။ မျက်မှောက် ခေတ် နည်းပညာမှာ ရဟန်းတော်တွေနဲ့ ရဟန်းဖြစ်မယ့်သူတွေ ကောင်းမွန်စွာ တတ်ကျွမ်းသိနားလည်အောင်လုပ်ပြီး သင်ကြားပေးဖို့က အရေးကြီးတယ်" လို့ဆိုရင်း ကာဒီနယ်က နိဂုံးချုပ်ခဲ့ပါတယ်။

အာဗီအေဘာသာပြန်-သျှားလွန်းမယ်
https://bit.ly/3hkAK8W

Add new comment

4 + 0 =