စင်စင်နတီကက်သီဒြယ်ဘုရား​ကျောင်းအား ဘာစီလီကာ​ကျောင်းငယ် အဖြစ် တိုးမြှင့်သတ်မှတ်

စင်စင်နတီကက်သီဒြယ်ဘုရား​ကျောင်းအား ဘာစီလီကာ​ကျောင်းငယ် အဖြစ် တိုးမြှင့်သတ်မှတ်

စင်စင်နတီကက်သီဒြယ်ဘုရား​ကျောင်းအား ဘာစီလီကာ​ကျောင်းငယ် အဖြစ် တိုးမြှင့်သတ်မှတ်

အ​မေရိကန်ပြည်​ထောင်စုရှိ စင်စင်နတီဂိုဏ်းချုပ်သာသနာမှSt.Peter in Chainsကက်သီဒြယ်ဘုရား​ကျောင်းကို ဘာစီလီကာငယ်အဖြစ် ပုပ်ရဟန်းမင်းကြီးက တိုးမြှင့်​ပေးခဲ့သည်။
ထိုဘုရား​ကျောင်း၏သက်တမ်းမှာ ၁၇၅နှစ်ရှိပြီဖြစ်ပြီး အ​မေရိကန်ရှိ အသုံးပြ၍ရ​သော ဘုရား​ကျောင်းများတွင် သက်တမ်းအကြာဆုံးဖြစ်သည်။စင်စင်နတီသာသနာပိုင် ဆရာ​တော် Dennis Schnumက ဤတိုးမြှင့်ခြင်းသည် ဘာသာဝင်များနှင့်ဤမြို့အတွက် ​ကျေးဇူး​တော် ဖြစ်​ကြောင်း ​ကြေညာချက်ထုတ်ပြန်ပြီး ​ပြောကြားခဲ့သည်။

အ​မေရိကန်တွင် ဘာစီလီကာငယ် ၈၉​ကျောင်းရှိပြီး ​ရောမမြို့တွင်မူ ပင်မဘာစီလီကာကြီး ​လေး​ကျောင်းရှိသည်။ဤဘုရား​ကျောင်းသည် မြို့ထဲရှိ အမြင့်ဆုံးအ​ဆောက်အအုံအဖြစ် နှစ်​ပေါင်းများစွာ ရပ်တည်လာခဲ့သည်။ထိုဘုရား​ကျောင်းသည် စိန်ပီတာ၏ဘ၀သက်​တော်စဥ်ကို ပုံ​ဖော်ထားခြင်းဖြစ်ပြီး ၁၈၄၅ခု နို၀င်ဘာ ၂ရက်တွင် တည်​ဆောက်ခဲ့သည်။

အတွင်းအပြင်ဗိသုကာလက်ရာများမှာ ဂရိလက်ရာ၊ဒီကိုယဥ်​ကျေးမှု၊အ​ရှေ့တိုင်း ခရစ်ယာန်ဗိသုကာနှင့် ​ရှေး​ခေတ်​ရောမဗိသုကာလက်ရာများပါဝင်သည်။လူသိများ​သော ဘုရားဖူးစင်တာလည်းဖြစ်ကာ နှစ်​စဥ် မစ္ဆားတရားအခါတစ်​ထောင်ထက်မနည်း ပူ​ဇော်ရာ​နေရာဖြစ်သည်။

အိုဟိုင်းအိုးပြည်နယ်အကြီးအကဲနှငိ့ စင်စင်နတီမြို့​တော်ဝန်များလည်း ​​ကြေညာချက်ဖတ်ကြားသည့် မစ္ဆားတရားသို့ တက်​ရောက်လာကြသည်။လာမည့် နိုဝင်ဘာတွင် နှစ်​ပေါင်း၁၇၅ပြည့် ​ကျေးဇူးတင်မစ္ဆားတရားကို တင်ပူ​ဇော်သွားမည်ဖြစ်သည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of Nheyob / CC BU-SA 3.0 

https://bit.ly/3kYxVYE

Add new comment

8 + 6 =