စင်င်္ကာပူ ကာဒီနယ် က Syro-Malabar လူမှု့အသိုင်းဝိုင်း​၏ ခင်မင်ရင်းနှီးစွာပေါင်းစည်းထားသည့် ဆက်ဆံရေးရှိမှု့ အတွက် ချီးမွမ်းပြောဆို

စင်င်္ကာပူ ကာဒီနယ် က Syro-Malabar လူမှု့အသိုင်းဝိုင်း​၏ ခင်မင်ရင်းနှီးစွာပေါင်းစည်းထားသည့် ဆက်ဆံရေးရှိမှု့ အတွက် ချီးမွမ်းပြောဆို

Syro-Malabar လူမှု့အသိုင်းဝိုင်း အနေနှင့်သူတို့​၏ ရိုးရာယဉ်ကျေးမှု့များကို အနာဂါတ်မျိူးဆက်တို့အား လက်ဆင့်ကမ်းပေးသည့် အလေ့အကျင်ကို ချီးမွမ်းပါကြောင်း စင်င်္ကာပူ သာသနာ ဆရာတော်ကြီး ကာဒီနယ် William Goh က ဇူလိုင်လ ၁၆ ရက်နေ့က တပည့်တော်ကြီး St.Thomas ​ဘွဲ့ခံ Syro-Malabar ဂျူဗလီ ကျင်းပရာ ယေဇူးရှင်အဆင်းသဏ္ဌာန်ပြောင်းလဲခြင်းဘုရားကျောင်း၌ ပြောကြားခဲ့သည်။

Syro-Malabar ကက်သလစ်အသင်းတော်လူမှု့အသိုင်းအဝိုင်းနှင့်အတူ မစ္ဆားတရားပူဇော်ရာတွင် ဂိုဏ်းချုပ်ဆရာတော်ကြီး Goh က ထိုသူတို့​၏ ယုံကြည်မှု့ကို တပည့်တော်ကြီး St.Thomas ​၏ ယုံကြည်မှု့နှင့် နှိုင်းယှဉ် ပြောကြားခဲ့သည်။ တပည့်တော်ကြီး သောမတ်စ်သည် သခင်ယေဇူး​၏ ရှင်ပြန်ထမြောက်ခြင်းကို အစဦး၌ သံသယရှိခဲ့သော်လည်း နောင်တွင် ခရစ်တော်​၏ ဒါဏ်ရာများကို တွေ့မြင်ပြီးနောက် ခရစ်တော်​၏ သက်သေခံဖြစ်လာသည့် အကြောင်းနှင့် နှိုင်းယှဉ် ပြောကြားခဲ့သည်။

" St.Thomas ကဲ့သို့ ယုံကြည်ခြင်း၌ တိုးပွားရှင်သန်နိုင်ရန် အတွက် သင်တို့သည်လည်း ခရစ်တော်ကို မမြင်တွေ့ရသည့်တိုင် လူ့အသိုင်းဝိုင်းနှင့်အမြဲ ဆက်သွယ် နေခြင်းဖြင့် ယုံကြည်ခြင်း ရှင်သန် နိုင်ပါတယ်" ဟု ဆရာတော်ကြီးက သွန်သင်ခဲ့သည်။

နီးစပ်စွာ ခိုင်မြဲသည့် လူ့အသိုင်းဝိုင်းရှိနေရန်လည်း တိုက်တွန်းခဲ့သည်။ ထို့ပြင် အမိအသင်းတော်ကြီးနှင့်လည်း တညီတညွတ်တည်း ရှိလျက် ဆက်သွယ်ဆောင်ရွက်ကြရန်ဖြစ်ပြီး သို့မှသာ စင်င်္ကာပူ ကက်သလစ် အသင်းတော် အနေနှင့် ကွဲပြားသောရိုးရာယဉ်ကျေးမှု့ အမျိူးစုံသော ဝတ်ပြုခြင်းများ ကို ပေါင်းစည်းလျက် ဘုရားရှင်​၏ သားသမီးများအဖြစ် တခုတည်းသောယုံကြည်ရာ, တခုတည်းသော စိတ်နှလုံးသားတို့ဖြင့် ကမ္ဘာကြီးအား သက်သေခံနိုင်ကြမည် "ဟု ဆက်လက်ပြောကြားခဲ့သည်။

ဂိုဏ်ချုပ်ဆရာတော်ကြီး Goh နှင့်အတူတကွ Syro-Malaba Cyria ဆရာတော် Mar Sebastian Vaniyapurackal ၊ ပြောင်းရွှေ့နေထိုင်သူများကို စောင့်ရှောက်ရန်နှင့် သာသနာ
ပြန့်ပွားရေးကော်မရှင် အတွင်းရေးမှူး Fr.Sebastian Muttamthottil နှင့် သာသနာအုပ်စုလက်ထောက်ဘုန်းတော်ကြီး Fr. Anthony Kuttianickal တို့ က Syro-Malabar မစ္ဆားတရားတော်မြတ်ကို ပူဇော်ခဲ့ကြသည်။

Syro-Malabar ကက်သလစ်များသည် တပည့်တော်ကြီး St.Thomas ​၏ ဘိုးစဉ်ဘောင်ဆက် မှ ဆင်းသက် လာသူများဖြစ်ကြပြီး သူတို့ ကိုယ် သူတို့ Thomas ခရစ်ယာန်များဟု ခေါ်ဆိုကြသည်။သူတို့သည် ရောမရှိ အမိအသင်းတော်ကြီးနှင့် ပြည့်ဝစွာ ဆက်သွယ် လုပ်ဆောင်သည့် အရှေ့တိုင်း ကက်သလစ် အသင်တော်များ ၂၃ ခုအနက် ဒုတိယအကြီးဆုံး ဖြစ်သည်ဟုဆိုသည်။

https://bit.ly/3bczAcW
အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

Add new comment

8 + 8 =