စင်ကာပူ ကက်သလစ်သာသနာ သည် မိမိ၏ပထမဦးဆုံးကာဒီနယ်ရရှိပြီ

စင်ကာပူ ကက်သလစ်သာသနာ သည် မိမိ၏ပထမဦးဆုံးကာဒီနယ်ရရှိပြီ

ယခင်ဘဏ်၀န်ထမ်း တစ်ဉီးဖြစ်ခဲ့ပြီး ကက်သလစ်ဘုန်းတော်ကြီးဖြစ်လာကာ ယခုနိုင်ငံ၏ပထမဦးဆုံးကာဒီနယ်ဖြစ်လာ သူ ဆရာတော်ကြီး William Goh Seng Chye သည် စင်ကာပူနိုင်ငံ၏တစ်ခုတည်းသော ဂိုဏ်းချုပ်ကိုဦးဆောင်ခွင့်ရသည့် ဒုတိယစင်ကာပူနိုင်ငံဖွားအမှုတော်ဆောင် သူဖြစ်လာသည်။

စင်ကာပူသည် မလေးရှားကျွန်းဆွယ်၏ထိပ်ဖျား၌တည်ရှိနေသော ကျွန်းနိုင်ငံငယ်တစ်ခုသာဖြစ်သည်။ ကက်သလစ်သာသနာတော်၏အလင်းကို (၁၆) ရာစုက ပေါ်တူဂီကုန်သည်တို့သယ်ဆောင်လာရာမှသတင်းကောင်းကိုစတင်လက်ခံခဲ့သည်ဟုဆိုသည်။

စင်ကာပူသို့ ကက်သလစ်ရဟန်းတော်ကြွရောက်ခဲ့သည့်နှစ်မှာ (၁၈၂၁) ၌ဖြစ်ပြီး၊ (၁၈၃၉) ၌ ဖာသာရ်Jean-Marie Beurel ရောက်ရှိလာခဲ့သည်။ သူသည် Breton သာသနာပြုဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ တစ်နည်းအားဖြင့် သူသည်စင်ကာပူနိုင်ငံ၌ ကက်သလစ်သာသနာတော်ပျံ့ပွားအောင်စတင်ပေးခဲ့သောဘုန်းတော်ကြီးဟုပင်သတ်မှတ်နိုင်သူ ဖြစ်သည်။

နှစ်ပေါင်း (၂၀၀) ကျော်လွန်သွားသောအခါ အရှေ့တောင်အာရှ၌ အသေးငယ်ဆုံးသောနိုင်ငံသည် ၄င်း၏ပထမ ဦးဆုံးသောကာဒီနယ်ကိုရရှိခဲ့သည်။ အဆိုပါကာဒီနယ်သည်လည်း လက်ရှိ စင်ကာပူကက်သလစ်သာသနာပိုင်ချုပ်ဖြစ်သော ဆရာတော်ကြီး William Goh Seng Chye ဖြစ်နေသည်။

ကာဒီနယ်အားကက်သလစ်သာသနာ၏တရားတော်ကိုအလွန်သက်၀င်ယုံကြည်သော မိဘနှစ်ပါးမှ (၁၉၅၇) တွင် စင်ကာပူနိုင်ငံ၌မွေးဖွားခဲ့သည်။ သူ၏ခေါ်တော်မူခြင်းသည် မိခင်ဖြစ်သူကြောင့်လျှောက်လှမ်းနိုင်ခဲ့ကြောင်း၊ မိခင်ဖြစ်သူ သည် (၄) နှစ်သားသာရှိသေးသော သားဖြစ်သူ၏ခေါ်တော်မူခြင်းအတွက် စိတ်ပုတီးအဘယ်မျှစိတ်အားထက်သန်စွာစိပ် ခဲ့ကြောင်း၊ အသက် (၁၂) နှစ်ပြည့်သောအခါ ကာဒီနယ်သည် သူ့ဖာသာသူ နေ့စဉ်စိတ်ပုတီးစိပ်တတ်နေပြီဖြစ်ကြောင်း၊ အမိမယ်တော်အားသဒ္ဓါကြည်ညိုမှုကိုဆက်လက်ရှိခဲ့ကြောင်း၊ သမ္မာကျမ်းဖတ်ကြားထောက်ရှုခဲ့ကြောင်းသူ၏ခေါ် တော် မူခြင်းနှင့်စပ်လျင်း၍ပြောကြားခဲ့သည်။

ဘဏ်၀န်ထမ်းဘ၀မှကက်သလစ်ရဟန်းဖြစ်လာခဲ့သူကာဒီနယ်၏မိဘသည် သူ့အား ကက်သလစ်ကျောင်းတွင်ထားပေးခဲ့သည်။ ကက်သလစ်လူငယ်များလှုပ်ရှားမှု၌ လည်းပါ၀င်စေခဲ့သည်။ တရားထောက်အဖြစ်လည်းဆက်ကပ်ခဲ့သည်။ ၀တ်ပြုခြင်းကိုလည်းအလွန်စိတ်ပါ၀င်စားခဲ့သည်။ အထက်တန်းကျောင်းကို (၁၉၇၆) တွင်ပြီးဆုံးသွားခဲ့ချိန်တွင် သူသည်ရဟန်းဘ၀ကိုလျှောက်လှမ်းရန်အတွက် ပြတ်သားသေချာ လွန်းခဲ့သည်။ သို့သော် ခြေစုံပစ်၀င်ရောက်ရန်အတွက်တွန့်ဆုတ်နေခဲ့သည်။ သို့ဖြစ် စစ်မှုမထမ်းမနေရဥပဒေကြောင့် စစ်မှုထမ်းပြီးနောက် သူသည်ဘဏ်တစ်ခု၌၀န်ထမ်းအဖြစ်နှစ်နှစ်တာအလုပ်လုပ်ခဲ့ကာ ထိုအလုပ်၌လည်း သူပျော်ခဲ့ကြောင်း၊ ထို့အ တူ သူ၏ယုံကြည်ခြင်းသည်လည်း ရှင်သန်ကြီးထွားလျှက်ရှိနေခဲ့သည်ဟုဆိုသည်။ သို့သော် ဤဘဏ်၀န်ထမ်းအဖြစ်သက်ဆုံးတိုင် လုပ်သွားရန်ထက် ရဟန်းဘ၀ကိုလျှောက်လှမ်းရန်ပို၍ စိတ်အားထက်သန်နေခဲ့သည်။ သို့သော်ဖခင်ဖြစ်သူမှာအားမပေးခဲ့ကြောင်း၊ သို့ဖြင့် သူ့အနေဖြင့် မလေးရှားနိုင်ငံ၊ ပင်နိုင်ကျွန်းရှိ အခြေခံရဟန်းဖြစ်သင်ကျောင်းသို့၀င်ရောက်သွားခဲ့သည်။

(၁၉၈၅) ခုနှစ်၌ ရောမ၌တစ်နှစ်တာသွားရောက်ပညာသင်ကြားပြီး Urban တက္ကသိုလ်မှ သီဩလိုဂျီပြီးဆုံးခဲ့သည်။ ဇာတိမြေသို့ပြန်လာခဲ့ပြီး မေလ (၁) ရက်နေ့တွင် ထာ၀ရရဟန်းသိက္ခာခံယူခဲ့သည်။ ရောမသို့ထပ်မံပြန်သွားပြီး Gregorian တက္ကသိုလ်မှ ယုံကြည်ရာအချက်ဆိုင်ရာဘာသာရပ်ကိုအထူးပြုလေ့လာသင်ကြားခဲ့သည်။ စင်ကာပူသို့ပြန် ရောက်လာသည်နှင့် ရဟန်းဖြစ်တက္ကသိုလ်၌ သင်တန်းမှူး၊ ကျောင်းအုပ်၊ ဘဏ္ဍာ ထိန်း၊ ညွှန်ကြားသူစသည့်ဖြင့် (၂၀၁၃) ခုနှစ်တိုင် အမှုတော်ထမ်းခဲ့သည်။

(၁၉၉၅) ခုနှစ်၌မူ အာရှဆရာတော်ကြီးများအဖွဲ့၏သီဩလိုဂျီကော်မရှင်အဖွဲ့၀င်ဖြစ် လာခဲ့ပြန်သည်။ ဤနှစ်များအတွင်း၌လည်း သူသည် သာသနာလုံးဆိုင်ရာ၀ိညာဉ်ရေးဗဟို၏၀ိညာဉ်ရေးလမ်းညွှန်သူ၊ လူငယ်နှင့်သန့်ရှင်းသော၀ိညာဉ်တော်အသင်းအဖွဲ့၏၀ိညာဉ်ရေးလမ်းညွှန်နှင့်ကျောင်းထိုင်အဖြစ်လည်းအမှုတော်ထမ်းနေခဲ့သည်။ စင်ကာပူလူငယ်များသည် လှုပ်ရှားနိုင်သည်။ ဖန်တီးနိုင်သည်။ အလွန်တက်ကြွသည်။ သာသနာအနေဖြင့်ရှင် သန်ကြီးထွားလိုလျှင် လူငယ်တို့၏အသံ၊ ဆန္ဒ၊ စိတ်ကူးစိတ်သန်းများကိုလည်းနားလည်ရန်ကြိုးစားရမည်ဟုပြောကြားခဲ့ သည်။

သက်၀င်ယုံကြည်မှုမတူသောဘာသာများကြား တွေ့ဆုံဆွေးနွေးခြင်းကိုအလွန်စိတ်အားထက်သန်သူ

ကာဒီနယ်အား လွန်ခဲ့သော (၂၀၁၂) ခုနှစ်က အနားယူသွားသောရဟန်းမင်းကြီးဘေနေဒဏ် (၁၆) က လက် ထောက်ဆရာတော်အဖြစ်စင်ကာပူဂိုဏ်းချုပ်ဆရာတော် Nicholas Chia Yeck Joo သာသနာပိုင်ဖြစ်နေစဉ်က ရွေးချယ်ခဲ့ သည်။ ဂိုဏ်းချုပ်ဆရာတော်သည် ထိုနှစ်၌ပင် သက်တော် (၇၅) နှစ်ပြည့်သွား၍ အနားယူသွားခဲ့သည်။ ကာဒီနယ်သည် စင်ကာပူဂိုဏ်းချုပ်သာသနာကိုဦးဆောင်ရသော စင်ကာပူနိုင်ငံဖွား ဒုတိယဒေသခံဆရာတော်ဖြစ်လာခဲ့သည်။ စင်ကာပူ နိုင်ငံသည် ၀ါရှင်တန်ဒီစီထက် (၃.၅) ဆသာကျယ်၀န်းသည်။ နိုင်ငံ၏လူဦးရေမှာလည်း (၆) သန်းသာရှိသည်။

ကာဒီနယ်သည် သက်၀င်ယုံကြည်မှုမတူသောဘာသာများကြား တွေ့ဆုံဆွေးနွေးခြင်းကိုထဲထဲ၀င်၀င်လုပ်ဆောင် နေသည်။ အထူးသဖြင့်ဗုဒ္ဓ၊ မွတ်စလင်၊ Taoist၊ ဟိန္ဒူ၊ ပရိုတက်စတန်နှင့်ကက်သလစ်အဖွဲ့အစည်းများကြား သဟဇာတရှိ စေရန်ကြိုးလျှက်ရှိသည်။ ဗုဒ္ဓဘာသာ၀င်သည် နိုင်ငံလူဦးရေ၏ (၃၁) ရာခိုင်နှုန်းဖြင့်အများဆုံးဖြစ်ပြီး၊ ခရစ်ယာန်များမှာမူ (၁၉) ရာခိုင်နှုန်းနှင့်မွတ်စလင် (၁၆) ရာခိုင်နှုန်းရှိကြသည်။

(၂၀၁၄) ခုနှစ်မှစ၍ ဂိုဏ်းချုပ်ဆရာတော် Goh သည် အထက် ကဆိုခဲ့သောအဖွဲ့အစည်းများ၏တရား၀င်ကိုယ်စာလှယ်စာရင်း၀င်ဖြစ်လာခဲ့သည်။ ဆရာတော်သိက္ခာထပ်သော (၂၀၁၃) ပြီးနောက်တစ်နေ့၌ပင် ဂိုဏ်းချုပ်ဆရာတော်သည် အဆိုပါဘာသာရေးခေါင်းဆောင်များနှင့်အတူ အစည်းအ‌ဝေးကျင်း ပရာတွင် ကမ္ဘာကြီးအားလောကီဆန်အောင်ဖန်တီးလုပ်ဆောင်ခြင်းကို ပွင့်လင်းပြတ်သားစွာထုတ်ဖော်ပြောကြားခဲ့သည်။ ဤသို့ဖန်တီးလုပ်ဆောင်ခြင်းဖြင့် လူမှုအသိုင်းအ၀ိုင်းအတွင်း အကွဲအပြဲများအဖြစ်နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ် လာမည်ကိုလည်း သတိပေးပြောကြားခဲ့သည်။

လိင်ပိုင်းဆိုင်ရာအသုံးချမှုပြန့်နှံ့နေမှု

လိင်မှုကိစ္စကျူးလွန်မှုနှင့်ပတ်သက်၍ အာရှတိုက်မှဆရာတော်များသည် ထုတ်ဖော်ပြောဆိုမှုအလွန်နည်းသည်။ ထိုအလွန်နည်းသော ဆရာတော်ကြီးများအနက် စင်ကာပူဂိုဏ်းချုပ်ဆရာတော်သည်တစ်ပါးအပါအ၀င်ဖြစ်သည်။ ပြီးခဲ့ သောမေလက ကာဒီနယ်သည်သာသနာအတွင်းမှဘာသာရေးအမှုထမ်းတစ်ဦးမှလူငယ်နှစ်ဦးအား ဗလာကာယပြုလုပ်ခဲ့ မှုအတွက် လူသိရှင်ကြားတောင်းပန်စကားပြောကြားခဲ့သည်။ ထို့အတူ သတိထားကြရန်ကိုလည်းပန်ကြားခဲ့သည်။ သူ သာသနာပိုင်ဖြစ်လာသောအခါ (၂၀၁၁) ခုနှစ်ကစ၍ရှိနေခဲ့သော သာသနာအတွင်းမည်သည့်ပြစ်မှုကိုမဆိုကြားနာသော ခုန်ရုံးအား (၂၀၁၈) ခုနှစ်မှစ၍ ဘာသာရေးအမှုထမ်းများမပါ၀င်ဘဲ သာမန်ဘာသာတူများမှလုံး၀ဦးဆောင်ကွပ်ကဲစေခဲ့ သည်။

ကာဒီနယ်သည် နိုင်ငံသားများအနှင့်အတူရပ်တည်၍ ကက်သလစ်သာသနာတော်ကြီး၏ အသံကိုကြားအောင်နှိုးဆော်နိုင်ခဲ့သည်မှာ ‘သေဒဏ်စီရင်ချက်’ ကိုမားမားမတ်မတ်ရပ်တည်ကာကွယ်နေသူများအနက်တစ်ပါးဖြစ်သည်။ စင်ကာပူနိုင်ငံ၌ သေဒဏ်စီရင်ချက်သည် ဆက်လက်ကျင့်သုံးလျှက်ရှိပြီး၊ မှုးယစ်ဆေး၀ါမှုနှင့်ပတ်သက်လာလျှင် ချွင်းချက် မရှိ။ ပြစ်မှုထင်ရှားလျှင် သေဒဏ်ချမှတ်လေ့ရှိသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3b7Mr0d

Add new comment

3 + 11 =