စင်ကာပူသည် သက်၀င်ယုံကြည်မှုမတူသော ဘာသာများအတူတကွယှဉ်တွဲနေထိုင်နိုင်သည့် အရှေ့တောင်အာရှမှနိုင်ငံငယ်တခုဖြစ်ဟုဆို

စင်ကာပူသည် သက်၀င်ယုံကြည်မှုမတူသော ဘာသာများအတူတကွယှဉ်တွဲနေထိုင်နိုင်သည့် အရှေ့တောင်အာရှမှနိုင်ငံငယ်တခုဖြစ်ဟုဆို

တရုတ်ဗုဒ္ဓဘာသာဘုန်းကြီးကြောင်း၊ ခရစ်ယာန်ဘုရားကျောင်းနှင့် Sathya Sai Baba တို့သည် စင်ကာပူနိုင်ငံ၊ Moulmein လမ်း၌ အတူတကွစုပေါင်းဆုတောင်းခဲ့ကြသည်။ (၂၀၁၄) ခုနှစ်၏စစ်တမ်းအရ စင်ကာပူနိုင်ငံသည် ကမ္ဘာ ပေါ်၌ သက်၀င်ယုံကြည်မှုအသွင်ကူးကွဲပြားမှုအများဆုံးနိုင်ငံတစ်ခုအဖြစ်မှတ်တမ်း၀င်သည်။ အရှေ့တောင်အာရှ နိုင်ငံ ငယ်လေးသည် သက်၀င်ယုံကြည်မှုမတူသောဘာသာအချင်းချင်း အတူယှဉ်တွဲနေထိုင်နိုင်သောနိုင်ငံအဖြစ် ဆယ်စုနှစ် ပေါင်းများစွာရပ်တည်နိုင်ခဲ့သည်။

စင်ကာပူနိုင်ငံ၌ သက်၀င်ယုံကြည်မှုမတူသောဘာသာအချင်းချင်း ယှဉ်တွဲနေထိုင် သည့်အဖွဲ့အစည်းကို (၁၉၄၉) ခုနှစ်၌တည်ထောင်ခဲ့သည်။ ထို့အတူ (၁၉၉၀) ခုနှစ်တွင် တဖန်ပြန်လည်ဖြည့်စွက်ပြင် ဆင်ခဲ့သည်။ လူဦးရေ (၅.၄၅) သန်းရှိသောနိုင်ငံငယ်လေးသည် Baha’i ၊ ဗုဒ္ဓ ၊ ခရစ်ယာန် ၊ ဟိန္ဒူ ၊ Jain ၊ ဂျူး၊ မွတ်စလင်၊ Taoist ၊ Sikh ၊ Zoroastrian ဘာသာများရှိသောနိုင်ငံဖြစ်သည်။

စင်ကာပူအစိုးရ၏ စစ်တမ်းအရ (၂၀၂၀) ခုနှစ် အထိ နေထိုင်လာသည့်သက်တမ်း (၁၅) နှစ်ကြာသောသူများ (၃၁.၁) ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာ၀င် ၊ (၈.၈) ရာခိုင်နှုန်းသည် Taoists ၊ (၁၈.၉) ရာခိုင်နှုန်းမှာ ခရစ်ယာန် ၊ (၁၅.၆) ရာခိုင်နှုန်းမှာ မွတ်စလင် ၊ (၅) ရာခိုင်နှုန်းမှာ ဟိန္ဒူဘာသာ၀င်များဖြစ်ကြသည်။ အခြားသော ဘာသာ၀င်မှာ (၀.၆) ရာခိုင်နှုန်း ၊ မည်သည့်ဘာသာ၀င်ဟုဖော်ပြမထားသောသူ (၂၀) ရာခိုင်နှုန်းရှိသည်။ ကက်သလစ်ဘာသာ၀င်မှာ (၆.၆) ရာ ခိုင်နှုန်းရှိသည်ဟုဆိုသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3vZ0v1R

Add new comment

10 + 9 =