စင်ကာပူရောက်မြန်မာကက်သလစ်များ ကမ္ဘာဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများနေ့သို့ပါ၀င်တက်ရောက်

စင်ကာပူရောက်မြန်မာကက်သလစ်များ ကမ္ဘာဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများနေ့သို့ပါ၀င်တက်ရောက်

စင်ကာပူနိုင်ငံ၌ ကမ္ဘာဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများနေ့ကို ACMI မှ (၂၅) ကြိ‌မ်မြောက် ဦးဆောင်ကျင်းပလာခဲ့ပြီးမြန်မာကက်သလစ်များ ပါဝင်ခဲ့

သျှားလွန်းမယ်၊ RVA Myanmar, CJ
(၂၄၊ ၉ ၊ ၂၀၂၃)

စင်ကာပူကာဒီနယ်ကြီး၀ီလျံဉီးဆောင်သည့်ကမ္ဘာဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများနေ့အတွက်မစ္ဆားတွင်မြန်မာကက်သလစ်များလည်းပါ၀င်ခဲ့ကြသည်။

စင်ကာပူနိုင်ငံ၌စက်တင်ဘာ (၂၄) ရက်နေ့ တနင်္ဂနွေနေ့တွင် Archdiocesan Commission for the Pastoral Care of Migrants & Itinerant People (ACMI) အဖွဲ့အစည်းမှ ဦးဆောင်ပြီး စိန့်ဂျိုးဇက် ဘုရားကျောင်း၌ ( ၁၀၉ )ကြိမ်မြောက်ကမ္ဘာ့ဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများနေ့ အတွက် မစ္ဆား တရားကို ကာဒီနယ် William Goh Seng Chye နှင့်အတူ မြန်မာ၊အင်ဒိုနီရှား၊ ဗီယမ်နမ်၊အီတလီ၊ ဖိလစ်ပိုင် ၊ ဗီနီဇွဲလား၊ သီရိလက်ာ၊ တရုတ်၊ ကိုရီယား၊ ဂျပန်၊ ပြင်သစ် နှင့် အိန္ဒိယ လူမျိုးအသီးသီး ပါဝင်တက်ရောက်ခဲ့ကြသည်။

ကမ္ဘာဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများနေ့ကို (၁၉၁၄) ခုနှစ်မှစတင်ပြီး အသင်းတော်က ကျင်းပလာခဲ့ရာမှ ယခု (၁၀၉) ကြိမ်မြောက်ပြည့်ခဲ့ပြီဖြစ်သည်။စင်ကာပူနိုင်ငံမှာ ACMI အဖွဲ့အစည်းက ဦးဆောင်ကျင်းပလာရာ(၂၅) ကြိမ်မြောက်ရှိပြီးဖြစ်သည်။

အဆိုပါ မစ္ဆား တရားတော်မြတ်တွင် ကာဒီနယ် William Goh Seng Chye မှမစ္ဆားတရားတော်မြတ်ကို ဦးဆောင်ကာ တရားရေအေးတိုက်ကျွေးခဲ့ပြီး မြန်မာ ကက်သလစ်ဘာသာဝင်များ အယောက် ​၆၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြကာ MCCS ကက်သလစ်လူငယ်မောင်မယ်များမှ ကရင်ဒုံးယိမ်း အက၊ ရှမ်းအက တို့ ဖြင့် ပါဝင်ဖျော်ဖြေခဲ့သည်။

Add new comment

6 + 1 =