စင်ကာပူနိုင်ငံမှ တရုတ်ကက်သလစ်ဘာသာတူအချို့  စက်ဘီးဖြင့်ဘုရားဖူးခရီးပြုခဲ့

စင်ကာပူနိုင်ငံမှ တရုတ်ကက်သလစ်ဘာသာတူအချို့  စက်ဘီးဖြင့်ဘုရားဖူးခရီးပြုခဲ့

စင်ကာပူနိုင်ငံမှ တရုတ်ကက်သလစ်ဘာသာတူအချို့  စက်ဘီးဖြင့်ဘုရားဖူးခရီးပြုခဲ့

 

          စင်ကာပူနိုင်ငံမှ တရုတ်ကက်သလစ်ဘာသာတူအချို့ သည် စက်ဘီးဖြင့်ဘုရားကျောင်း (၁၄) ကျောင်းသို့သွားရောက်၍ ဘုရားဖူးခဲ့ကြသည်။ ဤအစီအစဉ်ကို (ဧပြီ ၂၂၊ ၂၀၂၂) သန့်ရှင်းသော၊ ကောင်းမြတ်သော ၊ သောကြာနေ့ကြီးကပြုလုပ်ခဲ့သည်။ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ချို့တဲ့ လိုအပ်နေသူများအားကူညီပေးရန် ရံပုံငွေရှာဖွေခဲ့ခြင်းဟုဆိုသည်။

          စင်ကာပူရှိ ခရစ္စတူးဘုရင်သာသနာအုပ်စု ဘုရားကျောင်းမှဘာသာတူများက ယေဇူးရွှေနှလုံး တော်ဘုရားကျောင်း သို့စက်ဘီးဖြင့်သွားခဲ့ကြသည်။ ချို့တဲ့သူများအားကူညီရန်ရံပုံငွေရှာဖွေခြင်းလည်း ဖြစ်သကဲ့သို့ ၄င်းတို့၏ခရစ္စတူးဘုရင်ဘု ရားကျောင်းကြီးတည်ဆောက်ပြီးစီးခဲ့ခြင်း နှစ် (၄၀) ပြည့်နှစ် ပတ်လည်လည်းဖြစ်သည်။ ၄င်းတို့သည် ယေဇူးသခင်၏ခရူးစူး ကားတိုင်အရေအတွက်ကဲ့သို့ ဘုရား ကျောင်း (၁၄) ကျောင်းသို့ ဘုရားဖူးသွားခဲ့ကြသည်။  ယခုကဲ့သို့ပြုလုပ်ခြင်းဖြင့် ၄င်းတို့ အားလုံး ဆုတောင်းခြင်း၌ပိုမိုစိတ်အားထက်သန်လာစေရန်နှင့်ချို့တဲ့နွမ်းပါးသူများကို ကူညီယှိုင်း ပင်းရမည့် အသိရှိစေရန် ဖြစ်ကြောင်း၊  ပါစကား၏ပျော်ရွှင်မှုကိုရင်တွင်း၌မွေးဖွားလာစေသကဲ့သို့ ချို့တဲ့နွမ်းပါး သူများအားလည်း မမေ့ဘဲ နှလုံးထဲ၌ပိုက် ထားကြရမည်ဖြစ်ကာ ထို့အတူဆုတောင်းခြင်း၏ အစွမ်းကိုလည်းမမေ့လျော့ရ။  ခရစ္စတူးဘုရင်ဘုရားကျောင်းသည် အမှတ် (၂၂၂၁)၊ Ang Mo Kio (၈) ၌တည်ရှိပြီး၊ သာသနာအုပ်စုကို (၁၉၈၂) ခုနှစ်၌စတင်ဖွင့်လှစ်ခဲ့သည်ဟုဆိုသည်။

စင်ကာပူဂိုဏ်းချုပ် သာသနာကြီးသည် သာသနာအုပ်စုပေါင်း (၃၂) ခုရှိသည်။ ကက်သလစ်ဘာသာ၀င် ဦးရေမှာ (၃၆၀၀၀၀) ရှိပြီး၊ နိုင်ငံ၏လူဦးရေမှာ  (၅.၇) သန်းရှိသည်။ 

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3OAw0II

Add new comment

13 + 0 =