စင်ကာပူကက်သလစ်သာသနာတော်ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်ဂျူဗလီ ပွဲကျင်းပ

စင်ကာပူကက်သလစ်သာသနာတော်ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်ဂျူဗလီ ပွဲကျင်းပ

စင်ကာပူကက်သလစ်သာသနာတော်ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်ဂျူဗလီ ပွဲကျင်းပ

 

စင်ကာပူကက်သလစ်သာသနာတော်ဟာ မိမိတို့နိုင်ငံသို့ ကက်သလစ်သာနာရောက်ရှိခြင်းနှစ် ၂၀၀ ပြည့် အခမ်းအနား ကို လွန်ခဲ့တဲ့ ရက်သတ္တပတ်ခန့်က ကျင်းပခဲ့ပါတယ်။

ယခုလိုကျင်းပရာမှာ အထူးမစ္ဆားတရားကျင်းပခဲ့ပြီးတော့ စင်ကာပူနိုင်ငံမှာရှိတဲ့ ကက်သလစ် စီရင်စု ဘုရားကျောင်း ၃၂ ကျောင်းမှ ညနေ ၆း၀၀ နာရီမှာ သံပြိုင် တူညီစွာ ခေါင်းလောင်းများထိုးကာ ဘုရားရှင်အား ချီးမွမ်းကျေးဇူးတင်ခဲ့ကြတာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံရဲ့ ရှေးအကျဆုံး ဘုရားကျောင်းဖြစ်တဲ့ ကောင်းသောသိုးထိန်း ကက်သီဒြယ် ဘုရားကျောင်း တော်ကြီးမှာ စင်ကာပူ ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop William Goh မှ ကြီးမှူးကျင်းပတဲ မစ္ဆားတရားတော်ြမတ် ကို လိုက်နာတက်ရောက် ကြပြီး ဘုရားကျောင်းအားလုံးက အချက်ပေးအချိန်ကို စောင့်နေခဲ့ကြတာပါ။

စင်ကာပူ မြို့တော်ဝန်  Lee Hsien Loong   ကလည်း ဇနီး Ho Ching နဲ့အတူ မစ္ဆားတရား တော်မှာ ပါဝင် ခဲ့ပြီး ကက်သလစ် သာသနာ တော်ရဲ့ စင်ကာပူနိုင်ငံအတွင်းတည်ရှိမှု နဲ့ ပါဝင်ဆက်ကပ်လုပ်ဆောင် ချက်များ အတွက် ဝမ်းမြောက် ဝမ်းသာဖြစ်ရကြောင်း ကို မစ္ဆားပါဝင်တက်ရောက်ခြင်းအားဖြင့် အသိအမှတ် ပြုပေးခဲ့ကြောင်း

ဒီဇင်ဘာ ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ အဆိုပါ ကျေးဇူးတင် မစ္ဆားတရားတော်ြမတ်မှာ ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်စားလှယ်တော် Apostolic Nuncio Archbishop Marek Zalewski လည်း တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

၁၈၂၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ပြင်သစ် သာသနာပြုဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ French Saint Laurent Imbert က စင်ကာပူကျွန်းမှာ ပထမဆုံးမစ္ဆားတရားဟောခဲ့သူဖြစ်တယ်လို့ ယုံကြည်ကြပြီး ၎င်း၏ ဆရာတော်ဖြစ်သူ Bishop Esprit Marie Joseph Florens ထံရေးသားခဲ့တဲ့ စာအားဖြင့်သိရကြောင်း၊ အဆိုပါ ဘုန်းတော်ကြီးသည် စင်ကာပူကျွန်းမှ တဆင့်  ကိုးရီးယားသို့ဆက်လက်သာသနာပြုခဲ့ရာမှ ၁၈၃၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့၊ သက်တော် ၄၃ နှစ်တွင် တရားတော်အတွက် အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ သူဟာဆိုရင် ၁၉၈၄ ခုနှစ် မှာ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် အတည်ပြုကြေငြာခဲ့တဲ့ ကိုးရီးယား မှ တရားတော်အတွက် အသေခံသည့် ဓမ္မအာဇာနည် ၃၀၁ ဉီးတွင်တစ်ဉီးအပါအဝင်ဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒီနေ့ချိန်ခါမှာ စင်ကာပူ ကက်သလစ် ဘာသာဝင်ဉီးရေ ၃၀၀,၀၀၀ ခန့်ရှိပြီး စင်ကာပူနိုင်ငံအတွက် တဖက်တလမ်းမှ ဖေးကူလက်တွဲ ဆက်ကပ်နေတာလည်းဖြစ်ပါတယ်။

ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop William Goh မှ ဤနှစ် ၂၀၀ ပြည့် အခမ်းအနားကို စင်ကာပူ ကက်သလစ်များမှ တစ်မူထူးခြားတဲ့နည်းတွေနဲ့ ပြင်ဆင်ကျင်းပနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်းနှင့် ဘုရားသခင်အားကျေးဇူးတင်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/31TmnkJ

Add new comment

7 + 9 =