စက်တင်ဘာ (၂၄) သည်ပုပ်ဖရန်စစ်အတွက်သမိုင်းတွင်သောနေ့တစ်နေ့ဟုဆို

စက်တင်ဘာ (၂၄) သည်ပုပ်ဖရန်စစ်အတွက်သမိုင်းတွင်သောနေ့တစ်နေ့ဟုဆို

စက်တင်ဘာလ (၂၄) ရက်နေ့သည် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အမေရိကန်ကွန်ကရက်စ်၌မိန့်ခွန်းမိန့်ကြားခဲ့သောသမိုင်းတွင်သည့်နှစ်ပတ်လည်နေ့ဖြစ်သည်။ ဤမိန့်ခွန်းအားဖြင့်ရဟန်းမင်းကြီးက ခန်းမဆောင် ထဲ၌ရှိနေကြသော နိုင်ငံရေးသမားတစ်ဦးစီအား အမေရိကန်ပြည်ထောင်စုကြီးကိုထိန်းသိမ်းစောင့်ရှောက်ရန်နှင့်ကြီးထွားဖွံ့ဖြိုးလာရန် ၄င်းတို့၏ တာ၀န်နှင့်၀တ္တရားအဘယ်မျှကြီးမားကြောင်းအခွင့်ကောင်းယူ၍တိုက် တွန်းခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ထိုမိန့်ခွန်း၌နိုင်ငံ့အရေးကိစ္စများဖြစ်သည့် သေဒဏ်ချမှတ်ခြင်းနှင့်ဒုက္ခသည်များဆိုင်ရာမူ၀ါဒများနှင့်စပ်လျင်း၍လည်း လက်မခံကြောင်းပွင့်လင်းစွာထောက်ပြမိန့်ကြားခဲ့သည်။

ကျွန်ုပ်တို့အနေဖြင့် ရွှေပညတ်ချက်ကိုအမှတ်ရကြပါစို့။ မိမိအားသူတစ်ပါးပြုစေလိုသည့်အတိုင်း သူတစ်ပါးအားလည်းထိုနည်းတူပြုပါ။ ကျွန်ုပ်တို့၏လက်ရှိကမ္ဘာကြီးသည် ရွေ့ပြောင်းဒုက္ခသည်များ၏အရေးကိုလေးပင်စွာခံထမ်းနေရသည်။ ဤသို့သော အစုလိုက် အပြုံလိုက်‌ရွေ့ပြောင်းထွက်ပြေးကြသည့်အဖြစ်မျိုးကို ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း၌မတွေ့ရတော့ပေ။

ရဟန်းမင်းကြီးဖရန်စစ်၏မိန့်ခွန်းအား ကွန်ဂရက်စ်တက်ရောက်နေသောထိပ်ပိုင်းကွန်ဂရက်စ်အမတ်များကလှိုက်လှဲစွာကြိုဆိုခြင်းကိုခံခဲ့ရသည်။ ရဟန်းမင်းကြီးသည် နိုင်ငံ့ကောင်းကျိုးအတွက်ရည်စူး၍ပြောသင့်ပြောအပ်သော ဘာသာရေး၊ အခြားမည်သည့်အရေးများကိုမဆိုရှောင်ကွင်းခြင်း၊ လစ်လျူရူခြင်းများကိုလုံး၀မပြုလုပ်ဘဲမိန့်ကြားထောက်ပြခဲ့သည်။

ကျွန်ုပ်တို့၏ကမ္ဘာကြီးသည် အကြမ်းဖက်မှု၊ ပဋိပက္ခ၊ အမုန်းတရား၊ လူမဆန်သောသတ်ဖြတ်မှု၊ ဘုရား၏အမည်နာမနှင့်ဘာသာရေးအမည်ခံ၍သတ်ဖြတ်ကျူးလွန်မှုများလည်းရှိနေသည်။ အမှန်မှာမည်သည့်ဘာသာတရားမျှ အစွန်းရောက်သည့်အတွေးအခေါ်၊ မှိုင်းတိုက်မှုများကိုအားမပေး။ မထောက်ခံပေ။

ရဟန်းမင်းကြီးအနေဖြင့် ကွန်ဂရက်စ်၌မိန့်ကြားခဲ့သောအကြောင်းအရာများအနက် ရွေ့ပြောင်းဒုက္ခ သည်များနှင့်ဘာသာရေးအမည်ခံအကြမ်းဖက်သည်ကိစ္စများသာမဟုတ်။ နောက်ဆုံးပေါ်ခေတ်မှီလူသတ်လက်နက်များအား အသုံးဲမှုများနှင့်ပတ်သက်၍လည်းမိန့်ကြားခဲ့သည်။

အမေရိကန်သည် (၂၀၂၃) တစ်နှစ်ထဲ၌ပင် အကြိမ် (၄၀၀) အထိ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ဤစံချိန်သည် ကမ္ဘာပေါ်၌အများဆုံးပစ်ခတ်မှုကြီးဖြစ်ခဲ့သည်။

ရဟန်းမင်းကြီးက ကျွန်ုပ်တို့အနေဖြင့် တစ်ဦး၊ တစ်ဖွဲ့၊ တစ်မျိုးစီအားလည်းကောင်း၊ လူ့အသိုင်းအ၀ိုင်းအားလည်းကောင်း ဒုက္ခပင်လယ်‌ဝေဝောင်ဖန်တီးမည့်အဖွဲ့အစည်းများအားအဘယ်ကြောင့် ထိုခေတ်မှီလူသတ်လက်နက်များကိုရောင်းချပေးနေသနည်းဟုပြန်လည်မေးမြန်းဆန်းစစ်သင့်ပါသည်။ စိတ်မကောင်းစွာဖြင့်ထိုမေးမြန်းဆန်းစစ်ချက်ကိုဖြေကြားရသော ငွေကြေးရလိုမှုကြောင့်သာဖြစ်သည်။ ထိုသို့ရောင်းချပေး လိုက်ခြင်းသည် ငွေအိုင်ထွန်းစေသည်။ ထိုသွေးများသည်မကြာခဏအပြစ်မဲ့သောသူတို့သွေးချောင်းများ၊ သွေးမြောင်းများဖြစ်ကြသည်။

ရဟန်းမင်းကြီးက သူ၏သမိုင်း၀င်မိန့်ခွန်းအဆုံးမသတ်မီ အသက်ကိုကာကွယ်စောင့်ရှောက်ခြင်း၊ လွတ်လပ်ခြင်း၊ မိမိတို့ကိုယ်ကိုအကာအကွယ်မပေးနိုင်သောသူများအားစောင့်ရှောက်ပေးခြင်းသည် လွန်စွာအရေးကြီးကြောင်းပြန်လည်မိန့်ကြားခဲ့ပြန်သည်။ အမေရိကန်နိုင်ငံ၏သမိုင်း၌ ပြည်သူတို့အကျိုးအတွက်သယ်ပိုးရွက်ဆောင်ခဲ့သော ကျော်ကြားသည့်ခေါင်းဆောင်တို့၏အမွေအနစ်များကိုပြန်လည်အမှတ်ရစေရန်လည်းမိန့်ကြားခဲ့သည်။

နိုင်ငံတစ်ခုသည် ကြီးမြတ်သည်ဟုပြောဆိုနိုင်သည့်အချက်တစ်ချက်မှာ လွတ်လပ်မှုကိုကာကွယ်သောကြောင့်ဖြစ်သည်။ လင်ကွန်းကိုပမာပြရမည်ဖြစ်သည်။ ယဉ်ကျေးမှုတစ်ခုကိုအမြစ်တွယ်အားကောင်းလာအောင်လုပ်ဆောင်ရာ၌ မိမိတို့၏ညီအစ်ကိုမောင်နှမများအား ၄င်းတို့၏လွတ်လပ်သောအခွင့်အရေးအပြည့်အ၀ကိုရရှိရန် အိမ်မက်မက်ခွင့်အာမခံချက်ပေးနိုင်ရမည်။ ဤသို့သောလုပ်ရပ်ကို မာတင်းလူသာကင်းကကြိုးစားဖော်ထုတ်ခဲ့သည်။ ဒေါရိုသီဒေးကဲ့သို့ မတရားကျူးလွန်မှုများအား တရားမျှတမှုရရှိစေရန် မမောမပန်းဘဲကြိုးစားဖော်ထုတ်လုပ်ဆောင်ခဲ့သကဲ့သို့လည်းကောင်း၊ တိတ်ဆိတ်စွာထောက်ရူဆုတောင်းရာမှ ယုံကြည်ခြင်း၏အသီးအပွင့်ဖြစ်လာသော တွေ့ဆုံဆွေးနွေးညှိနှိုင်းတိုင်ပင်ရင်း အချင်းချင်းလေးစားမှုနှင့်ငြိမ်းချမ်းရေးကိုမျိုးစေ့ချပေးခဲ့သည့် သောမတ်စ်မဲတန်တို့ကဲ့သို့သောပုဂ္ဂိုလ်တို့၏ပေးဆပ်ခဲ့သည့်အမွေအှစ် ကိုဆင်ခြင်သင့်လှသည်ဟုမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အမေရိကန်ကွန်ဂရက်စ်၌ ဤသူ၏သမိုင်းတွင်မည့်မိန့်ခွန်းကို (စက်တင်ဘာ ၂၄၊ ၂၀၁၅) လွန်ခဲ့သောယနေ့လို (၉) နှစ်ခန့်ကမိန့်ကြားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအမှုတော်ကိုထမ်းဆောင်နေခဲ့သည်မှာ (၂) နှစ်စွန်းစွန်းသာရှိသေးသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/WiHe

Add new comment

10 + 3 =