စက်တင်ဘာလတွင် ပုပ်ဖရန်စစ်သည် ကာဇက်စတန်နိုင်ငံသို့ ကြွရောက် လည်ပတ် မည်

စက်တင်ဘာလတွင် ပုပ်ဖရန်စစ်သည် ကာဇက်စတန်နိုင်ငံသို့ ကြွရောက် လည်ပတ် မည်

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရှင်သူမြတ်သည် ကာဇက်စတန်နိုင်ငံကို စက်တင်ဘာလလယ်လောက်မှာ   ၃၈ ကြိမ်မြောက် တမန်တော်ပြည်ပခရီးစဉ်အဖြစ် နိုဆူတန် (Nur-Sulta ) မြို့တော်သို့ ကမ္ဘာဘာသာရေး ခေါင်းဆောင် များနှင့် ရှေးရိုးဘာသာရေးခေါင်းဆောင်များ ညီလာခံကို တက် ရောက်မှာ ဖြစ်ပါ တယ်။

ဩဂုတ်လ ၂ ရက်နေ့က ဗာတီကန်သတင်းဌာနရဲ့ ဒါရိုက်တာဖြစ်တဲ့ Matteo Bruni က “ ယခုနှစ် စက် တင် ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ အရှင်သူမြတ်က အသင်းတော်အာဏာပိုင်နဲ့ အစိုးရ အာဏာ ပိုင် အ စည်း အဝေး ဖိတ်ကြားမှုကို လက်ခံပြီး ကာဇက်စတန်နိုင်ငံသို့ သာသနာပြုခရီး ထွက်ခွာမှာ  ဖြစ် ကြောင်း ကြေညာခဲ့တာပါ။

အခမ်းအနားကို  ကာဇက်မြို့တော်တွင် ကျင်းပမှာဖြစ်ပြီး ယခုနှစ်ကျင်းပမဲ့ပွဲရဲ့  ဆောင်ပုဒ်ကတော့ "ကမ္ဘာ့ခေါင်းဆောင်များရဲ့ အခန်းကဏ္ဍနဲ့  ကပ်ရောဂါ ဖြစ် ပွား ပြီး နောက် လူသားမျိုးနွယ်တွေရဲ့ လူမှု‌ရေးနဲ့ ဝိညာဉ်ရေးရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရိုးရာယုံ ကြည် မှုများ" ဆိုတဲ့ဆောင်ပုဒ်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ဘာသာရေးခေါင်းဆောင်များက သုံးနှစ်တစ်ကြိမ် Nur-Sultan ရှိ ကမ္ဘာဘာသာရေး ခေါင်းဆောင်များနှင့်ရှေးရိုးဘာသာရေးခေါင်းဆောင်များ ညီလာခံမှာ စုဝေးကြပြီး ဒီညီလာခံကို (၂၀၀၃) ခုနှစ်မှာ ကာဇတ်သမ္မတဟောင်း Nursultan Nazarbaev က ညီလာခံကို ပထမ ဆုံးတောင်း ဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဧပြီလအစောပိုင်းလောက်မှာ ကာဇတ်သမ္မတ Kassym-Jomart Tokayev နဲ့ တိုက်ရိုက် ဗီဒီယိုစကား ပြောဆိုမှုအတွင်းမှာ အရှင်သူမြတ်ကပုပ်ဖရန်စစ်က  “လောလောဆယ်တော့ ကျွန်တော် ကာဇက် စတန် ကို သွားချင်ပါတယ်။ ဒါက သိပ်ပြီး ခက်ခဲတဲ့ ခရီး တစ်ခုတော့ မဟုတ်ဘူး” ဆိုပြီးမိန့်ကြားခဲ့သလို တမန် တော် ခရီးစဉ်သွားရောက်ဖို့  ဖြစ်နိုင် ခြေရှိ ကြောင်း မိန့်ကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးတွေထဲမှာ ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ဟာ ကာဇက်စတန်နိုင်ငံကို ပထမဦး ဆုံးသွားရောက်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖြစ်ကြောင်း

ကာဇက်စတန်ရဲ့ (၇၀) ရာခိုင်နှုန်း လောက်က မွတ်စလင်တွေ ဖြစ်ကြပြီး၊ ခရစ်ယာန်ကတော့ (၂၅) ရာခ်ိုင်နှုန်း လောက်ရှိပြီး ကက်သလစ်ဘာသာတူတွေကတော့ (၁) ရာခိုင်နှုန်း ထက်နည်း သလောက် ရှိတယ်လို့ဆိုပါတယ်။

 

အာဗီအေဘာသာပြန်- ရိုစ့်

https://bit.ly/3JBsV9a

Add new comment

9 + 3 =