စက္ကရာမင်းတူ: များမရ ပဲ ဝိညာဉ်ရေးဆာလောင်နေသည့် ဘာသာသူများအိမ်သို့ ရဟန်းတော်ကြွရောက်ပေး

စက္ကရာမင်းတူ: များမရ ပဲ ဝိညာဉ်ရေးဆာလောင်နေသည့် ဘာသာသူများအိမ်သို့ ရဟန်းတော်ကြွရောက်ပေး

စက္ကရာမင်းတူ: များမရ ပဲ ဝိညာဉ်ရေးဆာလောင်နေသည့် ဘာသာသူများအိမ်သို့ ရဟန်းတော်ကြွရောက်ပေး

သမင်ဒရယ်သည်စီးဆင်းနေသောစမ်းချောင်းကိုတမ်းတသကဲ့သို့အကျွန်ုပ်၏ဝိညာဉ်သည်လည်း ကိုယ်တော့်ကိုတမ်းတပါ၏ဟုဆာလံကျမ်းရေးသူသည်တောင်းဆုပြုထားသည်။ (ဆာလံ ၄၂) ထို့အ တူ အကျွန်ုပ်၏ဝိညာဉ်သည်ကိုယ်တော့်ကိုလည်းကောင်းကိုယ်တော်၏ နှုတ်တော်ထွက်စကားကို လည်း ကောင်းမျှော်လင့်တောင့်နေသည်မှာကင်းစောင့်သောသူတို့သည်နံနက်ချိန်ကိုစောင့်ငံ့မျှော်လင့်ကြသည်ထက်အကျွန်ုပ်၏ဝိညာဉ်သည်ကိုယ်တော်ကိုစောင့်ငံ့မျှော်လင့်နေပါသည်ဟုလည်းဆုတောင်း ထားပါသည်။ (ဆာလံ ၁၃၀:၅-၆)

အမှန်ဆိုသော်ဝိညာဉ်ရေးဆာ လောင်မွတ်သိပ်မူသည်ကာယ ဆောင်လောင်မွတ်သိပ်မူနှင့်မတူ ပေ။ ထို့ကြောင့်ယေဇူးသခင်ကလူသည်အစားအစာအားဖြင့်သာမဟုတ်။ ဘုရားသခင်၏နှုတ်တော်ထွက် စကားအားဖြင့်လည်းအသက်ရှင်ရမည့်အကြောင်းကျမ်းစာတော်မြန်တွင်ရေးထားလျက်ရှိသည်ဟုသူ့အားနောက်ယှက်သောစာတန်အားပြန်လည်တုန့်ပြန်ခဲ့သည်။ (ရှင်လုကာ ၄:၄)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုးကြောင့်ဘာသာရေး၊ လူမူရေးအခမ်းအနားများ၊ ပွဲလန်းများကိုမ ကျင်းပရန်နိုင်ငံတော်အဆင့်မှသော်လည်းကောင်း၊ သာသနာတော်ကြီးမှသော်လည်းကောင်းသတ်မှတ် ထားသောကြောင့် ဘာသာတူများသည်စက္ကရာမင်းတူးကိုအဘယ်မျှဆာလောင်ငတ်မွတ်နေသည်မှာအ ခွင့်အခါရ၍မေးမြန်းမည်ဆိုလျင်နားမဆံ့အောင်ကြားရမည်မှာသေချာပါသည်။

ဤသို့သတ်မှတ်ထား သော်လည်းဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း၊ Leyte ပြည်နယ်၌ သာသနာအမူထမ်းနေသောကက်သလစ် ဘုန်းတော်ကြီးတစ်ပါးသည် လူစုလူဝေးမပြုဘဲရှောင်ရှားကာဘာသာတူသိုးစုများအား ဘာသာ ရေး၀တ္တရားကိုဖြည့်ဆည်းပေးလျှက်ရှိသည်။ သူ၏အမည်ကားဖာသာရ် Amadeo Corpuz Alvero ဖြစ်သည်။

သူသည် စိန့်အီစီဒိုး သာသနာအုပ်စု၏ကျောင်းထိုင်ဖြစ်သည်။ သူသည်သူ၏ဘာသာတူများ သို့တစ်အိမ်တက်ဆင်းကာအာပတ်ဖြေနားထောင်ပေးခြင်း၊ ကိုယ်တော်မြတ်ပင့်ပေးခြင်းများကိုဖြည့် ဆည်းပေးလျှက်ရှိသည်။ အဘယ်ကြောင့်ဆိုသော်သူ၏ဘာသာတူများသည်အိမ်ပြင်မထွက်ရန်မြစ်တား ထားသော်လည်းဘုရားကျောင်းသို့ပုံမှန်လာရောက်နေသောကြောင့်ဤသို့စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း Licas.news သို့ပြောကြားထားသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

(Photo credit: Yasmine Remanes for LiCAS.news)

https://bit.ly/3d1pWVK

#rvapastoralcare
#PRIEST #CONFESSION #COMMUNION
#PANDEMIC #LOCKDOWN #COVID19

Add new comment

4 + 0 =