Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
စကော့တလန်၌ သက်တမ်း (၁၆၃) နှစ်ရှိဘုရားကျောင်းမီးလောင်ကျွမ်း
စကော့တလန်၌ သက်တမ်း (၁၆၃) နှစ်ရှိဘုရားကျောင်းမီးလောင်ကျွမ်း
စကော့တလန်နိုင်ငံ၊ Glasgow ရှိ St. Simon ကက်သလစ်ဘုရားကျောင်းသည် ဇူလိုင် (၂၈) ရက်နေ့၊ အစော ပိုင်းမှစ၍ မီးစတင်လောင်ကျွမ်းခဲ့သည်။ မီးငြိမ်းသတ်ရန်အတွက် မီးသတ်သမား (၃၀) ခန့်အခင်းဖြစ်ရာသို့ရောက်ရှိလာ ခဲ့သည်။ မီးသတ်သမားများ ရောက်ရှိသွားချိန် လူတစ်ဦးကိုကယ်တင်နိုင်ခဲ့သည်။ St. Simon ၏ဆင်းတု တော်သည်မီး သင့်သွား၍ ပုံပျက်ပန်းပျက်ဖြစ်သွားခဲ့သည်။ မီးလောင်းကျွမ်းခဲ့ခြင်းကြောင့်လူအသေအပျောက်မရှိခဲ့ပေ။ သို့သော် Glasgow ရှိပိုလန်လူမျိုးများအတွက် အလွန်တွယ်တာရသောဘုရားကျောင်းကြီးသည်ပျက်ဆီးသွားခဲ့ရပါတော့သည်။
သာသနာနယ်မြေ၏လူမူကွန်ရက်၌ဤဘုရားကျောင်းသည် Glasgow မြို့၌တတိယသက်တမ်းအကြာဆုံးဘု ရားကျောင်းဖြစ်သည်ဟုဆိုထားသည်။ ၄င်းထက်သက်တမ်းရင့်သော်ဘုရားကျောင်းများမှာ စိန့်အန်ဒရူးကက်သီဒရယ် နှင့်နိုင်ငံ၏အရှေ့ ဖက်ခြမ်းရှိ စိန့်မေရီဘုရားကျောင်းတို့ဖြစ်ကြသည်။ ဤဘုရားကျောင်းသည် (၁၈၅၈) ခုနှစ်က အိုင်ယာ လန်နိုင်ငံသား Fr. Daniel Gallagher မှဖွင့်လစ်ပေးခဲ့သည်။ ဤဘုန်းတော်ကြီးသည်ခရီးသွားတစ်ဦးဖြစ်သူ David Livingstone အားလာတင်းသင်ပေးပြီး၊ ဆေးကျောင်းတက်ရောက်စေခဲ့သည်။
ဘုရားကျောင်း၏မူလအမည်မှာ ‘စိန့်ပီတာ’ ဖြစ်သည်။ ဤဘုရားကျောင်းကို ဒုတိယကမ္ဘာစစ်ကြီး၌ ပိုလန်လူမျိုးစစ်သားများကဘုရား၀တ်ပြုရန်အသုံးပြုခဲ့ရာမှအစွဲပြု၍ ပိုလန်ဘုရားကျောင်းဟုအမည်သွင် ရစ်လာခဲ့သည်။ ဘုရားကျောင်း၌ ပိုလန်ဘာသာစကားဖြင့်မစ္ဆားပူဇော်လျှက်ရှိသောဘုရားကျောင်းဖြစ် သည်။ ဘုရားကျောင်းကို (၂၀၀၅) နှင့် (၂၀၀၈) ခုနှစ်ကအလုံးစုံပြုပြင်မွှမ်းမံခဲ့သည်။ ထိုနှစ်သည် ဘုရား ကျောင်း၏သက်တမ်းမှာ နှစ် (၁၅၀) ပြည့်နှစ်ပတ်လည်နေ့ဖြစ်သည်။
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
Add new comment