စကော့တလန်နိုင်ငံအတွက်မစ္ဆားပူဇော်ချိန်ဖတ်ရှုသောကျမ်းစာအုပ်အသစ်ထုတ်ဝေရန်စီစဉ်နေ

စကော့တလန်နိုင်ငံအတွက်မစ္ဆားပူဇော်ချိန်ဖတ်ရှုသောကျမ်းစာအုပ်အသစ်ထုတ်ဝေရန်စီစဉ်နေ

စကော့တလန်နိုင်ငံအတွက်မစ္ဆားပူဇော်ချိန်ဖတ်ရှုသောကျမ်းစာအုပ်အသစ်ထုတ်ဝေရန်စီစဉ်နေ

စကော့တလန်နိုင်ငံ၊ Aberdeen ၏ ဆရာတော်တစ်ပါးဖြစ်သော Huge Gilbert (OSB) ယခုထုတ်ဝေမည့်မစ္ဆားပူဇော် ချိန်ဖတ်ရှုသောကျမ်းစာအုပ်ကြောင့်ဘုရားသခင် ၏လူမျိုးတော်အတွက်သမ္မာကျမ်းစာပို၍အသက်၀င်လှုပ်ရှားလာမည်၊ ထို့အတူအ တွေးအခေါ်၊ ခံယူချက်များ၊ ယဉ်ကျေးမှုများကိုလည်းပြုပြင်ကာကမ္ဘာကြီးကိုလည်းပြောင်းလဲစေမည်ဟုမျှော်လင့်ကြောင်းပြော ကြားခဲ့သည်။ စကော့စတလန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့သည် ၀တ်ပြုခြင်း၌အသုံးပြုသောစာအုပ်အသစ်ကိုထုတ်ဝေနိုင်ရန်ပြင်ဆင်နေသည်။

ဤစာအုပ်၌အသုံးပြုမည့်ကျမ်းချက်များသည် English Standard Version ဘာသာပြန်ကိုအခြေခံထား သည်။ အင်္ဂလန်နှင့်ဝေးလ်နိုင်ငံတို့မှကက်သလစ်များသည်လည်းဤဘာသာပြန်ကိုသာအခြေပြုထားသည်။ ဤဘာသာပြန် ကျမ်းကိုအသုံးပြုရခြင်းမှာဘာသာတူများအတွက်ပို၍လက်တွေ့ကျကာ၊ နားလည်ရလည်းလွယ်ပြီး၊ စကော့တလန်၊ အင်္ဂလန်၊ ဝေးလ်နိုင်ငံများအားလုံးတစ်ပြေးညီဖြစ်ရန်လည်းဖြစ်သည်။ ယခင်အသုံးပြုခဲ့သောစာအုပ်မှာ ဂျေရူစလင်ကျမ်းစာအုပ်ဟုအ မည်တပ်ထားသောဘာသာပြန်ကျမ်းကိုအခြေခံခဲ့ပြီး (၁၉၆၆) ခုနှစ်ကပုံနှိပ်ထုတ်ဝေခဲ့သည်။ စကော့တလန်ကက်သလစ်သာသနာ၏၀တ်ပြုခြင်းဆိုင်ရာကော်မရှင်က ‘ဂျေရုစလင်ကျမ်းစာအုပ်အမည်ရသည့်ဘာသာပြန်ကျမ်းထုတ် ဝေသည့် (၁၉၆၀၀ မှစ၍ ကျမ်းစာအုပ်ကိုစေ့စပ်သောလေ့လာမှုကိုအတော်ပြုလုပ်ပြီး၊ အသုံးပြုခဲ့ခြင်းဖြစ် သည်။

ယခုနောက်ထပ်မံထုတ်ဝေမည်ပြုလုပ် သောအခါအခြားဘာသာပြန်တစ်ခုကိုရွေးချယ်၍ ထိုဘာသာပြန်ကျမ်းမှရရှိမည့်၀ိညာဉ်ရေးအကျိုးအမြတ်များကိုလည်းထပ်မံရရှိစေလို၍ဖြစ်ကြောင်း၊ ထို့အတူသူတော်စင်များတစ်ရက်လျှင်လေးကြိမ်ရွတ်ဆိုပူဇော်ရသောဆုတောင်းမေတ္တာတွင်အသုံးပြုသော ဆာလံကျမ်းများကိုလည်း စကော့တလန်ကက်သလစ်ဆရာတော်ကြီးများ၏၀တ်ပြုခြင်းဆိုင်ရာကော်မတီမှလည်းအသိ အမှတ်ပြု ထားကြောင်း၊ ထို့ကြောင့် ၀တ်ပြုခြင်းဆိုင်ရာ၌အသုံးပြုသောကျမ်းများနှင့်သူတော်စင်များနေ့စဉ်တစ်ရက်လျှင်လေးကြိမ်ဖတ်ရှုပူ ဇော်ရသောဆုတောင်းမေတ္တာ၌ အသုံးပြုထားသည့်ဆာလံကျမ်းများအားလုံးအတူတူဖြစ်စေရန်လည်းရည်ရွယ်ကြောင်း၊

မစ္ဆာပူးဇော်ခြင်း၌အသုံးပြုသောဘာသာပြန်ကျမ်းကိုအသုံးပြုရန်ရွေးချယ်ရာ၌စကော့တလန်ကက်သလစ်ဆရာတော်ကြီးများသည်ယခင်နှစ်မှစ၍ဆွေးနွေးစဉ်းစားနေခဲ့ကြကြောင်း၊ စကော့တလန်ကက်သလစ်ဆရာတော်ကြီးများကလည်း ယခုထုတ်ဝေမည့်ဤစာ အုပ်သည်အလွန်မျှော်လင့်ထားခဲ့သကဲ့ သို့ တန်ဖိုးရှိစွာဖော်ဆောင်နိုင်ရန်၊ အသေးစိပ်ကျမှု၊ တိကျမှု၊ သပ်ရပ်မူ၊ ဖတ်ရှုရာ၌လွယ်ကူ စေမှုနှင့်အသုံးပြုသူများအတွက်လည်းနားလည်ရလွယ်မှုစသောအချက်များကိုထည့်သွင်းဆုံးဖြတ်ခဲ့ရကြောင်း၊ ဤစာအုပ်အသစ် အပြီးတိုင်တည်းဖြတ်စီစစ်ထုတ်ဝေနိုင်ရန်မှာနှစ်အတန်ကြာဦးမည်ဖြစ် ကြောင်း၊ ဤစာအုပ်ထုတ်ဝေလိုက်သည်နှင့်၀တ်ပြုခြင်း၌ လိုအပ်သောကျမ်းချက်များအားလုံးအပြီးအစီးပါရှိလာမည့်ဖြစ်ကြောင်းရှင်းပြခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/32ZHwrF

Add new comment

8 + 9 =