စကော့တလန်နိုင်ငံတွင် ဇူလိုင်လ (၁၅) ရက်နေ့၌ဘုရားကျောင်းများကို၀တ်ပြုခြင်းအတွက်ပြန်လည်ဖွင့်လစ်

စကော့တလန်နိုင်ငံတွင် ဇူလိုင်လ (၁၅) ရက်နေ့၌ဘုရားကျောင်းများကို၀တ်ပြုခြင်းအတွက်ပြန်လည်ဖွင့်လစ်

စကော့တလန်နိုင်ငံတွင် ဇူလိုင်လ (၁၅) ရက်နေ့၌ဘုရားကျောင်းများကို၀တ်ပြုခြင်းအတွက်ပြန်လည်ဖွင့်လစ်

စကော့တလန်နိုင်ငံမှ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သည် နိုင်ငံတော်အစိုးရ၏ကြေငြာချက်ကိုလှိုက် လှဲ၀မ်းသာစွာကြို ဆိုခဲ့ကြသည်။ ထိုကြေငြာချက်ကား ဇူလိုင်လ (၁၅) ရက်၊ ဗုဒ္ဓဟူးနေ့မှစ၍ ဘုရားကျောင်းများ၌လူစုလူဝေးဖြင့်ပြန်လည်၀တ်ပြု ခွင့်ပြုသည့် ကြေငြာချက်ဖြစ်သည်။ ထိုကြေငြာချက်ကို စကော့တလန်၀န်ကြီး Nicola Sturgeon က ဇူလိုင် လ (၉) ရက်နေ့တွင်တရား၀င်ကြေငြာခဲ့သည်။ ပြီးခဲ့သောဇွန်လမှစ၍ ကိုဗစ် (၁၉) ၏ဒုတိယအနေ အထားအဖြင့် စကောတလန်ရှိဘုရားကျောင်းများကိုလွတ်လပ်စွာမဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိဖွင့် လှစ်၍လူစုလူဝေးဖြင့်မဟုတ်သော်လည်းသီးသန့်၀င်ထွက်ဆုတောင်းခြင်းများကိုခွင့်ပြုထားခဲ့သည်။ လူစု လူဝေး ဖြင့်ဆုတောင်းခြင်းကိုမူဆက်လက်တာမြစ်ထားခဲ့သည်။ ‘ပြီးခဲ့သောလမှစ၍ ပိတ်ထားခဲ့သောဘုရားကျောင်းများကိုပြန် လည်ဖွင့်လှစ်ခွင့်ရသည့်အချိန် ၌ရောဂါပိုးများမကူးစက်စေရန်အတွက်အသင့်ပြင်ဆင်မှုများကိုပြုလုပ်နေခဲ့ကြောင်း၊ အထူး သဖြင့်အမိသာသနာတော်ကြီး၏အသက်ဖြစ်သောမစ္ဆားပူဇော်ခြင်းကိုရောဂါကင်းဝေးစွာပါဝင်ပူဇော်နိုင်ရန်ကြပ်မတ် ပြင်ဆင်လာခဲ့ပါကြောင်း၊ မစ္ဆားတရားပူဇော် ခြင်း၌ ကိုယ်တိုင်ကိုယ်ကျမပါ၀င်နိုင်ဘဲလပေါင်းများစွာကြာခဲ့သည့်အဖြစ် သည်အလွန်စိတ်မကောင်းစရာအခြေအနေဖြစ်ကြောင်း၊ ထို့ကြောင့်ယခုကဲ့သို့ ဘုရားကျောင်းများပြန်လည်ဖွင့်လှစ်ပြီး၊ ဘုရားကျောင်းများပုံမှန်တက်ရောက်ခွင့်ကိုတရား၀င်ခွင့်ပြုချက်ရလိုက်ခြင်းသည် ဘာသာတူများ အ တွက်ဖော်မပြနိုင် သောပျော်ရွှင်မူကိုခံစားရပေမည်ဖြစ်ကြောင်း တင်းကြပ်မှုကိုမူဆက်လက်လိုက်နာရဦးမည်ဖြစ်ကြောင်း

လူစုလူဝေးဖြင့်၀တ်ပြုဆုတောင်းခြင်းကိုခွင့်ပြုလိုက်သည်ဆိုသော် လည်း ရောဂါကူးစက်ပျံ့ပွားမှုမရှိရန်တင်းကြပ် ထားမူများကို လိုက်ရဦးမည်။ ဘုရားကျောင်းအတွင်းယခင်သာမန်အချိန်ကကဲ့သို့ပူးကပ်စွာမနေကြဘဲခွာ၍နေရန်၊ အသက်ငါးနှစ်အောက်ကလေးများမှလွှဲ၍ နှာခေါင်းစီးများကိုတပ်ထားရန်၊ စုဝေး၀တ်ပြုရာ၌သတ်မှတ်ထားသောအများဆုံးဦးရေမှာ (၅၀) ဦးသာဖြစ်သည်။ မစ္ဆားတရားပူဇော် ခြင်း၌ပါ၀င်ပူဇော်သောဘာသာတူများ၏ကိုယ်ရေးအချက်အလက်အသေးစိပ်ကိုမှတ်သားထားရမည်။ စျာပန၊ လက်ထပ်ထိမ်းမြှားခြင်း၊ ဆေးကြောခြင်းစက္ကရာမင်းတူခံယူခြင်း များကဲ့သို့သော ဆု တောင်း ၀တ်ပြုခြင်းမျိုး၌လူဦးရေ (၂၀) သာအများဆုံးပါ၀င်ခွင့်ပြုထားသည်။ ရောဂါမပျံ့ပွှားရေးကြေ ငြာချက်များကိုအချိန်မှီထုတ်ပြန်ပေးသောသာသနာအားအထူးကျေးဇူးတင်ပါကြောင်းဘီးရှော့ Gilbert ကပြောကြားခဲ့ သည်။

ကျေးဇူးတင်ပါသည်။

ဆရာတော်ကြီးများကလည်း ကူးစက်ရောဂါဆိုးကြီးမကူးစက်၊ မပျံ့နှံ့စေရန်စေဘဲ ဘေးကင်းလုံခြုံစွာ၀တ်ပြုဆု တောင်နိုင်ရန် မမောမပန်းနိုင်အောင်သာသနာအုပ်စုများအားပြင်ဆင်မွှမ်းမံပေးခဲ့သူများအားလုံးကိုကျေးဇူးတင်ပါ ကြောင်း၊ ထို့အတူမိမိတို့၏အထင်၊ အမြင်များကိုလွှတ်တော်ထိတိုင်ရောက်ရှိအောင်စွမ်းဆောင်ပေးခဲ့ကြသောလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့အစည်းများကျေးဇူး အထူးတင်ပါကြောင်း၊ ဘာသာတူများအနေဖြင့်လည်း တနင်္ဂနွေနေ့ ၀တ်တရားများကိုမဖြစ်မနေဖြည့်ဆည်းရမည့် ကျင့်၀တ်ကိုခြွင်းချက်အနေ ဖြင့်ဆက်လက်ထားရှိကြောင်း၊ အကယ်၍ဖြည့် ဆည်းလိုသောဘာသာတူများအနေဖြင့်ကျန်းမာရေး၀န်ကြီးဌာနမှညွှန်ကြားထားသည့် ရောဂါ ကူးစက်ခြင်းမှကာကွယ်နည်းများကိုလိုက်နာရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိကိုယ်ကိုယ်မိမိလုံခြုံအောင်အကာ ကွယ်ယူတတ်မှသာလျှင်သူတစ် ပါးကို ကူးစက်မူမှကာကွယ်လိုက်ခြင်းဖြစ်ကြောင်းရှင်းပြခဲ့သည်ကို ဗာတီကန်သတင်းအရသိရှိရပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : ANSA

https://bit.ly/2CJnTJ2

Add new comment

1 + 0 =