စကားပြောသော မိုဘိုင်း APP သည် ကပ်ဘေးကာလအတွက် အဖော်ဖြစ်စေမည်

စကားပြောသော မိုဘိုင်း APP သည် ကပ်ဘေးကာလအတွက် အဖော်ဖြစ်စေမည်

ကိုရိုနာဗိုင်းရပ်စ် ဟာ ကမ္ဘာအနှံ့ဆက်လက်ပျံ့ပွားနေပြီး ချစ်ရတဲ့သူတွေနဲ့ဝေးနေကြရပါတယ်။ ဒါကြောင့်အခုအခါမှာ Carpenter ဖောင်ဒေးရှင်းက ဝေးကွာမှုတတွေကို တံတားခင်းပေးဘို့ အတွက် စကား​ပြောသော မိုဘိုင်း Application လေးတစ်ခု ကို ဖန်တီးလိုက်ပါတယ်။

ဒီ App လေးဟာ ချစ်ရတဲ့သူတွေနဲ့ ကိုယ်ခန္တာအားဖြင့်အတူ မရှိနိုင်ပေမဲ့ ဝိညာဉ်ရေးအရ နီးစပ်မှုရှိစေမယ်၊ လို့ Lonny Carpenter ကဆိုပါတယ်။

ဒီ App ကို အသုံးပြုသူတွေဟာ မိသားစု၊ ကုသခြင်း၊ ပျော်ရွှင်ခြင်း၊ ကျေးဇူးတင်ခြင်း စတဲ့ အကြောင်းအရာလေးတွေကို မိတ်ဆွေအတွက် ပေးပို့ ဆုတောင်းပေးနိုင်ကြမှာဖြစ်တယ်။ ထို့အပြင် ကောင်းကင်ဘုံ၌ ၊ ဂုဏ်ကျေးဇူးတော်ကဲ့သို့သော တခြား ကက်သလစ် ဆုတောင်းမေတ္တာများလည်းပါဝင်ကြောင်း

ဒီ App မှာ မိမိတို့ကိုယ်တိုင် မိမိအသံဖြင့် ဆုတောင်းသံလေးတွေကို အသံသွင်းနိုင်ကြမှာဖြစ်သလို၊ ချစ်ရသူများနဲ့ ပေးပို့ ဝေငှခြင်း အတူတူဆုတောင်းခြင်းတွေကို ပြုလုပ်နိုင်ကြမှာပါ။

အသံသွင်းထားတဲ့ ဆုတောင်းမေတ္တာတွေကို ခေါက်တုန့် ခေါက်ပြန် ပေးပို့နိုင်ကြပြီး ဒီ App ထဲမှာပဲ လွယ်လွယ်ကူကူ အသုံးပြုနိုင်ကြမှာဖြစ်ပါတယ်။

"Spoken" App ကို Google Play Store ၌သော်၎င်း App Store ၌သော်၎င်း ဒေါင်းလိုဒ့် ရယူနိုင်ကြပါတယ်ဆိုတာကို Rome Reports သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Video Courtesy of: Rome Reports

https://bit.ly/2HQX1Kf

Add new comment

7 + 6 =