ငွေရတု မင်္ဂလာနှစ်ပတ်လည်တွင် ကလေးခုနှစ်ယောက်၏မိဘ၊ ဇနီးမောင်နှံနှစ်ဦး ပုပ်ဖရန်စစ်အား ဖူးတွေ့နှုတ်ဆက်

ငွေရတု မင်္ဂလာနှစ်ပတ်လည်တွင် ကလေးခုနှစ်ယောက်၏မိဘ၊ ဇနီးမောင်နှံနှစ်ဦး ပုပ်ဖရန်စစ်အား ဖူးတွေ့နှုတ်ဆက်

ငွေရတု မင်္ဂလာနှစ်ပတ်လည်တွင် ကလေးခုနှစ်ယောက်၏မိဘ၊ ဇနီးမောင်နှံနှစ်ဦး ပုပ်ဖရန်စစ်အား ဖူးတွေ့နှုတ်ဆက်

ပုပ်ရဟန်းမင်းကြီး၏ လူထုပရိတ်သတ် နှင့်တွေ့ဆုံပွဲကို ဖိတ်ကြားခြင်းခံရသော အထူးဧည့်သည်တော်များ၏ နောက်ဆုံးတန်းတစ်ခုလုံးကို မိသားစုတစ်စုမှ နေရာယူထားသည်။

ပုပ်ရဟန်းမင်းကြီးနှင့်အတူ သူတို့၏ ၂၅ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ကို ကျင်းပရန် Vito နှင့် Jose Ignacio သည် ကလေးခုနှစ်ဦးနှင့်အတူ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှ ရောမမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

"ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံပြီးနောက် ငြိမ်သက်ခြင်း ခံစားရသည်"ဟု သူတို့က ဆိုသည်။

"ကျွန်မမှာ ကလေးတွေအများကြီးရှိတဲ့အတွက် အမြဲတမ်း ရင်တမမ ခံစားနေရပြီး ဘုရား သခင်ဆီမှာ ငြိမ်းငြိမ်းချမ်းချမ်းနေရဖို့ ဆုတောင်းတဲ့အခါ ဘုရားသခင်က ငြိမ်းချမ်းတဲ့ဘဝကိုပေးတယ်။ ပုပ်ရဟန်းမင်းကြီးနှင့်အတူရှိနေစဉ်အချိန်မှာ လည်း ငြိမ်းချမ်းတယ်လို့ခံစားရတယ်။ ကျွန်မတို့နေထိုင်တဲ့ ကမ္ဘာကြီးထဲမှာ ရှုပ်ထွေးပေမယ့် ပုပ်ရဟန်းမင်းကြီးနဲ့ ဆုံတွေ့ရတဲ့အခါမှာတကယ် ငြိမ်သက်ခြင်းကို ရရှိတယ်"လို့ သူမကပြောပါတယ်။

သူတို့ဟာ ပုပ်ရဟန်းမင်းကြီးအတွက် လက်ဆောင်အဖြစ် Our Lady of Roco ဆွဲပြားကို ယူဆောင်လာခဲ့ကြကြောင်း၊ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ ထိုဆွဲပြားထဲပါ မယ်တော် ၏ရှေ့မှာ လက်ထပ်ခဲ့ကြခြင်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ သမီးလေး အငယ်ဆုံး Almudena က ပါပါးကို ထိုဆွဲပြားကိုပေးခဲ့ပါတယ်။ တခြားကလေးတွေကလည်း "ထိုဆွဲပြားက ပါပါးရဲ့ ကားသော့ချိပ် အတွက် အသုံးပြုနိုင်ကြောင်း" ပြောပြပေးခဲ့ကြတယ်။အရမ်းကြည်နူးဖို့ကောင်းတဲ့ အခိုက်အတန့်လေးပါပဲ၊ ဟုတ်တယ်၊ အရမ်းကြည်နူးဖို့ကောင်းတယ်" လို့ ဖခင်ဖြစ်သူ Joes ကပြေကြားခဲ့တာပါ။

သူမငယ်စဥ်က တွေ့ကြုံခဲ့ရတဲ့ ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့ရ တဲ့ ခံစားချက်ကို သူမ၏ သားသမီးများကိုလည်း ခံစားစေချင်ကြောင်း Vito က ပြောခဲ့သည်။

"ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါ လက်ထက်၊ ကျွန်မ မိဘတွေလက်ထက်တုန်းကလည်း သူတို့မဂ်လာ ၂၅ နှစ်မြောက် ငွေရတု နှစ်ပတ်လည်ကို ရောမမှာ လာကျင်းပခဲ့ကြတယ်။ ကျွန်မဟာ မွေးချင်းဆယ်ယောက်မှာ အကြီးဆုံးဖြစ်တယ်။ မိဘတွေ ကျင်းပခဲ့သလိုပဲ အခု ကျွန်မတို့ရဲ့ငွေရတု နှစ်ပတ်လည်ကိုလည်း သားသမီးတွေနဲ့အတူ ကျင်းပတာဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့မိသားစုတွေအတွက် အရမ်းအရေးကြီးတဲ့အခိုက်အတန့်ဖြစ်တယ်"လို့ Vito ကပြောသည်။

ရောမတွင်ရှိစဉ် ပုပ်ရဟန်းမင်းကြီး၏ အခြားအခမ်းအနားများကို မိသားစုတစ်စုလုံး တက်ရောက်ကြမှာ ဖြစ် ပေမဲ့လည်း ပုပ်ရဟန်းမင်းကြီးနဲ့ လူချင်းတွေ့ဆုံခြင်းဟာ လွယ်လွယ်နဲ့ မေ့လိုမရတဲ့ အတွေ့အကြုံတစ်ခုဖြစ်တယ်လို့လည်း ဆိုခဲ့ကြပါတယ်။

 

ဘာသာပြန်- RVA Myanmar

https://bit.ly/3pSTz51

Add new comment

5 + 2 =