ငြိမ်းချမ်းရေးအတွက်တက်ကြွလှုပ်ရှားသူများက ယူကရိန်းနိုင်ငံ၌စစ်မဖြစ်အောင်ကူညီပေးရန် ပုပ်ဖရန်စစ်အား ပန်ကြား

ငြိမ်းချမ်းရေးအတွက်တက်ကြွလှုပ်ရှားသူများက ယူကရိန်းနိုင်ငံ၌စစ်မဖြစ်အောင်ကူညီပေးရန် ပုပ်ဖရန်စစ်အား ပန်ကြား

ငြိမ်းချမ်းရေးအတွက်တက်ကြွလှုပ်ရှားသူများက ယူကရိန်းနိုင်ငံ၌စစ်မဖြစ်အောင်ကူညီပေးရန် ပုပ်ဖရန်စစ်အား ပန်ကြား

 

            ဇန္န၀ါရီလ (၂၄) ရက်နေ့၊ ရဟန်းမင်းကြီးဖရန်စစ်၏ အန်ဂျေလူးမွန်းတည့်ဆုတောင်း၌ ‘ငြိမ်းချမ်းရေးသည် လူ့အခွင့်အရေးဖြစ်သည်’ ဟူသော စာတန်းပါအလံကိုလွှင့်ထူလျှက် အဖွဲ့တစ်ဖွဲ့သည် စိန့်ပီတာရင်ပြင်၌ရပ်လျှက်ပါ ၀င်နေကြသည်။ နောက်ရက်များမကြာမီ ထိုအဖွဲ့ကိုပူးတွဲတည်ထောင်သူနှင့်ဥက္ကဌတို့သည် ရဟန်းမင်းကြီးဘာသာတူ များတွေ့လေ့ရှိသော ဗုဒ္ဓဟူးနေ့အစီအစဉ်သို့တက်ရောက်ခဲ့ကြသည်။ ထိုအဖွဲ့ကို ‘Society Culture of Peace’ (ငြိမ်း ချမ်းရေးယဉ်ကျေးမှုအဖွဲ့အစည်း) ဟုခေါ်သည်။ ထိုအဖွဲ့၏ဥက္ကဌမှာ ‘HENNING ZIEROCK’ ဖြစ်သည်။ သူက ရုရှားနှင့် နေတိုးအဖွဲ့၀င်သော ဥရောပနိုင်ငံများ၊ ယူကရိန်းနိုင်ငံများနှင့်နိုင်ငံရေးအခြေအနေတင်းမာနေကြောင်း၊ ထို့ကြောင့် အ ရေးကြီးသောကဏ္ဍ မှ ရဟန်းမင်းကြီး၏ကြား၀င်ကူညီပေးမှုဖြင့် အဖွဲ့၀င်နိုင်ငံများအား အတူတကွတွေ့ဆုံဆွေးနွေး ပြီး၊ စစ်ကိုရပ်တန့်ပေးရန်၊  နိုင်ရန်လာရောက်မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း၊ ၄င်းတို့သည် ရဟန်းမင်းကြီးအား မေတ္တာရပ် ခံသောစာနှင့်နိုင်ငံတိုင်းအတွက်ငြိမ်းချမ်းရေးကိုတောင်းဆိုသော ပိုစတာကို ရဟန်းမင်းကြီးဖရန်စစ်အားပေးအပ်ခဲ့ သည်။

            ရဟန်းမင်းကြီးဖရန်စစ်သည် ဇန္န၀ါရီလ (၂၆) ရက်နေ့ကို ယူကရိန်းအတွက်အထူးဆုတောင်းပေးရနေ့အ ဖြစ်သတ်မှတ်ကြောင်းကြေညာလိုက်၍ ထိုနေ့ကို ကိုယ်တိုင်ကိုယ်ကျပါ၀င်ဆုတောင်းနိုင်ရန် စီစဉ်ထားပြီးသောလေ ယာဉ်လက်မှတ်ကိုလည်း ရက်စွဲပြောင်းပစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤအခမ်းအနား၌ပါ၀င်ခြင်းအားဖြင့် ငြိမ်းချမ်းရေးအတွက်  ရဟန်းမင်းကြီးနှင့်အတူ၄င်းတို့သည်လည်း မားမားမတ်မတ်ရပ်တည်နေပါကြောင်း၊ ကျွန်ုပ်တို့ လည်းငြိမ်းချမ်း‌‌ရေးကိုတောင်းဆိုနေပါကြောင်း၊ စစ်ကိုမဟုတ်။ ငြိမ်းချမ်းရေးကိုအပိုင်ယူရမည်ဖြစ်ကြောင်း၊ ရဟန်း မင်းကြီးအနေဖြင့် ကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများအား ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးနှင့်စပ်လျင်း၍ အလေးပေးမိန့် ကြားခဲ့သည့်အတွက်လည်း အားတက်ရကြောင်းပြောကြားခဲ့သည်။

        ရဟန်းမင်းကြီးဖရန်စစ်က ဇန္န၀ါရီလ (၂၆) ရက်နေ့က ‘ယူကရိန်းသည် ဒုက္ခများနှင့်ကြုံတွေ့နေရသောလူမျိုး ဖြစ်ကြောင်း၊ အတိတ်က နိုင်ငံသည် အစာရေစာငတ်ပြတ်ခြင်းကိုခံခဲ့ရကြောင်း၊ အလွန်ဆိုးရွားသော ရက်စက်ကြမ်း ကြုတ်မှုကိုလည်းကောင်း၊ အမြင်မတူသောငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်းကောင်း အလွန်ဒုက္ခရောက်ခဲ့သည်။ ယူကရိန်းနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက်ကောင်းကင်သို့ဆုတောင်းသံကြောင့် လုပ်ပိုင်ခွင့်ရှိသောသူတို့၏ စိတ်ထား၊ အ တွေးအခေါ်များအား ပြောင်းလဲသွားစေရန်၊ သို့ဖြစ်၍ တွေ့ဆုံဆွေးနွေးမှုအောင်မြင်စေရန်၊ ကိုယ်ကျိုးမဖက်ဘဲ စစ် ငြိမ်း၍ ထာ၀ရအေးချမ်းမှုကိုရယူနိုင်ရန်ဆုတောင်းခဲ့သည်။

            HENNING ZIEROCK အနေဖြင့် ရဟန်းမင်းကြီးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အလွန်အလွန်အရေးကြီးသောအပိုင်း ကိုလုပ်ဆောင်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီးသည်ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျရာကို ရပ်တည်သည်ဟုလူတိုင်းယုံကြည်ကြောင်း၊ အကယ်၍ကျွန်ုပ်အားမကာကွယ်ပါက သင်သည်လည်း အကြမ်းဖက်သူ ဖြစ်လာကြောင်း၊ ရဟန်းမင်းကြီးသည် စကားအားဖြင့်၊ ဆုတောင်းခြင်းဖြင့်၊ သံကင်းတမန်ကင်းများဖြင့်လည်းစီစဉ် လုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3AQClJo

 

Add new comment

9 + 1 =