Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ငြိမ်းချမ်းရေးအတွက်ဆုတောင်းခြင်းအစီအစဉ်သို့ရဟန်းမင်းကြီးကြွရောက်ပါ၀င်ခဲ့
ငြိမ်းချမ်းရေးအတွက်ဆုတောင်းခြင်းအစီအစဉ်သို့ရဟန်းမင်းကြီးကြွရောက်ပါ၀င်ခဲ့
ရောမမြို့မှစိန့်အီဂျီးဒီအိုအဖွဲ့မှစီစဉ်သော ငြိမ်းချမ်းရေးအတွက်ဆုတောင်းပွဲသို့ရဟန်းမင်းကြီးသည် သတင်းထုတ် ပြန်ထားခဲ့သည့်အတိုင်း ကိုယ်တိုင်ကြွရောက်၍ဆုတောင်းခဲ့သည်။ ထိုဆုတောင်းခြင်းကိုကက်သလစ်အသင်းအဖွဲ့ကစီစဉ် ခြင်းဖြစ်သော်လည်းငြိမ်းချမ်းရေးသည်လူသားတိုင်းနှင့်ဆိုင်သည်။ အထူးသဖြင့်ခရစ်ယာန်များအနေဖြင့် ငြိမ်းချမ်းရေးအ တွက်ဆုတောင်းပေးရ၊ ငြိမ်းချမ်းရရှိရန်လုပ်ဆောင်ရမည်ဖြစ်၍ ဤဆုတောင်းခြင်း၌ကက်သလစ်မဟုတ်သောအခြားခရစ် ယာန်ညီအစ်များ၊ ခရစ်ယာန်မဟုတ်သောဘာသာရေးခေါင်းဆောင်များလည်းပါ၀င်ခဲ့ကြသည်။
ဆုတောင်းခြင်း၌ထောက်ရူ ရမည့်အချက်ကား ‘အဘယ်သူမျှတစ်ဦးတည်းကယ်တင်ခြင်းမရနိုင်။ ငြိမ်းချမ်းရေးနှင့်ညီအစ်ကိုမောင်နှမ’ ဖြစ်သည်။ ဤအစီအစဉ်သည် (၁၉၈၆၊ အောက်တိုဘာလ၊ ၂၇) ရက်နေ့ အာစီးစီမြို့၌စိန့်ဂျွန်ပေါ်လ် (၂) မှဦးစီးလုပ်ဆောင်ခဲ့ သောအာစီးစီမြို့၏အဓမ္မအမွေကောင်းတစ်ခုဖြစ်သည်။ ထိုအစီအစဉ်၌စိန့်ဂျွန်ပေါ်လ် (၂) သည်ကမ္ဘာ့ဘာသာရေးခေါင်း ဆောင်များအား ကမ္ဘာ့မိသားစု၏ငြိမ်းချမ်းရေးအတွက်ဆုတောင်းခြင်း၌ပါ၀င်ရန်ပင့်ဖိတ်ခဲ့သည်။ စစ်အေးတိုက်ပွဲတိုက်ပွဲသည်မပြီးဆုံးသေးပါ။ ပြည်တွင်းစစ်သည်အရှိန်ကောင်းနေဆဲဖြစ်သည်။ အထူးသဖြင့် Mozambique၊ Sri Lanka၊ Guatemala နှင့် Eritrea တို့၌လွှတ်လပ်ရေဂရရှိရန်စစ်ဖြစ်ပွားလျှက်ရှိသည်။ လစ်ဗျား၌ လည်းသူပုန်တို့၏တိုက်ခိုက်မူကိုအမေရိကန်စစ်တပ်ကဗုံးကြဲ၍လက်စားတိုက်ခိုက်ခဲ့သည်။
Zimbabwe ၌မူပြည်သူ့တပ် မတော်က Ndebele လူမျိုးစုကိုအစု လိုက်အပြုန်လိုက်သတ်ဖျက်နေသည်။ ကမ္ဘာတစ်လွှားမှအကြမ်းဖက်မူများကြောင့် ကမ္ဘာတစ်လွှားမှဘုရားသခင်၏သားသမီးတို့သည် ဒုက္ခများစွာကိုရင် ဆိုင်ခံထမ်းနေရသည်။ ထိုအနိဌာရုံကိုမြင်တွေ့လိုက်ရသောစိန့်ဂျွန်ပေါလ် (၂) က ‘ငြိမ်းချမ်းရေးသည် သန့်ရှင်း၏။ ဘာသာ တရားတိုင်း၏အခြေခံသွန်သင်ချက်ထဲ၌လည်းငြိမ်းချမ်းရေးကိုရှာဖွေခြင်းသည်အခရာကျသည်ကိုသဘောပေါက်ခဲ့သည်။ ထို့ကြောင့်ငြိမ်းချမ်းရေးသည်လူတိုင်းအလိုရှိပြီး၊ လူတိုင်းနှင့်လည်းဆိုင်သည်၊ လူတိုင်းလည်းပိုင်သည်၊ ငြိမ်းချမ်းရေးရရန်လူ တိုင်းလည်းကြိုးစားအားထုတ်ရမည်ကိုနားလည်သဘောပေါက်ခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ငြိမ်းချမ်းရေးအတွက်အစဉ်တိုက်တွန်းလာခဲ့သူဖြစ်သည်။ ကမ္ဘာလူသားများစစ်ဒဏ် ခံနေရမူ၊ ဒေသအတွင်းပဋိပက္ခများကြောင့်မိမိတို့နေရပ်၊ တိုင်းပြည်စွန့်၍ထွက်ခွာနေကြ၊ ရာသီဥတုပူနွေးလာမူ၊ ဆင်းရဲမွှဲ တေမူမြင့်မားလာခြင်း၊ စည်းလုံးမူမရှိဘဲကွဲပြားနေခြင်း၊ ကပ်ရောဂါဆိုးနှင့်ရင်ဆိုင်ခံစားနေရစဉ် ကမ္ဘာ့ဘာသာရေးခေါင်း ဆောင်များနှင့်တစ်စိတ်တစ်၀မ်းတည်းထားပြီးဆုတောင်းခြင်းဖြစ်သည်။ ဤအခြေအနေများအားလုံးက ကျွန်ုပ်တို့အား လုံးသည်ထိလွန်ရှ လွယ်သူများဖြစ်ကြသည်။
တစ်ဦးတည်းရပ်တည်၍မရ၊ အချင်းချင်းအမှီသဟဲပြုရသည်ပြုရသည်ကို ပြုရန်လိုသည်ကိုညွှန်ပြနေသည်။
(ဆုတောင်းခြင်းကျင်းပသည့်နေရာ)
ဤဆုပေါင်းဆုတောင်းပွဲကို ရောမမြို့ရှိ Saint Mary in Aracoeli ဘာစီးလီကာတွင်ကျင်းပခဲ့သည်။ ဆုတောင်း ခြင်းကိုအပိုင်းနှစ်ပိုင်းဖြင့်ကျင်းပသည်။ ပထမအပိုင်း၌ဘာသာရေးခေါင်းဆောင်အသီးသီးမိမိတို့အတွက်အဆင်ပြေသော နေရာမှငြိမ်းချမ်းရေးအတွက်ဆုတောင်း ကြသည်။ ထိုသို့ဆုတောင်းရာတွင်ရဟန်းမင်းကြီးသည်အခြားသောခရစ်ယာန် ခေါင်းဆောင်များနှင့်အတူယှဉ်လျှက် Saint Mary in Aracoeli ၌ဆုတောင်းနေသည်။ ဂျူး၊ မွတ်စလင်၊ ဗုဒ္ဓဘာသာ၀င်တို့ ၏ဘာသာရေးခေါင်းဆောင်များ သည်အခြားသောနေရာများ၌ ငြိမ်းချမ်းရေးအတွက်တစ်စိတ်တစ်၀မ်းတည်းထားပြီး၊ ဆုတောင်းခြင်း၌ပါ၀င်နေကြသည်။ ဒုတိယအပိုင်း၌မူဘာသာရေးခေါင်းဆောင်များသည် Capitoline တောင်ကုန်းပေါ်ရှိ စိန့်မိုက်ကယ်ရင်ပြင်သို့လာရောက်ကြကာ ကမ္ဘာ့ဘာသာများအားလုံးစုပေါင်းဆုတောင်းခြင်းအစီအစဉ်၌ပါ၀င်ကြသည်။ ဤအပိုင်းသည်ငြိမ်းချမ်းရေးအတွက်ဆုတောင်းသော (၂၀၂၀) ခုနှစ်၏အစီအစဉ်အဆုံးသတ်လည်းဖြစ်ပြီး၊ ကမ္ဘာ့ငြိမ်းချမ်း ရေးအတွက်လည်းတောင်းဆိုရင်း၊ ငြိမ်းချမ်းရေးဖယောင်းတိုင်များကိုထွန်းညှိကြမည်ဖြစ်သည်။
(တစ်မိနစ်ခန့်ဆိတ်ငြိမ်စွာဖြင့်ဆုတောင်းခဲ့ကြ)
ငြိမ်းချမ်းရေးအတွက်ဆုတောင်းခြင်း၏နောက်ဆုံးအစီအစဉ်အဖြစ် မည်သည့်စစ်ကြောင့်မဆိုအသက်ဆုံးရှုံးခဲ့ရ သောသူများနှင့်ကိုဗစ်ကူးစက်ရောဂ်ကြောင့်သေဆုံးသွားခဲ့ကြသောသူများအားရည်စူး၍ ‘တစ်မိနစ်ခန့်’ တိတ်ဆိတ်စွာ ဖြင့်ဆုတောင်းမေတ္တာပို့သပေးခဲ့သည်။ ထို့နောက်ကလေးများက နိုင်ငံတကာမှသံအမတ်များနှင့်နိုင်ငံရေးခေါင်းဆောင် များအား ‘အဘယ်သူမျှတစ်ဦးတစ်ယောက်တည်းကယ်တင်ခြင်းမခံရနိုင်’ ဟူသောဆင်ခြင်စရာအချက်ကိုတောင်းဆို၍ အဆုံးသတ်ခဲ့ကြသည်။
ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Add new comment