ငြိမ်းချမ်းရေးသည်  မိုဇမ်ဘစ် နိုင်ငံသားတို့၏ အနက်ရှိုင်းဆုံးမျှော်လင့်ချက်
မိုဇမ်ဘစ်နိုင်ငံသူ၊ သား များ ရဟန်းမင်းကြီးကိုကြိုဆိုကြခြင်း
ငြိမ်းချမ်းရေးသည်  မိုဇမ်ဘစ် နိုင်ငံသားတို့၏ အနက်ရှိုင်းဆုံးမျှော်လင့်ချက်
စက်တင်ဘာလ ၅၊ ၂၀၁၉
ငြိမ်းချမ်းရေးသည် မိုဇမ်ဘစ် နိုင်ငံသားတို့၏ အနက်ရှိုင်းဆုံးမျှော်လင့်ချက်ဖြစ်ပြီး ထိုအရာကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သယ်ဆောင်လာပေးမယ်။
ပုပ်ရဟန်းမင်းကြီးက ကျွန်တော်တို့ကို ချစ်တယ်၊ ပုပ်ရဟန်းမင်းကြီး ကြွရောက်လာခြင်းဟာ ကက်သလစ်ခရစ်ယာန်တွေရဲ့ စည်းလုံးခြင်းပြရုပ်ပါပဲ၊ အခုကျွန်တော်တို့ခံစားရတာက တစ်ကမ္ဘာလုံးမှာရှိတဲ့ ကက်သလစ်တွေနဲ့တစ်လုံးတဝတည်းဖြစ်သွား သလိုခံစားရတယ်ဟု မိုဇမ်းဘစ်နိုင်ငံသား ဘုန်းတော်ကြီး ဘာနာဒို ဆွာတေ မှ ပြေားကြားခဲ့ပါသည်။
ဘုန်းတော်ကြီး ဆွားတေ မှ ဆက်လက်ပြီး ပုပ်ရန်းမင်းကြီးက ကျွနု်ပ်တိူ့ရဲ့ ချစ်ခြင်းမေတ္တာ၊ မျော်လင့်ခြင်း နှင့် ယုံကြည်ခြင်းကို ခွန်အားပေးဖို့ကြွလာသလို ကျွနုပ်တိူ့တွေ့ကြုံခံစားနေရတဲ့ အခက်အခဲး တွေ စိန်ခေါ်မူ့တွေအတွက် နှစ်သိမ့်အားပေးဖို့လာခြင်းဖြစ်တယ်။ အခု တို့နိုင်ငံရဲ့ မြောက်ပိုင်းဒေသတွေ မှာ အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မူတွေခံနေရတယ်၊ သူတို့ရွာတွေမီးရှို့ခံရတယ်၊ လူတွေအသတ်ခံရတယ်၊ ဒါပေမဲ့လည်း တို့တတွေ အဲ့ဒီအခက်အခဲးတွေကြားကနေ အခု တို့တတွေရဲ သာသနာတော်ကြီး ပျော်ရွှင်နေတယ်၊
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်တို့နဲ့အတူရှိခြင်းက တို့ရဲ့အခက်အခဲးတွေကို ကျော်လွန်နိုင်အောင်၊ တို့နိုင်ငံကို ပျော်ရွှင်အောင်၊ ယုံကြည်စိတ်ချရသောနိုင်ငံဖြစ်အောင်၊ ငြိမ်းချမ်းတဲ့နိုင်ငံတည်ဆောက်နိူင်အောင် ကူညီပေးမယ်လို့မျှော်လင့်တယ်၊
ပုပ်ရဟန်းမင်းကြီးရဲ့ခရီးစဉ်က ငြိမ်းချမ်းရေးပြန်လည်သင့်မြတ်ရေးနဲ့ မျှော်လင်ခြင်း ဖြစ်တယ်၊ ငြိမ်းချမ်းရေးပြန်လည် ဆန်းသစ်လာဖို့မျှော်လင့်တယ်၊ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က တို့အတွက် မျှော်လင့်ချက်ပါပဲ။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က တို့နိုင်ငံရဲ့ငြိမ်းချမ်းရေး လမ်းစဉ်တွေကိုကို ခိုင်မာတောင့်တင်းအောင်လုပ်ဆောင် ပေးလိမ်မယ် လို့ တို့အားလုံးမျော်လင့်တယ်၊ တို့အတွက် အလိုအပ်ဆုံးအရာဟာ ငြိမ်းချမ်ရေးပါပဲ။
လူငယ်တွေလည်း ရဟန်းမင်းကြီးရဲ့အားပေးမူ့ကို မျှော်လင့်နေကြတယ်၊ သူတို့တွေလည်း ငြိမ်းချမ်းရေးတိုက်ပွဲးအတွက်၊ ငြိမ်းချမ်းသောလူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ခြင်းနေကြတယ်။ ပုပ်ရဟန်းမင်းကြီး လူငယ်တွေနဲ့တွေ့တဲ့အခါ လူငယ်တွေ ကို တို့နိုင်ငံရဲ့ အနာဂတ် မနက်ဖြန်အတွက်သာမဟုတ် တိုနိုင်ငံအတွက် ဒီနေ့ လက်ရှိအချိန်လည်းဖြစ်တယ် ဆိုတာပြောလိမ့်မယ်လို့မျော်လင့်တယ် ဟု့ မိုဇမ်းဘစ်နိုင်ငံသား ဘုန်းတော်ကြီး ဘာနာဒို ဆွာတေ မှ ပြေားကြားခဲ့ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2ktAsj5
Zawgyi
စက်တင်ဘာလ ၅၊ ၂၀၁၉
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်တို့နဲ့အတူရှိခြင်းက တို့ရဲ့အခက်အခဲးတွေကို ကျော်လွန်နိုင်အောင်၊ တို့နိုင်ငံကို ပျော်ရွှင်အောင်၊ ယုံကြည်စိတ်ချရသောနိုင်ငံဖြစ်အောင်၊ ငြိမ်းချမ်းတဲ့နိုင်ငံတည်ဆောက်နိုင်အောင် ကူညီပေးမယ်လို့မျှော်လင့်တယ်၊
By Kyi Maung
Credit to Vatican News
https://bit.ly/2ktAsj5
Add new comment
8 + 0 =