ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင်ယူနုစ်၏ပန်ကြားစကား

ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင်ယူနုစ်၏ပန်ကြားစကား

ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင်ယူနုစ်၏ပန်ကြားစကား

ငြိမ်းချမ်း ရေးနိုဘဲလ်ဆုရှင်မိုဟာမတ်ယူနုစ်ကပြီးခဲ့တဲ့ ကြာသပတေးနေ့ကကျင်းပသော ကိုဗစ် (၁၉) အလွန်ဖြစ်ပေါ်ရိုက်ခတ်လာ နိုင်သောစီးပွားရေးအခြေအနေနှင့်ပတ်သက်၍ပို့ချခဲ့သည်။ ထိုပို့ချချက်၏ခေါင်းစဉ်မှာ နောက်ပြန်မဆုတ်ရ ဟုဖြစ်သည်။ သူ၏ပို့ချချက်ကိုရဟန်း မင်းကြီး၏လမ်းညွှန်မူအောက်ရှိ လာထရင် တက္ကသိုလ်မှအိမ်ရှင်ပြုလုပ်ကာတိုက်ရိုက်လွှင့်ထုတ်ခဲ့သည်။
သူသည်ပရောဖက်ဆာဖြစ်ပြီး၊ ဂရာမင်ဘဏ်ကိုလည်းတည်ထောင်ထားပြီး၊ အသေးစားချေးငွေ များကိုချေးဌားပေးခြင်းနှင့်ဒေသ ဖွံ့ ဖြိုးရေးအတွက်နွမ်းပါးချို့တဲ့သူများအားချေးဌားပေးသည်။ သူသည် ငြိမ်းချမ်းရေးနိုဘဲလ်ဆုကို (၂၀၀၆) ခုနှစ်တွင်ပေးအပ်ခံခဲ့ရသည်။ ဆုပိုင်ဆိုင် ရခဲ့သည့်အဓိကအကြောင်း တရားမှာဒေသဖွံ့ဖြိုးရေးအတွက်အသေးစားချေးငွေလုပ်ငန်းများဖြင့်ဆင်းရဲနွမ်းပါးသူ ပပျောက်ရေးကိုအဓိကလုပ် ဆောင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ သူသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ပထမဦးဆုံးသောနိုဘဲလ်ဆုရှင်ဖြစ် သည်။

သူ၏ပို့ချချက်ထဲ၌ပညာရေးနှင့်ငွေကြေးလောကကိုစိန်ခေါ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ကို ဗစ် (၁၉) အလွန်၏အခြေအနေ သည် ဤရောဂါကပ်ဆိုးကြီးမကျရောက်မီကကဲ့သို့နောက်ကြောင်းပြန်မ ဖြစ်စေရန်စဉ်းစားရမည်။ သူသည်ကိုဗစ် (၁၉) အလွန်၌အခွင့်အလမ်းပေါင်း များစွာထွက်ပေါ်လာမည်ဟု မျှော်လင့်ထားသည်။ ထိုအခွင့်အရေး ကိုကောင်းစွာအသုံးချတတ်ရန်မှာလူမူရေးနှင့်ပတ်၀န်းကျင်၏လို အပ်ချက် ကို သိပ္ပံနည်းဖြင့်လေ့လာသုံးသပ်သည်ထက်စီးပွားရေးအတွက်အသုံးချတတ်မှသာလျှင်အမြတ် အစွန်းကောင်းကောင်းရပေမည်။

ထိုအောင်မြင်မူကို ရရှိရန်မှာတစ်ဦးစီနှင့်အဖွဲ့အစည်းတစ်ခုလုံး၏ပျော် ရွှင်မှုဖြစ်သည်။ ဤသို့ဖော်ဆောင်ရန်မှာလူတို့ကိုဗဟိုချက်မတွင်ပြန်လည် နေရာချထားရန်လို သည်။ အ တူတကွလက်တွဲလုပ်ဆောင်ရမည်။ သို့မှသာနက်ဖန်နေ့ကိုတည်ဆောက်နိုင်မည်။ အတိတ်ကိုပြန်မ ကြည့်ပါနှင့်။ အနာဂါတ်ကိုသာရှေ့ ရူပါ။

 

ဖော်စပ်တီထွင်ထုတ​ေဝေလာမည့်ကာကွယ်ဆေးများကိုတစ်ကိုယ် ကောင်းစားရေးအတွက်သာမဖြစ်ရ။

ယနေ့ကမာကြီသည်ကိုဗစ် (၁၉) ရောဂါကပ်ဆိုးကိုရင်ဆိုင်ရာတွင်ရှုံးနိမ့်ခဲ့သည်။ အတူတကွ တွန်းလှန်ရန်မပေါင်းစည်းနိုင်ခဲ့။ မိမိတို့၏ အစွမ်းအစအလိုက်အစိပ်စိပ်အမွှာမွှာကွဲနေခဲ့သည်။ မိမိတို့၏ နိုင်ငံသားများဘေးကင်းရန်ကိုသာသဲမဲစွာလုပ်ဆောင်နေခဲ့ကြသည်။ ထို့ကြောင့ဝေ ဒနာပိုမိုပြင်းထန်ခဲ့ ရသည်။ ကြုံရသောပြဿကြောင့်စိတ်ပျက်ခဲ့ရသည်။ ကမာသစ်ကိုဖန်တီးရန်မှာကိုယ်ကျင့်တရား၌ခိုင် မာသူ၊ ဘာသာရေးဦး ဆောင်မူ၌ပြတ်သားပြီး၊ လူမျိုးရေးကိုအောင်မြင်ကျော်လွှားနိုင်သူဖြစ်ရမည်။ ယ ခင်ကျွန်ုပ်တို့၏လမ်းဟောင်း (အကျင့်ဟောင်း) ကိုလည်းသင် ပုန်းချေပြီး၊ လမ်းသစ်၊ ဦးတည်ချက်အသစ် ဆီသို့ဖောက်လျှောက်နိုင်ရမည်။ ထို့အတူနည်းလမ်းသစ်များကိုအသုံးပြုပြီး၊ ရလာဒ်သစ်များကိုအရယူ ရမည်။
(၇၉) နှစ်ရှိပြီဖြစ်သောစီးပွားရေးပညာရှင်သည် ကမာ့ကျန်းမာရေးအဖွဲ့အစည်း၏လုပ်ဆောင် ချက်များကိုကာကွယ်ပြောဆိုရင်း၊ ကာ ကွယ်ဆေးကိုထုတ်လုပ်ရာတွင်အများကောင်းကျိုး၊ အများ၏အ သက်ကိုကယ်တင်ရန်ရည်ရွယ်သည်ထက်အကျိုးအမြတ် ကိုသာတွက်၍ရောင်း တန်း၀င်ကုန်ပစွည်းများ ကဲ့သို့ထုတ်လုပ်မူကိုမူထောက်ပြခဲ့သည်။ ထို့အတူကာကွယ်ဆေးကိုတီထွင်ဖော်စပ်ပြီးအမေရိကန်ပြည် ထောင်စုကိုသီး သန့်လှူဒါန်းပေးလိုသည်ဟုထုတ်ဖော်ပြောဆိုခဲ့သည်ကိုအားမပေးခဲ့ပေ။ ဤနေရာ၌ပုပ်ရ ဟန်းမင်းကြီးဖရန်စစ်၏ကုသမူနှင့်ပတ်သက်၍ လူတန်း စားတိုင်းအတွက်လက်လှမ်းမှီပြီး၊ အခမဲ့ဆေး ၀ါးများထောက်ပံ့ပေးနိုင်ရန်စီစဉ်ပေးသင့်သည့်မိန့်မှာချက်ကိုထပ်လောင်းပြောကြားသည်။ သို့မှသာစျေးကွက်စီးပွားရေး၌လက်ဝါးကြီးအုပ်မည့်သူများ၏ရန်မှာကာကွယ်နိုင်မည်ဖြစ်သည်။

လူမူစီးပွားရေး၏အခွင့်အရေးများ

သူ၏တောင်းဆိုမူတွင်ကာကွယ်ဆေး ကိုဗစ် (၁၉) ရောဂါကာကွယ်ဆေးကိုလည်း ဖော်စပ်ထုတ် လုပ်ဖြန့်ဖြူးခြင်းကိုပြုလုပ်ရန်၊ ဤ စျေးကွက်သည်လူမူစီးပွားဖြစ်သည်။ လူမူစီးပွားသည်စီးပွား ရေးစံတစ်ခုဖြစ်သည်။ ထုတ်ကုန်ကိုအကျိုးအမြတ်ကိုသာမတွက်။ ကြုံကြိုက်နေ ရသောရောဂါကပ်ဆိုး ကြီးကိုဖြေရှင်း၍လူ့အသက်ကိုကယ်တင်ရန်ဖြစ်သည်။ ကုမဏီများစွာရင်းနှီးမြှုပ်နှံလာရန်မှာအစိုးရနှင့်ဆိုင်သည်။ ထုတ် လုပ်သောဆေး၀ါးများသည်လည်းယုံကြည်စိတ်ချရမည်။ လုံလောက်မူရှိရမည်ဖြစ် သည်။ အစိုးရသည်အလွန်နွမ်းပါးချို့တဲ့သူများ၊ အလုပ်လက် မဲ့ဖြစ်နေသူများအားဂရုစိုက်လုပ်ဆောင်နေ စဉ်ယခင်လမ်းဟောင်း၊ စနစ်ဟောင်းသို့ပြန်လည်ဦးလှည့်မသွားမိစေရန်သတိရှိရမည်။ ဤသို့ကူညီရာ တွင်ထားရှိရမည့်စံတရားမှာလူ့ဘ၀တန်ဖိုးနှင့်လူ့အသက်ကိုကာကွယ်သောတရားမျှတခြင်းတရားများကိုအခြေခံထားရမည့်အကြောင်းထပ်လောင်းပြောကြားခဲ့သည်။

သန့်ရှင်းသောသင်ပုန်း

သူကကိုဗစ် (၁၉) ရောဂါဆိုးသည်ပြသာနာပေါင်းစုံကိုသယ်ဆောင်လာခဲ့သည်။ ထို့အတူအခွင့်အ ရေးများလည်းတစ်ပါတည်းပါလာသည်။ ကမ္ဘာကြီးအားသမာရိုးကျသွားလာလှုပ်ရှားနေခဲ့သောဘ၀နေ ထိုင်မူပုံစံမှလုံး၀ဖြတ်တောက်၍အိမ်တွင်းအိမ်ပြင်မထွက်ဘဲနေထိုင်ပြီး၊ အစစအရာရာကိုပြန်လည်ပြင် ဆင်၍အသိတရားအသစ်၊ အတွေးအခေါ်အသစ်၊ သွားလာနေထိုင်မူ၊ အသုံးအဆောင်များအားလုံးပုံစံအ သစ်ဖြင့်ပြန်စခိုင်းသည်။ ဤအခြေအနေကိုဖြတ်သန်းပြီးခါမှကိုဗစ် (၁၉) ရောဂါဆိုးအလွန်တွင်ယခင် ခေါက်ရိုးကျိုးပုံစံအတိုင်းပြန်သွားမလားဟုမေးခွန်းထုတ်စရာဖြစ်သည်။ ဤရောဂါဆိုးကြီးမတိုင်ခင်က လည်းကျွန်ုပ်တို့သည်ပြသာပေါင်းစုံဖြစ်သည့်ကမ္ဘာကြီးပူနွေးလာမူ၊ ရာသီဥတုပြောင်းလဲမူ၊ အလုပ်လက် မဲ့ပြသာနာမြင့်တက်လာမူ၊ ဆင်းရဲချမ်းသာကွာဟမူ၊ လူအစားထိုးစက်ရုပ်များကိုအသုံးပြုလာမူစသော ပြသာများကြုံခဲ့သည်။ ကမ္ဘာသစ်၌ကျွန်ုပ်တို့ကြိုတင်မမျှော်တွေးနိုင်သောအခွင့်အရေးသစ်များကိုရှာဖွေ ရန်၊ ထိုအခြေအနေများကိုပုံစံသစ်များထွင်၍ဖြေရှင်းနိုင်ရန်လိုအပ်ကြောင်းသူ၏အမြင်ကိုပို့ချသွားခဲ့ သည်။

ဘာသာပြန်ဆိုသူ ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3fPfcvY

Add new comment

9 + 4 =