ငြိမ်းချမ်းခြင်းနှင့် သည်းခံခြင်းရှိဘို့ ခရစ်ယာန်များနဲ့ အနီးကပ် လက်တွဲလုပ်ဆောင်ကြရန် မွတ်ဆလင်ခေါင်းဆောင်များတိုက်တွန်း

ငြိမ်းချမ်းခြင်းနှင့် သည်းခံခြင်းရှိဘို့ ခရစ်ယာန်များနဲ့ အနီးကပ် လက်တွဲလုပ်ဆောင်ကြရန် မွတ်ဆလင်ခေါင်းဆောင်များတိုက်တွန်း

ငြိမ်းချမ်းခြင်းနှင့် သည်းခံခြင်းရှိဘို့ ခရစ်ယာန်များနဲ့ အနီးကပ် လက်တွဲလုပ်ဆောင်ကြရန် မွတ်ဆလင်ခေါင်းဆောင်များတိုက်တွန်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ရဲ့ အီရတ်နိုင်ငံသို့ တမန််တော်ကြီးခရီးစဉ်ဟာ ကမ္ဘာတဝှမ်းမှ မွတ်ဆလင်များဆီက နေ အပေါင်းလက္ခဏာဆောင်တဲ့ တုန့်ပြန်မှုများ ဆက်လက်ပြီး ရရှိနေပါတယ်။ မတ်လ ၆ ရက်နေ့က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ အီရတ် ရှီယာ မွတ်ဆ လင် ဘာသာရေး ခေါင်းဆောင်ကြီးဖြစ်တဲ့ Grand Ayatollah Ali al-Sistani နှင့် တွေ့ ဆုံခဲ့ ပါတယ်။

အထက်ပါ ဘာသာရေးခေါင်းဆောင်ကြီးများ၏ တွေ့ဆုံခြင်းသည် အဓိက မွတ်ဆလင် နိုင်ငံကြီး ၂ နိုင်ငံနှင့် အပြန်အလှန်ဆွေးနွေးဖလှယ်ခြင်းပြုရန်ဟူသည့် ပုပ်ဖရန် စစ်၏ သာ သနာလုပ်ငန်းကို ပြည့်စုံစေသည့် တွေ့ဆုံခြင်းဖြစ်သည်ဟု အမေရိကားမှ မွတ်ဆလင် များက မှတ်ယူကြကြောင်း

“ဒီအခွင့်အရေးကို ကျွန်ုပ်တို့ လက်လွတ်သွားရင်၊ နောင်အနာဂတ်မှာ ဘယ်အချိန်မှာမှ ဒီလိုအခွင့်အရေးမျိုးကိုပြန်ရနိုင်မယ်ဆိုတာ ကျွန်ုပ်သံသယဖြစ်မိတယ်။ မတရားမှုတွေရဲ့ ရှေ့မှာ ရပ်တည်ပေးဘို့ ငြိမ်းချမ်းခြင်းနှင့် သည်းခံခြင်းပိုပြီးရှိဘို့ ကျွန်ုပ်တို့ တွေ အနီးကပ် အသေအချာ လက်တွဲလုပ်ဆောင်ကြရပါမယ်။ အီရတ်မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်ကြီး နှင့် ပုပ်ဖရန်စစ် တို့၏ တွေ့ဆုံခြင်းဟာ နိုင်ငံအတော်များများက မွတ်ဆလင် နဲ့ ခရစ်ယာန်များ အတွက် အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးဆက်များရှိလာနိုင်လိမ့်မယ်” လို့ မြောက်အမေရိကား၏ ရှီယာမွတ်ဆလင် ဘာသာရေးခေါင်းဆောင်ကြီးဖြစ်တဲ့ Sayyid Muhammad Baqir Kashmiri ကဆိုပါတယ်။

ဒီအချက်တွေကို သိရတာဟာ ကမ္ဘာကြီးအတွက် အံ့အားသင့်စရာ ရှာဖွေချက် တရပ်ဖြစ်နိုင်ပြီး ယခင်က ပဋိပက္ခများနဲ့ ဒုက္ခအခက်အခဲများရှိတဲ့ အတိတ်သမိုင်း ရှိသော်လည်း ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာရေးအတွက် အီရတ်ဟာ စံပြနိုင်ငံ ဖြစ်နိုင်ပါသေးတယ်လို့ ဆိုထားခြင်းကို Rome Reports သတင်းအရ သိရှိရပါတယ်.

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: Rome Reports/youtube 

http://bit.ly/3c3hGXE

Add new comment

17 + 1 =