ငါးမိနစ်ခန့် ဆုတောင်းသည့် မိုဘိုင်းအက်ပ် မှ အမေရိကန်ဒေါ်လာ သန်း (၅၀) ရရှိခဲ့

ငါးမိနစ်ခန့် ဆုတောင်းသည့် မိုဘိုင်းအက်ပ် မှ အမေရိကန်ဒေါ်လာ သန်း (၅၀) ရရှိခဲ့

ငါးမိနစ်ခန့် ဆုတောင်းသည့် မိုဘိုင်းအက်ပ် မှ အမေရိကန်ဒေါ်လာ သန်း (၅၀) ရရှိခဲ့

            နေ့စဉ်ရှုပ်ထွေးပွေလီသောအလုပ်များသည် ဖြတ်တောက်ရန်နှင့်ရပ်နားရန်မဖြစ်နိုင်ဖြစ်နေရပါသည်။ (၂၀၁၈) ခုနှစ်မှစ၍ ‘Hallow’ ဟုအမည်ပေးထားသောအစီအစဉ်သည် အလွန်အလုပ်ရှုပ်သောသူများကို များများစားစားမဟုတ်။ တစ်ရက်လျှင် (၅) မိနစ်မှ မိနစ် (၃၀) ခန့်ဆုတောင်းခြင်းနှင့် ထောက်ရူခြင်း အစီအစဉ်၌ပါ၀င်ရန် စည်းရုံးစွဲ ဆောင်နိုင်ခဲ့သည်။ ဤနည်းလမ်းသည် ဖုန်းအသုံးပြုရမည်ဖြစ်ပြီး ဆုတောင်းရုံသက်သက်မျှသာမဟုတ်။ အခြား သောထောက်ရူချက်များ၊ စိတ်ဓာတ်အပန်းဖြေသောအစီအစဉ်များပါ၀င်ပါသည်။ သို့သော် ဤအစီအစဉ်များအားလုံး သည် သမ္မာကျမ်းစာ၌ အခြေခံထားပါသည်။ ဤအသင်းကို ALEX JONES ကစတင်တည်ထောင်ခဲ့သည်။     

            အစီအစဉ်ကို ခရူးစူးအမှတ်သားခြင်းဖြင့်အစပြုရမည်။ ဤအစီအစဉ်ကိုတည် ထောင်သူက ‘ကျွန်ုပ်အနေဖြင့် အပိုင်းတစ်ပိုင်းကိုယူရသည်ကိုနှစ်သက်ပါသည်ဟုဆိုသည်။ အချိန်ကာလတစ်ခုအထိထောက်ရူပါ။ နာကြပ်တပ်ဆင်ပါ။ မျက်လုံးကိုမှိတ်ထားလိုက်ပါ။ အစီအစဉ်၏နည်းလမ်းအတိုင်းလိုက်နာပါ။ ထောက်ရူပါ။ ဤ နည်းလမ်းမျိုးကိုသင်ယူပါ။ ကျွန်ုပ်ထောက်ရူချက်ကိုပြုတိုင်း ၀ိညာဉ်ရေးနှင့်ဆိုင်သောအရာများ၊ ခရစ်ယာန်အသက်တာနှင့်ဆိုင်သောအရာများဆီသို့သာ စိတ်အာရုံများကိုတိမ်းညွှတ်သွားစေပါသည်’ ဟုပြောပါသည်။ သူ၏အစီအစဉ် ကိုစတင်မိတ်ဆက်ရခြင်းမှာ ခရစ်ယာန်လူငယ်အများပိုင်းသည် ၄င်းတို့၏ယုံကြည်ခြင်းနှင့်ဆက်နွယ်သောအရာများ ကိုလိုက်ရှာနေခဲ့ကြသည်။ သို့သော် ခေတ်အခါသမယနှင့်လည်းကိုက်ညီပြီး၊ လွယ်ကူလက်တွေ့ကျစွာအသုံးပြုနိုင် သည့် အကြောင်းအရာများကိုတွေ့ရှိရန် အလွန်ခက်ခဲနေ‌ခဲ့သည်။ ထို့ကြောင့်လူငယ်များဆာငတ်နေသော အကြောင်း အရာကိုဖန်တီးရန်စိတ်ဆုံးဖြတ်ခဲ့သည်။ အစပိုင်း၌ လူငယ်များ၏စိတ်၀င်စားမှုကိုမရ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဖန်တီးမှုသည် ခေါက်ရိုးကျိုးနေသောဘောင်အတွင်းမှ မထိုးထွက်နိုင်ခဲ့သေးကြောင်း ထို့ကြောင့် အမိသာသနာတော်ကြီး ကဖော်ထုတ်ပြသလိုသော ကြွယ်၀သည့်အလှအပများကို မပေးစွမ်းနိုင်ဖြစ်ခဲ့သည်။ 

            သို့ဖြင့် ဆုတောင်းသည့်နည်းလမ်းအမျိုးမျိုးကိုတင်ဆက်ပေးခဲ့သည်။ နေ့စဉ်ဆုတောင်းမေတ္တာ၊ အစုအဖွဲ့နှင့် ဆိုရသောမေတ္တာများ၊ အခြေအနေ၊ အကြောင်းအရာပေါ်မူတည်၍ ဆိုရသော ဆုတောင်းမေတ္တာများတင်ပေးခဲ့သည်။ ထိုအခါ (၁.၅) သန်းမျှ ထိုဆုတောင်းခြင်းအစီအစဉ်ကို မိမိတို့၏ဖုန်းထဲ၌ကူးယူထားလိုက်ကြသည်။  ဤအစီအစဉ်စ တင်သည်မှစ၍ ဆုတောင်းမေတ္တာပေါင်း (၂၅) သန်းကိုတင်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ဤအစီအစဉ်မှ (၂၀၂၁) ခုနှစ်တစ် နှစ်တည်း၌ပင် အမေရိကန်ဒေါ်လာ သန်း (၅၀) အထိရံပုံငွေရရှိခဲ့သည်။ ထို့ကြောင့် အခြားသောဘာသာစကားများ ဖြင့်လည်းထုတ်လွှင့်ရန် အခွင့်အရေးများရရှိလာခဲ့ပါသည်။ ဤအစီအစဉ်ကိုစတင်မိတ်ဆက်ပေးခဲ့သူက ‘သိုးတို့သည် မိမိတို့၏ယုံကြည်ခြင်းကပေးစွမ်းသော ၀ိညာဉ်ရေးအစားအစာ၊ ငြိမ်းချမ်းရေး၊ နှစ်သိမ့်ခြင်းကို အမှန်တကယ်ဆာငတ်နေကြပါသည်ဟုဆိုသည်။ 

ဤသို့ပြုလုပ်နိုင်ရန်မှာ ၄င်းတို့နှင့်အတူ နံနက်ပိုင်း၌ (၄၊ ၅၊ ၁၀) မိနစ်ခန့် (သို့) တစ်နေ့တာ၏ အ ဆုံး၌ စိတ်ပုတီး (၁၀) စေ့ကိုလည်းကောင်း၊ သို့မဟုတ် မွန်းတည့်အချိန်၌ ဆုတောင်းမေတ္တာတိုလေးကိုလည်းကောင်း အဆင်ပြေသောအစီအစဉ်တစ်ခုခုကို မဖြစ်ဖြစ်အောင်ပြုလုပ်ပေးပါ’ ဟုအကြံပြုထားသည်။ ဤသို့အစချီခြင်းသည် ဆုတောင်းခြင်းအရှိန်ရအောင် စတင်ခြင်းဖြစ်သည်။ ထို့ကြောင့် တစ်နေ့တာ၏ (၅) မိနစ်ခန့်ကိုလည်းကောင်း မည်မျှ ပင်အလုပ်ရှုပ်ထွေး ပွေလီနေစေကာမူ ဆုတောင်းဖြစ်အောင်ဆုတောင်းပါဟုဆိုသည်။                  

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Stephanie Palmari / Google Images

https://bit.ly/3cWiRYJ

Add new comment

2 + 11 =