Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ငလျင်ဒဏ်သင့် ဂျာဗာ ဘေးဒူက္ခသည်များအတွက်ပုပ်ဖရန်စစ်သတိယ ဆုတောင်း
ငလျင်ဒဏ်သင့် ဂျာဗာ ဘေးဒူက္ခသည်များအတွက်ပုပ်ဖရန်စစ်သတိယ ဆုတောင်း
ရဟန်းမင်းကြီးဖရန်စစ်သည် ပြီးခဲ့သောဗုဒ္ဓဟူနေ့က စိန့်ပီတာရင်ပြင်၌ ဘုရားဖူးဘာသာတူများနှင့်တွေ့ဆုံစဉ်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်း၌ငလျင်လှုပ်ခတ်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရသောသူများ၊ ထိ ခိုက်ဒဏ်ရာရခဲ့ကြသူများ၊ အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရသောသူများအတွက်ဆုတောင်းပေးကြောင်း၊ ထပ်တူ ၀မ်းနည်းပူဆွေးရကြောင်းမိန့်ကြားခဲ့သည်။
သဘာ၀ဘေးဒဏ်စောင့်ကြည့်ရေးအဖွဲ့ (BNPB) အရ ဤငလျင်ကြောင့် လူ (၂၇၁) ဦးဆုံးရှုံးခဲ့ရပြီး၊ (၄၀) ပျောက်ဆုံးနေကြောင်း၊ ထိခိုက်ဒဏ်ရာရသူများမှာ (၂၀၄၃) ဦးရှိကြောင်း နို၀င်ဘာ (၂၃) ဗုဒ္ဓဟူနေ့ကထုတ်ပြန်ကြေညာခဲ့သည်။
အသက်ဆုံးရှုံးခဲ့ရသူအများပိုင်းမှာ အိမ်များပြိုလဲရာမှပိမိ၊ ရိုက်မိခြင်းဖြစ်ကြောင်း၊ ငလျင်၏ပြင်း အားမှာ (၅.၆) ရှိကြောင်း၊ ငလျင်၏ဗဟိုမှာ ဂျာဗားအနောက်ဖက် Cianjur မြို့၌ဗဟိုပြုကြောင်း၊ ဤမြို့ ၌ လူ (၁၇၅၀၀၀) နေထိုင်ပြီး ထိုဒေသတ၀ိုက်၌မူ (၂.၅) သန်းကျော်နေထိုင်သည်။
အင်ဒိုနီးရှား ကက်သလစ်အဖွဲ့အစည်းများက အရေးပေါ်လိုအပ်ချက်များကိုကာရီတာ့စ် အင်ဒိုနီးရှားနှင့်လက်တွဲ၍လည်းကောင်း၊ သာသနာအသီးမှလည်းကောင်း၊ နိုင်ငံအတွင်းရှိလူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ချိပ်ဆက်၍သော်လည်းကောင်းကူညီခဲ့သည်။ ဒေသခံသာသနာအတွင်းမှလုပ်အားပေးများ၏အကူ အညီဖြင့်စားစရာများ၊ ကျန်းမာရေး၀န်ဆောင်မှုများကိုပေးခဲ့သည်ဟုဆိုသည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Add new comment