ငလျင်ဒဏ်ကြားမှ အီတလီမှ သီလရှင်များ အရှုံးမပေးသော စိတ်ဓာတ်ဖြင့်ကြိုးစားရပ်တည်

ငလျင်ဒဏ်ကြားမှ အီတလီမှ သီလရှင်များ အရှုံးမပေးသော စိတ်ဓာတ်ဖြင့်ကြိုးစားရပ်တည်

ငလျင်ဒဏ်ကြားမှ အီတလီမှ သီလရှင်များ အရှုံးမပေးသော စိတ်ဓာတ်ဖြင့်ကြိုးစားရပ်တည်

အီတလီနိုင်ငံ အစီစီမြို့ရှိ စန်ဒါမြားနိုဘုရားကျောင်းပျက်သည် စိန်ဖရန်စစ်က " ပျက်စီးနေသော ငါ့ဘုရားကျောင်းကို ပြန်လည်တည်ဆောက်ပါ"ဟူသော အသံတော်ကိုကြားခဲ့ရာနေရာဖြစ်ပြီး သူ့ဖခင်၏ပိုင်ဆိုင်မှုတို့ကိုရောင်းချကာ စတင်တည်ဆောက်ခဲ့သည်။ရှစ်ရာစုအကြာတွင်လည်း သူ၏နောက်လိုက်များသည် သူကဲ့သို့ တည်ဆောက်ရန် ဖြစ်လာသည်။

၂၀၁၆ခု သြဂုတ်လ၂၄ရက်က အီတလီနိုင်ငံတွင် အင်အား ၆.၁ ရှိသော ငလျင်တစ်ခုလှုပ်ခတ်ပြီး လူပေါင်းနှစ်ရာကျော်သေဆုံးခဲ့သည်။ ထို့နောက်အောက်တိုဘာလတွင်လည်း ပိုမိုပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြန်သည်။လူမသေဆုံးတော့သော်လည်း အဆောင်အအုံများစွာပျက်စီးခဲ့ရသည်။ ထိုအထဲတွင် စိန်ကလဲသီလရှင်(Poor Clare)များလည်းပါဝင်သည်။

၁၉၉၇တွင် လှုပ်ခဲ့သောငလျင်ကြောင့် ကာမဲရီနိုရှိ စိန်ကလဲသီလရှင်များသည် ကျောင်းကိုထားခဲ့ပြီး ထွက်ပြေးခဲ့ကြရသည်။၂၀၁၆ခုနှစ်တွင်မူ သူတို့၏ အသစ်တည်ဆောက်ထားသော ကျောင်းနှင့် ငလျင်ဒဏ်ခံလျှင် ခိုလှုံလေ့ရှိသော သီလရှင်ကျောင်းပါ ပျက်စီးသွားခဲ့၍စစ္စတာရ် ၂၆ပါးမှာ နေစရာမရှိပဲ အခက်တွေ့ခဲ့ရရှာသည်။ ဆင်းရဲခြင်းသစ္စာခံသော သူတို့တွင် ပိုင်ဆိုင်သည့်အရာ မရှိပေ။ သို့သော်လည်း ထာဝရဘုရားရှင်ကိုသာ ပုံအပ်ခဲ့ကြသည်။ ၂၀၁၈ခုနှစ်တွင်မူ သူတို့သည် ပိုမိုသေးငယ်သော ကျောင်းတည်ဆောက်ရန်နှင့်ခြံဝယ်ရန် ငွေကြေးအလုံအလောက်ရရှိခဲ့ပြီး စတင်ပြီး ပြန်လည်တည်ဆောက်ခဲ့ကြသည်။

အခြားမြို့တွင်လည်း သီလရှင်သင်တန်းကျောင်းကို ဖွင့်လှစ်ကာ သီလရှင်လောင်း နှစ်ပါးမှာကတိသစ္စာခံယူခဲ့ကြသည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo Courtesy of Poor Clare sisters of Camerino

https://bit.ly/36eYHqx

 

Add new comment

1 + 5 =