ဂွာတာလုပေမယ်တော်ပွဲကို ‘ဖန်တီးခြင်းနှင့်အမျှော်အမြင်ရှိခြင်း’ ကျင်းပမည်။

ဂွာတာလုပေမယ်တော်ပွဲကို ‘ဖန်တီးခြင်းနှင့်အမျှော်အမြင်ရှိခြင်း’ ကျင်းပမည်။

ဂွာတာလုပေမယ်တော်ပွဲကို ‘ဖန်တီးခြင်းနှင့်အမျှော်အမြင်ရှိခြင်း’ ကျင်းပမည်။

ကိုဗစ် (၁၉) ကူးစက်ရောဂါကြောင့်လူစုလူ‌ေ၀းများမပြုရဟုတားမြစ်ချက်များနိုင်ငံအသီးသီး၌မိမိတို့၏တိုင်းသူ ပြည်သားများအရေးကိုတွေးပြီးကြေငြာခဲ့ကြသည်။ ထို့ကြောင့် (၂၀၂၀) ခုနှစ်အလယ်ပိုင်းမှစ၍ ဘာသာရေး၊ လူမူရေးပွဲ မည်သည့်ပွဲမျှမကျင်းနိုင်တော့ပေ။ မဖြစ်မနေကျင်းပသောအခါ၌လည်း သတ်မှတ်ချက်များကိုတင်းကြပ်စွာလုပ်ဆောင် လိုက်နာရသည်။ သို့မဟုတ်အွန်လိုင်းမှသာကျင်းပကြသည်။

လာမည့်ဒီဇင်ဘာလ (၁၂) ရက်နေ့၌အမိသာသနာတော်ကြီးသည် ဂွာတာလုပေမယ်တော်ပွဲနေ့ကိုကျင်းပမည်ဖြစ် သည်။ သို့သော်မက်ဆီကိုအစိုးရကကိုဗစ်ကြောင့် ဂွာတာလုပေဘာစီးလီကာဘုရားကျောင်းကြီးကိုဒီဇင်ဘာလ (၁၀ မှ ၁၃) အထိပိတ်ထား ရန်စာထုတ်ထားသည်။ မက်ဆီကိုနိုင်ငံသည်ကိုဗစ်ပိုးကူးစက်သူတစ်သန်းကျော်နှင့်သေဆုံးခဲ့သူအလွန်မြင့် မားသောကမ္ဘာ့နိုင်ငံများစာရင်းတွင်ပါသည်။ ထို့ကြောင့်မက်ဆီကိုဘာသာတူများအလွန်ကြည်ညိုသောဂွာတာလုပေမယ် တော်ပွဲနေ့ကိုလည်းနှစ်စဉ်ကဲ့သို့ခြိမ့်ခြိမ့်သဲမကျင်းပဘဲ ဒေသန္တာရအဆင့်မျှသာအကျဉ်းရုံးကျင်းပရန်အစိုးရကညွှန်ကြား ထားသည်။ ဤသို့ဖြင့်လူစုလူ‌ဝေးဖြစ်ခြင်းမှရှောင်ရှားနိုင်မည်ဖြစ်သည်။

ပွဲနေ့မစ္ဆားတရားပူဇော်ခြင်းကိုလည်းအွန်လိုင်း မှထုတ်လွှင့်ရန်တင်ပြထားသည်။ ဤကြေငြာချက်ကိုအောက်တိုဘာလအကုန်၌ထုတ်ပြန်ခဲ့သည်။ ဘာစီးလီကာဘုရား ကျောင်း၏တာ၀န်ခံဘုန်းတော်ကြီးကနှစ်စဉ်ဤပွဲတော်သို့ဘုရားဖူး (၁၅) သန်းခန့်ပါ၀င်ကြကြောင်း၊ ထိုဘုရားဖူးများအား စာနာသောအားဖြင့်ယခုနှစ်မယ်တော်ပွဲကို ‘ယခင်နှစ်နှင့်မတူအောင်စီစဉ်ပြီး၊ အမျှော်အမြင်ရှိရှိ’ ကျင်းပရန်လိုသည်ဟုပြော ကြားထားပါသည်။

ဘာစီးလီကာ၏တာ၀န်ခံ ဘုန်းတော်ကြီး MSGR. SALVADOR MARTINEZ AVILA ‘အကယ်၍ဂွာတာလုပေမယ်တော်အားဖူးမြှော်လိုပါက နှစ်စဉ်ကျင်းပသကဲ့သို့ဒီဇင်ဘာလ၌မကျင်းပဘဲရွေ့ဆိုင်း ကြစို့။ မက်ဆီကိုအစိုးရက (၂၀၂၀) သည်နိုင်ငံအတွက်စိန်ခေါ်မူအလွန်ကြီးမားသောနှစ်တစ်နှစ်အဖြစ်ကြေငြာထားသည်။ ထို့ကြောင့်ဂွာတာလုပေမယ်တော်ပွဲကိုလည်းနှစ်စဉ်ကျင်းပသကဲ့သို့ခြိမ့်ခြိမ့်သဲမကျင်းပဘဲအကျဉ်းရုန်းဖြင့်သာကျင်းပရန်မေတ္တာရပ်ခံထားသည်။

ယခင်နှစ်များက အမိမယ်တော်ထံသို့သူ၏သားသမီးများအရောက်လာခဲ့ကြသည်။ ယခုနှစ်၌မူအမိ မယ်တော်သည်သူ၏သားသမီးများရှိရာမက်ဆီကိုနှင့်လာတင်းအမေရိကန်များဆီသို့ကိုယ်တိုင်ကြွရောက်တော့မည်ဖြစ် သည်။ ဂွာတာလုပေမယ်တော်သည်မက်ဆီကိုနိုင်ငံအားမှိုင်းမသောမယ်တော်အဖြစ်ပြီး၊ အမေရိကန်၏ဘုရင်မအဖြစ် ရ ဟန်းမင်းကြီးပီအုစ့် (၂၂) က (၁၉၄၅) ခုနှစ်ကကြေငြာပေးခဲ့သည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: nbc news

https://bit.ly/39zSSWo

Add new comment

7 + 5 =