ဂျော်ဂျီယာသမ္မတမှ ရဟန်းမင်းကြီးဖရန်စစ်အား ၀ိုင်တစ်ဖာလက်ဆောင်ပေး

ဂျော်ဂျီယာသမ္မတမှ ရဟန်းမင်းကြီးဖရန်စစ်အား ၀ိုင်တစ်ဖာလက်ဆောင်ပေး

ဂျော်ဂျီယာသမ္မတမှ ရဟန်းမင်းကြီးဖရန်စစ်အား ၀ိုင်တစ်ဖာလက်ဆောင်ပေး

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဂျော်ဂျီယာသမ္မတ Salome Zurabishvili အားဗာတီကန်၌လက်ခံတွေ့ဆုံခဲ့သည်။ သမ္မတသည် ရဟန်းမင်းကြီးအတွက်လက်ဆောင်အဖြစ် ‘၀ိုင်’ တစ်ဖာကိုပေးခဲ့သည်။ ယခုကဲ့သို့ ‘၀ိုင်’ ကိုလက်‌ဆောင် ပေးရသည့်ရည်ရွယ်ချက်မှာ ဤ၀ိုင်သည် ဘီစီ (၆၀၀၀) သက်တမ်းရှိသောဂျော်ဂျီယာနိုင်ငံ၏အလွန်ရှေးကျသောသမိုင်း ၀င်ထုတ်ကုန်တစ်မျိုးလည်းဖြစ်သည်။ ထိုလက်ဆောင်နှင့်အတူ (၁၂) ရာစုက ဂျော်ဂျီယာလူမျိုးတို့၏ကဗျာကိုချည်ဖြင့် ထိုးထားသောပန်ချီကားတစ်ချပ်ကိုလည်းပေးခဲ့သည်။

           (၁၉၉၁) ခုနှစ် ဆိုဗီယက်ရုရှားတို့၏လက်အောက်မှမလွတ်မြောက်မီအချိန်ထိ ဂျော်ဂျီယာနိုင်ငံသားများတွေ့ကြုံခံထမ်းခဲ့ရသောပုံရိပ်များ၊ အကြောင်းအရာများကိုမှတ်တမ်းတင်ထားသော သမိုင်းစာအုပ်တစ်အုပ်ကိုလည်းပေးခဲ့သည်။ ထိုစာအုပ်ထဲ၌ ယခင်၏အဖြစ်နှင့်လက်ရှိ၏မြင်ကွင်းများ၊ နယ်ချဲ့ခံခဲ့ရခြင်း၏နောက်ဆက်တွဲဆိုးကျိုးများကို မှတ်တမ်းပြုစုထားသည်။

            ပုပ်ရဟန်းမင်းကြီးမှလည်း ယေဇူးသခင်နှင့်မယ်တော့်ပုံပါ သည့်ပန်းပုလက်ရာပုံတော်ကိုလည်းကောင်း၊ သူကိုယ်တိုင်လက်မှတ်ရေးထိုးထားသော ကမ္ဘာ့ခေါင်းဆောင်များသို့မိန့် ကြားသောသူ၏မိန့်ခွန်းမှတ်စာစုကိုလည်းကောင်း၊ သမ္မတအဖွဲ့၀င်များအားလည်းကောင်း စိပ်ပုတီးကိုလည်းကောင်း လက်ဆောင်ပေးခဲ့ပြီး၊ သူ့အတွက်လည်း ‘ဆုတောင်းပေးပါ’ ဟု (၃) ကြိမ်မိန့်ကြား၍ ဆုတောင်းခြင်းကိုအလှူခံခဲ့သည်။

            သမ္မ တသည် ရောမ၌ရောက်ရှိနေစဉ်၌ ယဉ်ကျေးမူနှင့်ပညာရေးဆိုင်ရာလုပ်ငန်းများကို ဗာတီကန်နှင့်ဂျော်ဂျီယာအစိုးရတို့ ကြား ပူးတွဲ‌လုပ်ဆောင်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ သမ္မတသည် ဗာတီကန်မှဖွင့်လှစ်ထားသော Bambino Gesù (သူငယ်တော်ယေဇူး) ကလေးဆေးရုံသို့လည်းသွားရောက်ကြည့်ရူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုဆေးရုံး၌ ဂျော်ဂျီယာဆေး၀န်ထမ်းများကိုစေလွှတ်၍ ကျန်းမာရေးဆိုင်ရာလက်တွေ့သင်တန်းများလာရောက်သင်ယူကြမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။  

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3gRHO9a

Add new comment

1 + 0 =