ဂျေရူးဆလင်တွင် အမေရိကန်နိုင်ငံသားတစ်ဦး ယေဇူးသခင်၏ဆင်းတုတော်ကိုဖျက်ဆီးခဲ့

ဂျေရူးဆလင်တွင် အမေရိကန်နိုင်ငံသားတစ်ဦး ယေဇူးသခင်၏ဆင်းတုတော်ကိုဖျက်ဆီးခဲ့

ဂျေရူးဆလင်ရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းတစ်ကျောင်း၌ ကြည်ညိုလိုသူများကြည်ညိုသဒ္ဓါပွားနိုင်ရန် ပူဇော်ခံထားသောယေဇူးသခင်၏ဆင်းတုတော်ကိုဖျက်ဆီးခဲ့သည်။ ဤအခင်းဖြစ်ပွားသောနေ့ မှာ ယမန်နေ့ (ဖေဖော်၀ါရီလ ၂) ရက်နေ့ဖြစ်သည်။ ထိုနေ့သည် ‘ယေဇူးသခင်အား ဂျေရူးဆလင်ဗိမာန်တော်၌သွားရောက်ပူဇော်သောပွဲနေ့’ ကိုခမ်းနားစွာအောက်မေ့ကျင်းပသောနေ့လည်းဖြစ်သည်။

‘အေပီ’ သတင်းဌာန၏ပြောကြားချက်အရ အခင်းဖြစ်ပွားသောကက်သလစ်ဘုရားကျောင်းမှာ ယေဇူးသခင်အားတိုင်၌ချည်နှောင်၍ရိုက်နက်နှိပ်စက်သည့်ဘုရားကျောင်းတွင်ဖြစ်ကြောင်း၊ အဆိုပါဘုရားကျောင်သည် ယေဇူးသခင်ဒုက္ခကားတိုင်လမ်းလျှောက်ခဲ့သော ကာလ်၀ါရီတောင်ခြေတွင်တည် ဆောက်ထားသည်။

ဤပြစ်မှုကိုကျူးလွန်သူမှာ အမေရိကန်နိုင်ငံသားခရီးသွားတစ်ဦးဖြစ်ကြောင်း အီစ္စရေးရဲများကသံသယရှိသူအားထိန်းသိမ်းထားသည်။ ပြစ်မှုကျူးလွန်သူက ‘ဂျေရူးဆလင်သည် သန့်ရှင်းသောမြို့ဖြစ်၍ ဆင်းတုများမထားရှိရ’ ဟုထိန်းသိမ်းထားစဉ်ပြောကြားခဲ့သည်ဟုဆိုသည်။ ပြစ်မှုကျူးလွန်သူ၏စိတ်ပိုင်းဆိုင်ရာအခြေအနေကိုစစ်ဆေးနေကြောင်းရဲကပြောကြားခဲ့သည်။

မက်ဆီကိုဂိုဏ်းချုပ်သာသနာ၏ ရုပ်သံနှင့်ရေဒီယိုအသံလွှင့်ဌာန၏တာ၀န်ခံဖြစ်သောဖာသာရ် Jose de Jesus Aguilarကဗွီဒီယိုဖိုင်လ်အတိုလေးတစ်ခုကိုရိုက်ကူးပြီး ဤအခင်းဖြစ်ပွားခြင်းနှင့်စပ်လျင်း၍ စိတ်မကောင်းဖြစ်ရကြောင်း၊ ဂျေရူးဆလင်သည် ဘာသာများစွာငြိမ်းချမ်းရေးရှာဖွေသောနေရာဖြစ် ကြောင်း၊ ခရစ္စတူးသခင်၏အလင်းတော်သည် ယခုရက်ပိုင်း၌ ဂျေရူးဆလင်အပေါ်ထွန်းလင်းပါစေ။ သူ သည်လောကအလင်းဖြစ်သည်။ ဂျေရူးဆလင်၌ငြိမ်းချမ်းခြင်းရှိပါစေဟုတိုက်တွန်းထားသည်။ (Shalom World SW)

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်
Photo courtesy of google images
https://bit.ly/3Yyb8X9

Add new comment

3 + 3 =