ဂျေရုဆလင်မှအာမေးနီးယန်းဘာသရေးခေါင်းဆောင်များတိုက်ခိုက်ခံရ

ဂျေရုဆလင်မှအာမေးနီးယန်းဘာသရေးခေါင်းဆောင်များတိုက်ခိုက်ခံရ

ဂျေရုဆလင်၌အခြေဆိုက်သည့် အာမေးနီးယန်းဘာသာရေးခေါင်းဆောင် Chancellor Aghan Gogchyan ၏သတင်းပေးပို့ချက်၌ အာမေးနီးယန်းဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ ဦးပဉ္ဇင်းများ၊ ရဟန်းလောင်းကိုရင်များနှင့်ဘာသာတူများအားရည်ရွယ်ချက်ရှိရှိ အင်အားများဖြင့်တိုက်ခိုက်ခဲ့သည်ဟုဆိုပါသည်။

ဤတိုက်ခိုက်ခြင်းကြောင့် ဆိုးရွားစွာဒဏ်ရာများရရှိခဲ့ကြကြောင်၊ ငြုပ်ကောင်းဖျန်းဆေးဗူးနှင့်ဓာတုပစ္စည်းများကိုလည်းအသုံးပြုထားကြောင်း၊ ဒဏ်ရာရရှိသော ဘာသာရေးခေါင်း ဆောင်များနှင့်သင်တန်းသားများအားဆေးရုံသို့ပို့ဆောင်ထားရသည်ဟုဆိုသည်။

ယခုတိုက်ခိုက်မှုသည် ပိုင်ဆိုင်မှုနှင့်စပ်လျင်း၍အငြင်းပွားနေသောကိစ္စနှင့်ပတ်သက်နေကြောင်း၊ ယခုအခင်းဖြစ်ပွားရာ၌ ထိုဒေသ၌နေထိုင်သော အစွန်းရောက်အီစ္စရေးလူမျိုး (၃၀) ပါသည့်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး မျက်နှာဖုံးအုပ်ကာ ၀တ်စုံအနက်ကို၀တ်ဆင်ထားကြကြောင်း၊ လက်နက်ကိုယ်စီဆောင်ထားကြောင်း၊ တိုက်ခိုက်သူများသည် နွားခြံထဲသို့၀ါရုန်းသုံးကား၀င်ရောက်လာပြီး တိုက်ခိုက်ခဲ့ကြောင်း၊ အခင်းဖြစ်ချိန်၌ရိုက်ယူထားသောဗွီဒီယိုကို လူမှုကွန်ရက်ပေါ်တွင်တင်ထားပေးကြောင်းပြောသည်။

မွန်းလွဲ (၁) နာရီမထိုးမီချိန်လေး၌ တုတ်၊ ဓား၊ မျက်ရည်ယိုဗုံးများကိုယ်စီကိုင်ဆောင်ထားသူတို့သည် ခြံထဲသို့ အတင်း၀င်ရောက်လာပြီး ထိုနေရာ၌နေထိုင်ကြသောအာမေးနီးယန်းတို့ကို အတင်းအကြပ်မောင်းထုတ်ခဲ့ကြသည်။ ထို့ကြောင့် နှစ်ဖွဲ့ကြားရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲများရောက်လာ၍အခြေအနေကိုထိန်း သိမ်းလိုက်ရသည်။ ထိုအခင်းဖြစ်ပွားပြီးနောက် အာမေးနီးယန်းလူငယ်နှစ်ဦးဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည်။

ယခုအငြင်းပွားနေသောနေရာမှာ အာမေးနီးယန်းဘာသာရေးခေါင်းဆောင် ၏မြေယာဖြစ်သည်။ သို့ သော် ဂျူးအခြေချနေထိုင်သူများကြားအငြင်းပွားလာနေခဲ့သည်။ ယခုကဲ့သို့ ရန်ဆောင်တိုက်ခိုက်လာခြင်းကြောင့် အာမေးနီးယန်းဘာသာရေးခေါင်းဆောင်များသည် ၄င်းတို့၏အသက်ကိုသတိကြီးစွာဖြင့်ကာကွယ်နေကြရသည်။ ယခုကဲ့သို့ဖြစ်ပွားရခြင်းမှာ နွားခြံကိစ္စနှင့်စပ်လျင်း၍ ဂျေရုဆလင်တရားရုံးသို့အမှုဖွင့်တိုင်ကြားခြင်း၏ နောက်ဆက်တွဲလုပ်ရပ်ဖြစ်သည်။ ဤအမှုကိုလက်ခံပြီး တစ်ရက် (၂၄) နာရီပင်မပြည့်တတ်မီ ယခုအခင်းဖြစ်ပွားခြင်းဖြစ်သည်။ ဤဖြစ်ရပ်ကို ဩစတေးလျနိင်ငံသား အီစ္စရေးလူမျိုးစီးပွားရေးလုပ်ငန်း ရှင် Danny Rothman (Rubenstein) နှင့် George Warwar (Hadad) တို့၏ဖျက်လိုဖျက်စီးတုန့်ပြန်သည့်လုပ်ရပ်ဖြစ်သည်ဟုဆိုပါသည်။

ကြေညာချက်ထဲ၌ အာမေးနီးယန်ဘာသာရေးခေါင်းဆောင်အားခြိမ်းခြောက်နေသည်မှာအမှန်တ ကယ်ဖြစ်နေကြောင်း၊ ထို့ကြောင့် ကမ္ဘာပေါ်ရှိအာဏာပိုင်အဖွဲ့အစည်းများနှင့်ကမ္ဘာ့သတင်းဌာနများအားကာ ကွယ်ပေးရန်အကူအညီတောင်းခံထားသည်။ ထို့အတူ အီစ္စရေးအစိုးရနှင့်ရဲတို့အား ဤပြစ်မှုဖြစ်ပွားရန်ကြိုး ကိုင်သူများကိုစစ်ဆေးဖော်ထုတ်ပေးရန်တောင်းခံထားသည်။

အီစ္စရေးနိုင်ငံသည် တရားဥပဒေစိုးမိုးသောနိုင် ငံဖြစ်ရာ ယခုကဲ့သို့မင်းမဲ့စရိုက်ဆန်သောလုပ်ရပ်မျိုးကိုလက်သင့်မခံသင့်ဘဲ ချက်ချင်းဖော်ထုတ်အရေးယူသင့်ကြောင်းဖော်ပြထားသည်။

ယခုအခင်းဖြစ်ပွားရခြင်း၏အကြောင်အရင်းမှာ ဩစတေးလျနိုင်ငံသားဂျူးလူမျိုးလုပ်ငန်းရှင် Danny Rothman သည် မြေယာကို (၉၉) နှစ်ဌားရမ်းစာချုပ်ချုပ်ဆိုခဲ့ကြကြောင်း၊ ကြား၀င်ဆောင်ရွက်ပေးသူမှာ Baret Yeretzian ဖြစ်ပြီး သူကိုယ်တိုင်သည် ပြည်ပြေးဘ၀ရောက်နေသူဖြစ်ကြောင်း သူသည်ယခင်က အာမေးနီးယန်းဘာသာရေးခေါင်းဆောင်၏မြေယာဆိုင်ရာညွှန်ကြားသူဖြစ်ခဲ့ကာ ဌားရမ်းသောနေရာ၌ အခြား အာမေးနီးယန်ဘာသာရေးခေါင်းဆောင်များဖြစ်ကြသော Nourhan Manougian၊ ဂိုဏ်းချုပ် Sevan Gharibian နှင့် လုပ်ငန်းရှင် Danny Rothman တို့ကဇိမ်ခံဟိုတယ်ကြီးတည်ဆောက်ရန်ရည်ခဲ့ကြသည်ဟုဆိုသည်။

အငြင်းပွားမှုသည် ထိုအခြေအနေမှစခဲ့သည်။ အငြင်းပွားမှုသည် အာမေးနီးယန်ဘာသာရေးခေါင်းဆောင်အားရိုက်ခတ်လာပြီး ၄င်းတို့ဘာသာတူများ၏ယုံကြည်မှုပင်ဆုံးရှုံးခဲ့သည်။ နောက်ဆုံး၌ အမှုတော်မှအနားယူ ရန်ဖိအားပေးခံခဲ့ရသည်။ ဂျော်ဒန်နှင့်ပါလက်စတိုင်းဒေသများရှိ အာမေးနီးယန်းခရစ်ယာန်များသည် သူ၏ဦး ဆောင်မှုကိုပြတ်သားစွာငြင်းပယ်ခဲ့သည်။

အငြင်းပွားမှုသည် မေလကဖြစ်ပေါ်လာခဲ့ပြီး စစ်ဆေးကြည့်ရာ (၉၉) နှစ်ဌားရမ်းစာချုပ်ကို (ဇူလိုင် ၂၀၂၁) ၌ချုပ်ဆိုထားသည်ကိုတွေ့ရှိခဲ့သည်။ အငြင်းပွားနေသောနေရာသည် ‘Wailing Wall’ (ငိုကြွေးရာတံ တိုင်း) သို့လာရောက်ကြသူများ၏ကားရပ်နားရန်နေရာအဖြစ်အသုံးပြုလျှက်ရှိသည်။ ဂျူးများဤသို့အသုံးပြု နေခြင်းကို အာမေးနီးယန်တို့ကမနှစ်မြှိုပေ။ အာမေးနီးယန်းတို့၏ထိန်းချုပ်မှုအောက်အားလုံးစုံရောက်ရှိရေးကို (၂၀၂၁) မှစတင်လုပ်ဆောင်ခဲ့သည်။ ဌားရမ်းစာချုပ်၌ အခြားသူများ၏မြေကွက်၊ အာမေးနီးယန်းတို့လက် ရှိနေထိုင်နေသောအဆောက်အဦးများ၊ စားသောက်ဆိုင်ကြီး၊ စတိုးဆိုင်များ၊ ဒူဘိုင်းနိုင်ငံ၌အခြေဆိုက်သော ကုမဏီတစ်ခုလုပ်ငန်းပိုင်မြေလည်းပါနေခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/39poU

 

Add new comment

4 + 3 =