ဂျူးဘာသာရေးခေါင်းဆောင်အချို့ ဗာတီကန်စာကြည်တိုက်သို့လေ့လာခွင့်ရ

ဂျူးဘာသာရေးခေါင်းဆောင်အချို့ ဗာတီကန်စာကြည်တိုက်သို့လေ့လာခွင့်ရ

ဂျူးဘာသာရေးခေါင်းဆောင်အချို့သည် ဗာတီကန်စာကြည်တိုက်ရှိဘာသာရေးနှင့်ဆိုင်သောပေရွက်များပေါ်တွင်ရေးသားထားသောရှေးဟောင်းစာတမ်းများကိုလေ့လာခွင့်ရမည်။

ကမ္ဘာပေါ်တွင် ဗာတီကန်၏စာကြည်တိုက်သည် ရှေးဟောင်းစာပေအမွေအနှစ်များစွာကိုထိန်းသိမ်းထားသောနေရာများအနက်တစ်ခုဖြစ်သည်။ ယခုအပတ်၌ကမ္ဘာပေါ်မှပညာရှင်များ ဗာတီကန်စာကြည်တိုက်၌တွေ့ဆုံ၍အဆိုပါဘာသာရေးကျမ်းဂန်ဆိုင်ရာပေလွှာများ၏သမိုင်းကိုလေ့လာဖွင့်ပြကြမည်ဖြစ်သည်။

ဗာတီကန်၌ ယခုတစ်ပတ်တွေ့ဆုံကြမည့်အဖွဲ့သည် ရဟန်းမင်းကြီးဖရန်မှဖွဲ့စည်းလိုက်သောလေ့လာရေးကိုအထူးထားသောအဖွဲ့ဖြစ်သည်။ ဤအဖွဲ့ကိုလာတင်းအမေရိကားမှဂျူးဘာသာရေးခေါင်းဆောင် (၂၁) ဦးနှင့်တွေ့ဆုံဆွေးနွေးပြီးနောက်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်မှဗာတီကန်စာကြည်တိုက်သို့ လာရောက်လည်ပတ်ရန်ဖိတ်ကြားခဲ့သည်။ ဤသို့အားဖြင့် ကျောင်း သားများသည် အထူး၀င်ထွက်ခွင့်ကိုရရှိ ကြမည်ဖြစ်သည်။

စာကြည်တိုက်အတွင်း၌ ဟေဘရူးဘာသာဖြင့်ရေးသားထားသော Torah၊ သမ္မာ ကျမ်းစာ၊ ဂျူးလူမျိုးတို့၏စာပေနှင့်ဆိုင်သောရှေးဟောင်းပေရွက်များပါရှိသည်။

ဗာတီကန်စာကြည်တိုက်အနေဖြင့် လာမည့်နှစ်များ၌ယခုထက်မကတိုးချဲ့ပြီး ပညာ ရေး၊ ယဉ်ကျေးမှုနှင့်ယုံကြည်ခြင်းဆိုင်ရာနှီးနှောဆွေးနွေးမှုများကိုတိုးမြင့်လုပ် ဆောင်ရန်လည်းရည်ရွယ်ထားသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/M48v

Add new comment

4 + 8 =