ဂျူးဘာသာရေးခေါင်းဆောင်မှ ကက်ဇက်စတန်၌ရောက်ရှိနေသောကမ္ဘာ့ဘာသာရေးခေါင်းဆောင် များအားငြိမ်းချမ်းရေးကိုတိုးမြှင့်လုပ်ဆောင်ကြရန်တိုက်တွန်းခဲ့

ဂျူးဘာသာရေးခေါင်းဆောင်မှ ကက်ဇက်စတန်၌ရောက်ရှိနေသောကမ္ဘာ့ဘာသာရေးခေါင်းဆောင် များအားငြိမ်းချမ်းရေးကိုတိုးမြှင့်လုပ်ဆောင်ကြရန်တိုက်တွန်းခဲ့

ဂျူးဘာသာရေးခေါင်းဆောင်မှ ကက်ဇက်စတန်၌ရောက်ရှိနေသောကမ္ဘာ့ဘာသာရေးခေါင်းဆောင် များအားငြိမ်းချမ်းရေးကိုတိုးမြှင့်လုပ်ဆောင်ကြရန်တိုက်တွန်းခဲ့

ဂျူးဘာသာရေးခေါင်းဆောင် ရာဘီ Marc Schneier သည် ကက်ဇက်စတန်နိုင်ငံ၌ ကျင်းပသော (၇) ကြိမ်မြောက်ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များကွန်ဂရက်စ်၏အစီအစဉ်၌ ဟောပြောသူတစ်ဦးဖြစ် သည်။ စက်တင်ဘာလာ (၁၃-၁၅) ရက်နေ့အထိ ကမ္ဘာ့ဒေသအသီးသီးမှ ကမ္ဘာ့ဘာသာရေးခေါင်းဆောင် များကြွရောက်၍ လူသားအားလုံးတို့၏အမှတ်တညနှင့်ကမ္ဘာ့ဘာသာရေးအသီးသီးက အချင်းချင်းနား လည်မှု၊ အချင်းချင်းလေးစားမှုကိုတိုးမြှင့်လုပ်ဆောင်နိုင်သည့်နည်းလမ်းများကိုဆွေးနွေးညှိနှိုင်းခဲ့ကြ သည်။ ဂျူးဘာသာရေးခေါင်းဆောင်က သက်၀င်ယုံကြည်မှုမတူသောဘာသာများ၏ကွန်ဂရက်ပြုလုပ် ရန်အရေးကြီးပုံ၊ ဘာသာရေးခေါင်း ဆောင်တို့၏ဦးဆောင်မှုမှန်ကန်ပါကထွက်ပေါ်လာသော ကောင်းကျိုး များအကြောင်း၊ လူမှုအသိုင်းအ၀ိုင်းအားလွှမ်းမိုးနေသော မှိုင်းလုံးများကိုဆန်ကျင့်တွန်းလှန်ရန်၊ ကမ္ဘာ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ရန်ဖြစ်သည်။ ဗာတီကန်၏သတင်းထောက် Deborah Castellano Lubov ကဂျူးဘာသာရေးခေါင်းဆောင်အားမေးမြန်းရာတွင် (၇) ကြိမ်မြောက် ကမ္ဘာ့ဘာသာပေါင်းစုံ ကွန်ဂရက်စ်သည် အလွန်အဓိပ္ပါယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် မွတ်စလင်ဘာသာ၀င်အများဆုံးရှိ သောနိုင်ငံ၌ကျင်းပသည်။ တစ်နည်းအားဖြင့် ကက်ဇက်စတန်နိုင်ငံသည် သက်၀င်ယုံကြည်မှုမတူညီ သောဘာသာအချင်းချင်းတွေ့ဆုံဆွေးနွေးယဉ်ကျေးမှုကိုလက်ခံကြောင်း၊ ပူးပေါင်းလုပ်ဆောင်သည့်ပြယုဂ်ဖြစ်သည်ဟုဆိုသည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ဤကွန်ဂရက်စ်၌ရှိနေခြင်း၊ ကမ္ဘာ့ဘာသာရေးခေါင်းဆောင် ကြီးများအား သူ၏တိုက်တွန်းချက်သည် ယနေ့လူ့ဘောင်၌တွေ့ကြုံနေရသော အလွဲအမှားမှိုင်းများကိုရှင်း လင်းထုတ်ပစ်ရန် မိမိတို့၏အသံကိုထုတ်ဖော်ရန် ကွန်ဂရက်စ်သို့တက်ရောက်လာသူများအားခွန်အားဖြစ် စေခဲ့ပါသည်ဟုပြောကြားခဲ့သည်။ ရာဘီအနေဖြင့် ယခုနှစ်၏အခမ်းအနားနှင့်ယခင့်ယခင်နှစ်များ၏အခမ်းအနားကွာခြားချက်ကို လည်း ယခုကဲ့သို့သုံးသပ်စိတ်ဖြာပြထားသည်။ အသံကျယ်သလောက် ဘာသာရေးခေါင်းဆောင်များ၏ အကြားအာရုံထုံထိုင်းမှုအားနည်းချက်လည်းရှိကြောင်း၊ ရုရှား၏ယူကရိန်းကျူးကျော်စစ်ဖြစ်နေသည်မှာ (၇) လတာထဲရှိနေပြီဖြစ်သော အခြေအနေ၌ ယခုကဲ့သို့ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ၏ကွန်ဂရက် ကိုကျင်းပလိုက်ခြင်းဖြင့် ဘာသာရေးခေါင်းဆောင်များ၊ ဘာသာရေးအနေဖြင့် ပဋိပက္ခာဖြစ်ပွားနေသော ဒေသများ၌ ငြိမ်းချမ်းရေးကိုတိုးမြှင့်လုပ်ဆောင်ရန်လိုသည်ဟုဆိုသည်။ စစ်ပွဲနှင့်စပ်လျင်း၍ ရဟန်းမင်းကြီးဖရန်စစ်၏ အထပ်ထပ်ပန်ကြားချက်သည် ကမ္ဘာအနှံ့ပျံ့သွားရုံ မဟုတ်။ ရုရှားနိုင်ငံသို့လည်းပဲ့တင်ထပ်သွားခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုကမ္ဘာ့ဘာသာပေါင်း စုံကွန်ဂရက်စ်သို့ ရုရှားဩသိုဒေါ့စ်ဘာသာရေးခေါင်းဆောင်မတက်ရောက်ခဲ့ပေ။ ရာဘီသည် ဤကွန်ဂရက်စ်ကိုအခွင့်ကောင်းယူ၍ ဘာသာအချင်းချင်းတွေ့ဆုံဆွေးနွေးခြင်းလုပ် ငန်းစဉ်၏ပြောင်းလဲတိုးတက်မှုကိုလည်း မီးမောင်းထိုးပြခဲ့သည်။ ဘာသာအချင်းချင်းတွေ့ဆုံဆွေးနွေး သည့်လမ်းကြောင်းအားဖြင့် ရရှိသောအကျိုးသက်ရောက်မှုကား အာဘရာဟမ်နှင့်ဆက်နွယ်ပြီး၊ သက်၀င်ယုံကြည်မှုမတူသောဘာသာများအချင်းချင်းယှဉ်တွဲနေထိုင်ခြင်းသည် ပင်လယ်ကွေ့ဒေသနိုင်ငံများနှင့်အခြား နိုင်ငံများတွင်ဗဟိုပြုသည်။ ယုံကြည်ခြင်း၏ဘိုးဘေးဖြစ်သော အာဘရာဟမ်၏အိမ်ဟုသတ်မှတ်ထားသော Abu Dhabi ရှိအိမ်၌ ခရစ်ယာန်ဘုရားကျောင်း၊ မွတ်စလင်ဗလီ၊ ဂျူးလူမျိုးတို့အတွက်တရားဇရပ်ကို၀င်းတစ်ခုတည်း၌ဆောက်လုပ်ထားသည်။ ဤလုပ်ရပ်သည် အလွန်ပြတ်သားသည်။ လွန်ခဲ့သော ဆယ်စုနှစ် ကစဉ်းစားမရသောအကြောင်းအရာတစ်ခုကို ယနေ့ခေတ်၌ဖော်ဆောင်ပြနိုင်သည်။ ယနေ့ ကျွန်ုပ်တို့ သည် ဘုံယုံကြည်ခြင်းတစ်ခုတည်းကိုသာမျှ ‌ေ၀နေခြင်းမဟုတ်။ ဘုံကြမ္မာကိုလည်း‌ေ၀မျှနေကြသည်။ ဤလုပ်ဆောင်ချက်သည် ကျွန်ုပ်တို့၏တစ်ခုတည်းသောပန်းတိုင်အတွက်လည်းအား၊ စာနာမှု၊ အချင်း ချင်းကိုဂရုစိုက်မှုဖြစ်စေရမည်။ လူတိုင်းအား မတူညီသောဘာသာရေးကိုပြောပြနိုင်သည်။ သို့သော် ကျွန်ုပ်တို့၏ဘာသာရေးယုံကြည်ရာကိုအတင်းအဓမ္မသွပ်သွင်း၍မရ။ လုပ်ပိုင်ခွင့်လည်းမရှိ။ ဤအဆင့်ထိ ရောက်ရှိနိုင်ပါက ကမ္ဘာကြီးကြုံတွေ့နေရသော ပဋိပက္ခာများ၊ စစ်ပွဲများ၊ အတိုက်အခံအချေအတင်ဖြစ် နေမှုများမုခဧကန်လျော့နည်းပပျောက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3SvtIvA

Add new comment

2 + 2 =