ဂျာမန်သာသနာပြုဘုန်းတော်ကြီးတစ်ပါး မာလီ၌ပြန်ပေးဆွဲခံထားရ

ဂျာမန်သာသနာပြုဘုန်းတော်ကြီးတစ်ပါး မာလီ၌ပြန်ပေးဆွဲခံထားရ

ဂျာမန်သာသနာပြုဘုန်းတော်ကြီး Hans-Joachim Lohre သည် မာလီနိုင်ငံ၏မြို့တော် Bamako တွင် ပြီးခဲ့သောတနင်္ဂနွေနေ့ကဖမ်းဆီခံခဲ့ရသည်။

သူသည်တနင်္ဂနွေနေ့မစ္ဆားတရားသွားရောက်ပူဇော်ရန်အတွက်ပြင်ဆင်နေချိန်တွင်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ သူသည် (၆၅) နှစ်ရှိပြီဖြစ်သည်။ သူသည် အာဖရိကသာသနာပြုဘုန်းတော်ကြီးအသင်း၀င်ဖြစ်သည်။ ၄င်းတို့အား ‘White Fathers’ (မျက်နှာဖြူဘုန်းကြီးများ) ဟုလူသိများကြသည်။ ရောမရှိ ၄င်းတို့မိခင်ကျောင်းတော်ကြီးကလည်း ဘုန်းတော်ကြီး၏ ဖမ်းဆီးခံရခြင်းကိုအတည်ပြုထားသည်။ မာလီရဲများကသတင်းများရရှိရန်အပူတပြင်းလိုက်လံစုံစမ်းလျှက်ရှိသည်။

သူသည် မြိုတော်၌ဖွင့်လှစ်ထားသော Islamic-Christian Training (IFIC) ဟုခေါ်သော အီစ္စလာမ်-ခရစ်ယာန်သင်တန်းကျောင်း၌စာသင်ပေးနေသောဆရာလည်းဖြစ်သည်။ သူသည်ဤအဖွဲ့၏ဦးဆောင်သူများ၌ပါ၀င်သည်။ သူသည်မာလီ၌သာသနာပြုနေခဲ့သည်မှာ နှစ်ပေါင်း (၃၀) ကျော်ပြီဖြစ်သည်။ သူ၏ ကားတံခါးမှာပွင့်လျှက်သားရှိနေပြီး ကားတံခါးတဝိုက်၌ရုန်းရင်းဆန်ခတ်ခဲ့သည့်ဟန်ပြသည့်ခြေရာများ ကိုတွေ့ကြောင်းပြောပါသည်။

ဘုန်းတော်ကြီးဆွဲလေ့ရှိသောခရူးစူး၏ ဆွဲကြိုးကိုလည်း သူ၏ကားတစ် ဖက်၌ တွေ့ရှိခဲ့သည်။ ယခုချိန်ထိ မည်သည့်အဖွဲ့ကဖမ်းဆီးထားသည်ကိုထုတ်ပြောလာခြင်းမရှိသေးပေ။ (၂၀၁၇) ခုနှစ်ကလည်း ကိုလန်ဘီယာသာသနာပြုသီလရှင်တစ်ပါးအားလည်းဖမ်းဆီးသွားပြီး (၄) နှစ်ကြာပြီးမှ ဗာတီကန်၏ကြား၀င်စေ့စပ်မှုဖြင့်ပြန်လွတ်လာခဲ့သည်။
 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3EVGTAL

Add new comment

1 + 9 =