ဂျာမနီအကြမ်းဖက်ပစ်ခတ်မှုတွင် ထိခိုက်သူများအတွက်ဝမ်းနည်းကြောင်းသ၀ဏ်လွှာ ပုပ်ဖရန်စစ်ပေးပို့

ဂျာမနီအကြမ်းဖက်ပစ်ခတ်မှုတွင် ထိခိုက်သူများအတွက်ဝမ်းနည်းကြောင်းသ၀ဏ်လွှာ ပုပ်ဖရန်စစ်ပေးပို့

ဂျာမနီအကြမ်းဖက်ပစ်ခတ်မှုတွင် ထိခိုက်သူများအတွက်ဝမ်းနည်းကြောင်းသ၀ဏ်လွှာ ပုပ်ဖရန်စစ်ပေးပို့

ဂျာမနီနိုင်ငံ ဟားနောင် မှာ အကြမ်းဖက် ပစ်ခတ်မှုကြောင့်သေဆုံးခဲ့သူများနှင့်၄င်းတို့မိသားစုများအတွက် အထူး၀မ်းနည်းကြောင်းသ၀ဏ်လွှာကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ကိုယ်စား ကာဒီနယ်ပယ်ရိုလင်းမှ Fulda မှ ဆရာတော်ကြီး မိုက်ကယ်ဂါဘာ ထံသို့ကြေးနန်းပေးပို့ခဲ့ပါသည်။
၄၃ နှစ်အရွယ် သေနတ်သမားတဉီးက လူ ၉ဉီးကို နေရာအမျိုးမျိုးမှာ ပစ်သတ်ခဲ့ကြောင်း
ပထမတွင် သေနတ်သမားက ဟူးခါ့ ဘား စားသောက်ဆိုင် နှင့် နီးစပ်ရာကော်ဖီဆိုင်များတွင်တိုက်ခိုက်ခဲ့သည်ဟုဆိုပါသည်။
ဟားနောင်အကြမ်းဖက်တိုက်ခိုက်မှုမှာ အပြစ်မဲ့သူများသေဆုံးရခြင်းအပေါ် အရှင်သူမြတ်က ၀မ်းနည်းကြောင်းနှင့် ကြေကွဲနေရသူများကိုလည်း သခင်ခရစ်တော်၏ နှစ်သိမ့်ခြင်းနှင့်ငြိမ်သက်ခြင်းကောင်းကြီးခံစားရပါမည့်အကြောင်း ကြေးနန်းပေးပို့ခဲ့ပါသည်။

By Sr.Lucia Thandar Aung,SJA
Source: VaticanNews

https://www.vaticannews.va/en/pope/news/2020-02/pope-francis-condolence-telegram-shooting-hanau-germany-parolin.html

 

Add new comment

2 + 10 =