ဂျာမနီသာသနာတော်မှ ဖျား နာသူများနှင့်အတူရှိရာနေ့နှင့် ဆုတောင်းရာနေ့ကို သတ်မှတ်

ဂျာမနီသာသနာတော်မှ ဖျား နာသူများနှင့်အတူရှိရာနေ့နှင့် ဆုတောင်းရာနေ့ကို သတ်မှတ်

ဂျာမနီသာသနာတော်မှ ဖျား နာသူများနှင့်အတူရှိရာနေ့နှင့် ဆုတောင်းရာနေ့ကို သတ်မှတ်

စက်တင်ဘာ(၆)ရက်၊ တနင်္ဂ နွေနေ့ကို COVID-19ရောဂါ ခံစားနေရသူများအား အထူးသတိရ ဆုတောင်းပေးရာနေ့အဖြစ် ဂျာမနီသာသနာတော်မှ သတ်မှတ်ခဲ့သည်။ ဂျာမနီနိုင်ငံဆရာတော်များအဖွဲ့ချုပ်၏ ဥက္ကဠ George Batzingမှ “လူတွေ အန္တရာယ်အခြေနေတွေကြားမှာ နေထိုင်ရတဲ့အခါ သူတို့အတွက် ဂရုစိုက်ပေးခြင်းသည် အရေးကြီးကြောင်း၊ ကျွန်ုပ်တို့ ခရစ်ယာန်များသည် ဂရုဏာတရား ကင်းမဲ့လို့မဖြစ်ကြောင်း” ပြောဆိုခဲ့သည်။

“ကပ်ဘေးကာလအတွင်း အခြားသူများအား ကူညီပေးသူများ၊ ခရစ်ယာန်မျှော်လင့်ချက်ကို ဖြစ်ပေါ်စေသူများသည် ကျေးဇူးတင်ထိုက်သူများဖြစ်ကြောင်း”လည်း ထပ်လောင်းပြောကြားခဲ့သည်။

ကက်သလစ်ဘာသာ၀င်များအားလည်း ဆုတောင်းမေတ္တာနှင့်စည်းလုံးရာ တနင်္ဂနွေနေ့တွင် ပါ၀င်ရန် အထူးသဖြင့် မစ္ဆားတရားတော်မြတ်အတွင်းတွင် အထူးသတိရဆုတောင်းပေးခြင်းဖြင့် ပါ၀င်ကြရန် ဖိတ်ခေါ်ထားသည်။

ဆရာတော်သည် သူ၏စာကို “တစ်ကမ္ဘာလုံးရှိ ဆင်းရဲသားများ အထူးသဖြင့် ယခုဖြစ်ပွားနေသော ကပ်ရောဂါကြောင့် စီးပွားရေးအရ အကြီးအကျယ်ထိခိုက်ခဲ့ရသူများအတွက် ဆု တောင်းပေးကြရန်နှင့် ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခရောက်နေသူများနှင့် အတူရှိကြောင်းကို အလှူပေးခြင်း၊ သူတို့အတွက် ရံပုံငွေထောက်ပံ့ခြင်းကဲ့သို့သော လက်တွေ့ကျသော နည်းလမ်းများဖြင့် ပြသရန်ဖိတ်ခေါ်ခြင်းဖြင့်” အဆုံး သတ်ခဲ့သည်။

ဘာသာပြန် - Bro.Patrick Aye Shine Aung

https://bit.ly/2ZbLAlW

Add new comment

5 + 6 =