ဂျာမနီတွင် ယေဇူးဒုက္ခစရိယာပြဇာတ်အတွက် လက်မှတ်ရောင်းချ

ဂျာမနီတွင် ယေဇူးဒုက္ခစရိယာပြဇာတ်အတွက် လက်မှတ်ရောင်းချ

ဂျာမနီတွင် ယေဇူးဒုက္ခစရိယာပြဇာတ်အတွက် လက်မှတ်ရောင်းချ

ဂျာမနီနိုင်ငံတောင်ပိုင်းဒေသတွင် ၂၀၂၀၌ကျင်းပမည့် သခင်ယေဇူးပြဇတ်ကို ၂၀၂၂ သို့ ရွေ့ဆိုင်းလိုက်ပြီး လက်မှတ်များကို ဝယ်ယူ၍ရနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပလိပ်ကပ်ရောဂါကျရောက်နေစဥ်အတွင်း မြို့ကိုကာကွယ်ပေးသော ဘုရားရှင်အားကျေးဇူးတင်ခြင်းအထိမ်းအမှတ်အဖြစ် ၁၀နှစ်တစ်ကြိမ် ကျင်းပသော ပြဇာတ်ပွဲသည် ယခုနှစ်တွင်မူ ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

ပြဇာတ်ဒါရိုက်တာများက ၂၀၂၀ပွဲအတွက် လက်မှယ်ဝယ်ထားသူများသည် ပြန်လည်ပယ်ဖျက်၍ရပြီး ၂၀၂၂ အတွက်လည်း ကြိုတင်ဝယ်ယူ၍ရကြောင်းပြောကြားခဲ့သည်။

ထိုနေရာသည် Oberammergau မြို့ဖြစ်ပြီး ဂျာမနီတောင်ပိုင်းရှိ မြို့ငယ်တစ်မြို့ဖြစ်သည်။ ယခုအချိန်တွင်မူ လက်မှတ် ငါးသိန်းခန့်ရောင်းရပြီးဖြစ်သည်။

ထိုလက်မှတ်တွင် ရပ်ဝေးမှ ဘုရားဖူးများအတွက် တည်းခိုနေထိုင်ခွင့်နှင့် ညစာစားသောက်ခွင့်များပါ ပါရှိသည်။

၂၀၂၂ခု၊မေလ၁၄မှ အောက်တိုဘာ၂ရက်အထိ တင်ဆက်ကပြသွားမည်ဖြစ်သည်။ဒါရိုက်တာကြီး Christian Stucklက ကိုဗစ်နှင့်အနာဂတ်ကို ကြိုမသိသော်လည်း အစဥ်အလာအတိုင်း ကျင်းပနိုင်မည်ဟု ယုံကြည်နေသည်။

၁၆၃၃ခုနှစ် ပလိပ်ကပ်ရောဂါအပြီးတွင် စတင်ခဲ့သော၁၀နှစ်တစ်ကြိမ် ပြဇာတ်သည် ၂၀၂၀တွင် ၄၂ ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့သည်။

ပြဇာတ်တွင် အခန်းပေါင်း ၁၀၃ ခုပါဝင်ပြီး စတိတ်စင်ကို ၁၉၂၈ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

ပြဇာတ်ရှိ လူ၂၄၀၀ခန့်မှာ ထို့မြို့တွင် မွေးဖွားကြီးပြင်းသူများဖြစ်ကြသည်။

 

ဘာသာပြန်- Agnes Lawh Lun

photo courtesy of: Birgit Gudjonsdottir

https://bit.ly/2SO0hYQ

Add new comment

2 + 4 =