ဂျာမဏီမှခရစ်ယာန်များက ခရစ်ယာန်များအချင်းချင်းတွေ့ဆုံဆွေးနွေးမည့်အစည်း အဝေးအတွက်ပြင်ဆင်နေကြ

ဂျာမဏီမှခရစ်ယာန်များက ခရစ်ယာန်များအချင်းချင်းတွေ့ဆုံဆွေးနွေးမည့်အစည်း အဝေးအတွက်ပြင်ဆင်နေကြ

ဂျာမဏီမှခရစ်ယာန်များက ခရစ်ယာန်များအချင်းချင်းတွေ့ဆုံဆွေးနွေးမည့်အစည်း အဝေးအတွက်ပြင်ဆင်နေကြ

ဂျာမဏီမှခရစ်ယာန်အသင်းတော်များသည် ၄င်းတို့၏ တ တိယအကြိမ်မြောက် တွေ့ ဆုံဆွေးနွေးမည့်အစည်းအ‌ဝေးအတွက်ပြင်ဆင်နေကြသည်။ ထိုအစီအစဉ်ကို မေလ (၁၃ မှ ၁၆) အထိ ဖရန်ဖက်၌ကျင်းပမည်ဖြစ်သည်။ ယခု တစ်ကြိမ် တွေ့ဆုံခြင်းသည် အကြီးမားဆုံးတွေ့ဆုံဆွေးနွေးခြင်းဖြစ် သည်။ သို့သော် ကိုးဗစ် (၁၉) ကြောင့် လူတွေ့မ ဟုတ်ဘဲအွန်လိုင်းမှသာ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

Limburg မှ ဂျာမဏီကက်သ လစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဌလည်းဖြစ်သော ဘီရှော့ Georg Bätzing နှင့် ဂျာမဏီနိုင်ငံရှိ ခရ်ယာန်အ သင်းတော်များဆိုင်ရာကောင် စီ၏ နာယကဖြစ်သော ဘီရှော့ Heinrich Bedford-Strohm တို့က ယခုတစ်ကြိမ် တွေ့ဆုံပွဲ၌ ကက်သလစ်နှင့်ခရစ်ယာန်သင်းတော်များအဖွဲ့ချုပ်အနေ ဖြင့် ‘နည်းပညာအားဖြင့် ယုံ ကြည် ခြင်းကို ရှင်သန်ဖော် ထုတ်ကြရန်’ အားသန်နေကြကြောင်းပြောကြသည်။

ပြီးခဲ့သောတပတ်က အွန်လိုင်းမှတဆင့် အဆိုပါဘီရှော့နှစ်ပါးကိုတွေ့ဆုံမေးမြန်းရာ၌ ယခုကဲ့သို့ကျင်းပရခြင်းမှာ ‘၄င်းတို့ကြားကွဲပြားနေမှုထက် ခရစ်ယာန်များအချင်း ချင်း ယုံကြည်ခြင်းကို အတူ တကွသက်‌သေခံရန်ဖြစ်ကြောင်းဆိုသည်’ ယခု နှစ်သည်လည်း မာတင်လုသာ အမိကက်သလစ်သာသနာတော်ကြီးမှကွဲထွက်သွားခဲ့သည့် နှစ် (၅၀၀) ပြည့်နှစ်ပတ်လည် နှစ်လည်းဖြစ်​သည်။ ယခုကဲ့သို့ ခရစ်ယာန်များအချင်းချင်း စုစည်းဆွေး နွေးခြင်းမှအရေးပါသော တိုး တက်ပြောင်းလဲမှုကို ခံစားခဲ့ရသည်။ ဤအစီ အစဉ်ကို (၂၀၁၇) ခုနှစ်က စတင်ခဲ့သည်။ ဤသို့တွေ့ဆုံခြင်းကြောင့် ‘အချင်းချင်းယုံကြည်မှုစိတ် ချမှုများ ကြီးထွားလာခဲ့ရကြောင်း’ ဖြေကြားခဲ့သည်။

မာတင်လုသာအနေဖြင့် ခရစ္စတူးကိုပြန်လည် ရှာဖွေဖော် ထုတ်ရန်လိုလားကြောင်း၊ (၂၀၁၇) ခုနှစ်က ပေါင်းစည်း ခဲ့ကြသောအဖွဲ့သည် မာတင်လုသာ၏လိုလားချက်ကို ရှာ ဖွေဖော်ထုတ်ရန် အဓိကလုပ် ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယခု တစ်ကြိမ်ကျင်းပမည့် တွေ့ဆုံဆွေးနွေးမှုမှ ‘ခရစ္စတူးကိုဗဟိုပြုသော အလွန်အင် အားကြီးသည့်အတွေ့အကြုံကိုဖော်ထုတ် ခြင်းဖြစ်သည်။ ကျွန်ုပ်တို့အတွက် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ဤအချက်ကို ကျွန်ုပ်တို့၏အသင်းအဖွဲ့များ အား ပြန်လည်ဖြန့်ပေးရမည်ဖြစ် ကြောင်း’ ဘီရှော့ Bedford -Strohm ကပြောကြားခဲ့သည်။

ဆွေးနွေးကြမည့်အကြောင်း အရာများအနေဖြင့် ဂျာမဏီနိုင်ငံတစ်ဝှမ်း၌ကြုံတွေ့နေရ သော သီဩလိုဂျီနှင့် အဖွဲ့အ စည်းဆိုင်ရာ အလွဲအချော်ကိစ္စများနှင့်ထို အလွဲအချော်များကြောင့်ကြုံနေရသောစိန်ခေါ်ချက်များကို အဘယ်သို့ ကိုင် တွယ်ဖြေရှင်းမည့်နည်းလမ်း များကိုအဓိကဆွေးနွေးကြမည်ဖြစ်သည်။

ကိုးဗစ် (၁၉) နှင့်ပတ်သက်၍ ဆက်လက်ကူးစက်ပျံ့ပွားနေနေခြင်းကြောင့် လူမူရေးအားအဘယ်သို့ရိုက်ခတ် သည့်အကြောင်းနှင့်ပတ်သက်၍ ‘အသင်းတော်များအနေဖြင့် ဤအခြေအနေ၌ တက်ကြွစွာပါ၀င်ရန်လိုအပ်ကြောင်းနှင့် ဤသို့ပါ၀င်ခြင်းအားဖြင့် အ သင်းတော်၏ဆန်းသစ်ခြင်းကိုလည်းတစ်ပါတည်းလုပ် ဆောင်ရန် အခွင့်အလန်းများရှိနေ ကြောင်း၊ အဘယ် ကြောင့်ဆိုသော် အသင်းတော်များအနေဖြင့် လူမှုအသိုင်းအ ဝိုင်းအပေါ် အကျိုးသက် ရောက်မူရှိနေ ရမည်ဖြစ်သည်။ ဤအခြေအနေကိုကောင်းမွန်ထိရောက်စွာကိုင်တွယ်ခြင်းဖြင့် ၀ိညာဉ်ရေးအင်အားများရရှိကာ အနာ ဂါတ်ကိုယုံ ကြည်မှုအပြည့်ဖြင့် ရွေ့လျားလိုကြောင်း၊ မည်သို့ပင်ဖြစ်စေ ယခုကဲ့သို့ ကမ္ဘာကပ်ရောဂါ ဆိုးကြီးကိုကြုံတွေ့နေ ရချိန်၌ ခရစ်ယာန်များအချင်းချင်းတွေ့ဆုံခြင်းသည် ဤခက်ခဲမှုကိုဘာသာရေးနည်းလမ်းများဖြင့် ကျော်လွှားနိုင်ရန် အ‌ဖြေကိုရှာဖွေလိုကြောင်းကိုပြသ သောကြောင့် အလွန်ကောင်း သောအစီအစဉ်ဖြစ်ကြောင်း ဘီရှော့နှစ်ပါးလုံးက ရှုမြင်သုံး သပ်ခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3t1T474

Add new comment

11 + 2 =