ဂျာမဏီနိုင်ငံသည် သာသနာအဖွဲ့အစည်းအတွင်း၌ပင်ယုံကြည်ခြင်းမဲ့နေ

ဂျာမဏီနိုင်ငံသည် သာသနာအဖွဲ့အစည်းအတွင်း၌ပင်ယုံကြည်ခြင်းမဲ့နေ

ဂျာမဏီနိုင်ငံသည် သာသနာအဖွဲ့အစည်းအတွင်း၌ပင်ယုံကြည်ခြင်းမဲ့နေသည်ဟု ရဟန်မင်းကြီးဘေနေဒစ် (ငြိမ်း) (၁၆)

            ရဟန်းမင်းကြီးဘေနေဒစ် (ငြိမ်း) (၁၆) က ဂျာမဏီနိုင်ငံသည် သာသနာအဖွဲ့အစည်းအတွင်း၌ပင် ယုံကြည်ခြင်း မဲ့နေသည်ဟုမိန့်ကြားလိုက်သည်။ ဤမှတ်ချက်ကို ရဟန်းမင်းကြီး (ငြိမ်း) သည် ဂျာမန်ဘာသာဖြင့်ထုတ်‌ေ၀သော ‘Herder Korrespondenz’ မဂ္ဂဇင်းအတွက်ရေးသားပေးပို့သော ဆောင်းပါးတွင်ထည့်သွင်းရေးသားထားသညျ။ ထို့အ တူယခုနှစျသညျ ရဟနျးမငျးကွီး (ငွိမျး) ၏ ရဟနျးဝါတောျ (၇၀) ပွညျ့နှစျပတျလညျနှစျလညျးဖွစျသညျ။ ဤသို့မိန့်ကြား ရခြင်းမှာ သာသနာတော်ကဖွင့်လှစ်ထားသော ဆေးရုံများ၊ စာသင်ကျောင်းများ၊ လူမူရေးလုပ်ငန်းလုပ်ဆောင်သည့် ဘာ သာရေးအခြေခံသောအသင်းအဖွဲ့များ၌ ဘာသာရေးခံယူချက်၊ ရပ်တည်ချက်ခိုင်မာပြတ်သားမူမရှိသောသူများစွာပါ၀င် နေခြင်းကြောင့် အခြေအနေအတော်များများ၌ အမိသာသနာတော်ကြီး၏ရပ်တည်ချက်သည် မှေးမှိန်ပပျောက်နေသည်။  ‘ထို့ကြောင့် လက်ရှိ၌ ဘာသာရေးခံယူချက်၊ ယုံကြည်ချက်မခိုင်မာ၊ ပြတ်သားမူမရှိသောသူများအား ရုံးအလုပ်တစ်ခုလည် ပတ်နိုင်ရန်သက်သက်ဖြင့်မထားရှိသင့်တော့ဘဲ၊ သာသနာ၏ပြောရေးဆိုခွင့်ရှိသူတို့၏သွန်သင်ချက်များကို ယုံကြည်ခိုင် မာစွာအမှန်တကယ် ဖော်ထုတ်သက်သေခံမည့်သူများကိုရွေးချယ်ရန်မှာ အရေးကြီးသည်ကျွန်ုပ်ဟုခံစားရပါသည်’ ဟု ရေးသားထားသည်။       

            အသက် (၉၄) နှစ်ရှိပြီဖြစ်သော Tobias Winstel ကလည်းသူ၏အမြင်ကိုအောက်ပါတိုင်းရေးသားထားသည်။ ဂျာမဏီနိုင်ငံ၏အနေအထားကိုထောက်ပွရလြှငျ ဂြာမနျ‌ဝေါျဟာရ “Amtskirche” (“institutional Church”) ‘အသင်းအဖွဲ့များနှင့်ပြည့်နေသောသာသနာ’ တစ်ခုဖြစ်နေသည်။ ဆိုလိုသည်မှာ ဂျာမဏီနိုင်ငံ၌ ဘာသာရေး အသင်းအဖွဲ့များအားကူညီပံ့ပိုးပေးသောရံပုံငွေကောက်ခံသည့်ဖွဲ့စည်းပုံနှင့်အသင်းအဖွဲ့များစွာရှိနသေညျ။ အထကျကသုံးနှုနျးခဲ့သော ဂြာမနျ‌ဝေါျဟာရ၏အမှနျတကယျဆိုလိုရင်းမှာ ‘တရား၀င်တောင်းဆိုမူနှင့် ကိုယ်တိုင်ယုံကြည်မူ’ ကြားရှိ ‘ကွာဟချက်’ ကိုညွှန်းဆိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ‘ဘာသာရေးယုံကြည် မူ၏အမှန်တကယ်တောင်းဆိုချက်နှင့်ညွှန်းဆိုနေခြင်း’ နှင့် ‘တစ်ဦးတစ်ယောက်၏လိုအပ်ချက်ဖြင့်တောင်း ဆိုမူ’ ကိုကွဲပြားစွာဖော်ပြပါသည်။ ဂျာမန်သာသနာတော်ကထုတ်ပြန်သော ကြေညာချက်များစွာအပေါ်ဘာ သာရေးသည် အလွန်အရေးကြီးသည်ဟုလက်ခံကိုးစားနေသောဘာသာတူများအနေဖြင့်လိုက်နာကြပေ မည်။ ထို့ကြောင့်အဆိုပါကြေညာချက်များစွာကို ‘Amtskirche’ စကားလုံးဖြင့်ပြန်လည်စီစစ်သုံးသပ်ရပေ မည်။ သာသနာတော်ကြီးသည် ဖွဲ့စည်းပုံလည်ပတ်ရေးအတွက်သက်သက်သာဖြစ်ပြီး၊ စိတ်ပါကိုယ်ရောက် ဆက်ကပ်လုပ်ဆောင်ခြင်း၊ ပြောဆိုခြင်းမရှိသေးသရွေ့ သာသနာသည် ယုံကြည်ခြင်းကမ္ဘာနှင့်အလှမ်း‌ ေ၀းနေဦးမည်ဖြစ်သည်။                    

            ရဟန်းမင်းကြီး (ငြိမ်း) နှင့်စကားစမြည်ပြောဆိုခဲ့စဉ်ကလည်း (၂၀၁၁) နှစ်ကသူရဟန်းမင်းကြီးအဖြစ်ဆက်လက် အမူတော်ထမ်းနေစဉ်ထုတ်ပြန်ခဲ့သောအကြောင်းရာတစ်ခုကိုပြန်လည်ပြောဖြစ်ခဲ့သည်။ ထိုအကြောင်းအရာသည် (၂၀၁၃) ခုနှစ် ရဟန်းမင်းကြီးအမူတော်မှအနားမယူမီ ဂျာမဏီနိုင်ငံသို့နောက်ဆုံးကြွရောက်ခဲ့စဉ်ကအကြောင်းအရာဖြစ် သည်။ ထိုအကြောင်းအရာကား ဂျာမဏီနိုင်ငံ၏အနောက်တောင်ဖက်ရှိ Freiburg မြို့၊ တက္ကသိုလ်တစ်ခု၌ မိန့်ခွန်းမိန့် ကြားခဲ့သည်။ ထိုမိန့်ခွန်းထဲ၌ ဂျာမဏီကက်သလစ်သာသနာသည် သာသနာတော်၏ခေါ်တော်မူခြင်းဖြစ်သော ဘုရားသ ခင်ထံ၀ကွပ်အပ်နှံရန်ကြိုးစားခြင်းထက် ဘာသာရေးအခြေခံသောအသင်းအဖွဲ့များစွာကိုဖွဲ့ခြင်း၌အသားပေးလုပ်ဆောင် နေကြကြောင်း၊ သာသနာသည် လောကီအမူကိစ္စများမှကင်းရှင်းရမည်ဖြစ်ကြောင်းဂျာမန်စကားစု “entweltlichte Kirche” ကိုသုံးနှုန်း၍‌ေ၀ဖန်ပြစ်တင်ခဲ့သည်။ ယခု Herder Korrespondenz  နှင့်စကားစမြည်ပြန်ပြောရာတွင် ရဟန်းမင်းကြီး (ငြိမ်း) က ထိုစဉ်ကသုံးနှုန်းခဲ့သော ဂျာမန်စကားစု “entweltlichte Kirche” သည်မလုံလောက် (ပျော့) ဘဲ ထိုထက်ပြင်းထန်သောစကားစုကိုသုံးသင့်ကြောင်း၊ ထိုအသုံးအနှုန်းသည် ‘သူတို့၏မကောင်း’ သည့်အချက်ကိုသာဖော်ပြနေပြီး၊ ၄င်းတို့်အနေဖြင့်လုပ်ရမည့် ‘အပြုသဘောဆောင်’ သောအချက်များအ တွက်မှာမူထိုမျှနှင့်မလုံလောက်ပေ။ ထိုအသုံးအနှုန်းသည် ဘာသာရေးနှင့်မဆိုင်သော အခြေအနေတစ်ခုကို သာထောက်ပြလိုက်သကဲ့သို့ဖြစ်သွားသည်။ သူ၏ရေးသားချက်ထဲ၌ ကက်သလစ်ဘာသာတူများသည် အမိ သာသနာတော်ကြီး၏သွန်သင်ချက်များမှရှောင်ထွက်ရန်အားထုတ်မူကိုလည်းသတိပေးထားသည်။ (၁၉၈၂) မှသည် ရဟန်းမင်းကြီးအမူတော်ဆောင်ရန်ရွေးချယ်ခြင်းခံရသည့်အချိန် (၂၀၀၅) အထိ အမိသာသနာတော် ကြီး၏ ‘ယုံကြည်မူဆိုင်ရာသွန်သင်ခြင်း’ ရုံးတော်၏တာ၀န်ခံဖြစ်အမူတော်ထမ်းခဲ့သော ရဟန်းမင်းကြီး (ငြိမ်း) က ‘ဘာ သာရေးသွန်သင်ချက်များမှရုန်းထွက်ရန်ကြိုးစားခြင်းသည် လုံး၀လက်တွေ့မကျပေ။ ဗီဇတစ်ခုနှယ် ဘာသာတူတို့၏ဘ၀ ၌စွဲထင်နေစေရမည့်သွန်သင်ချက်ကို နေ့စဉ်သက်သေခံရမည့်အသက်တာမှခွဲထုတ်ဖယ်ရှားခြင်းသည်လုံး၀မဖြစ်သင့်။ အ မှန်တကယ် ဤသွန်သင်ချက်များကိုပို၍ပင်လိုအပ်ပါသည်။ ရဟန်းမင်းကြီး (ငြိမ်း) သည် (၁၉၅၁၊ ဇွန်လ၊ ၂၉) ရဟန်းသိ က္ခာခံယူပြီးနောက် မြူနစ်ခရိုင်၊ Bogenhausen မြို့၌ကျောင်းထိုင်အဖြစ်အမူတော်ထမ်းခဲ့စဉ်ကသူသည် ‘ဘုန်းကြီး ကောင်းနှင့်သိုးထိန်းကောင်းပီသခဲ့ပါသလောဟု ကိုယ့်ကိုယ်ကိုမဆုံးဖြတ်ရဲကြောင်း၊ သို့သော် ရဟန်းတစ်ပါး၏အမူတော် နှင့်ပတ်သက်လာသော တောင်းဆိုချက်များအားလုံးကို အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း ’ ဖြေကြားခဲပါ့ သည်။   

https://bit.ly/374Tb9j

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

 

 

Add new comment

18 + 0 =