ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့နှင့်နာဂါဇာဂီမြို့တို့၌အနူမြူဗုံးကြဲ၍ တိုက်ခိုက်ခဲ့သောနှစ်ပတ်လည်နေ့မတိုင်မီဆုတောင်းကြရန် အမေရိကန်ဆရာတော်ကြီးများမေတ္တာရပ်ခံထား

ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့နှင့်နာဂါဇာဂီမြို့တို့၌အနူမြူဗုံးကြဲ၍ တိုက်ခိုက်ခဲ့သောနှစ်ပတ်လည်နေ့မတိုင်မီဆုတောင်းကြရန် အမေရိကန်ဆရာတော်ကြီးများမေတ္တာရပ်ခံထား

ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့နှင့်နာဂါဇာဂီမြို့တို့၌အနူမြူဗုံးကြဲ၍ တိုက်ခိုက်ခဲ့သောနှစ်ပတ်လည်နေ့မတိုင်မီဆုတောင်းကြရန် အမေရိကန်ဆရာတော်ကြီးများမေတ္တာရပ်ခံထား

အမေရိကန်ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့၏ အပြည်ပြည်ဆိုင်ရာတရားမျှတခြင်းနှင့်ငြိမ်းချမ်းရေးကော်မတီကဂျပန်နိုင်ငံနှင့် ကမ္ဘာတစ်၀န်းလုံး၏ ငြိမ်းချမ်းရေးနှင့်စည်းလုံးညီညွှတ်ရေးအတွက်ဆုတောင်းပေးရန်တိုက်တွန်းထားပါသည်။ အဘယ်ကြောင့်ဆိုသော်ဂျပန်နိုင် ငံ၊ ဟီရိုရှီးမားနှင့်နာဂါစာဂီမြို့နှစ်မြို့သို့အမေရိကန်နိုင်ငံမှအနူမြူဗုံးကြဲ၍တိုက် ခိုက်ခဲ့သည့် အနိဌာရုံဖြစ်ပွားခဲ့သည့်နှစ်မှာ (၁၉၄၅၊ ဩဂုတ်လ၊ ၆၊ ၉) ဖြစ်၍ ယခုနှစ်၌ (၇၅) နှစ်ပြည့်မည်ဖြစ်သည်။ စစ်ပွဲ အတွင်းဤအနူမြူလက်ကိုသုံးခြင်းသည်လည်းအဆုံးသတ်စေရန်မျှော်လင့်၍ ဆုတောင်း ကြပါရန် ကက်သလစ်လစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်၏အပြည်ပြည်ဆိုင်ရာတရားမျှတခြင်းနှင့်ငြိမ်းချမ်းရေးကော်မ တီမှ တနင်္လာနေ့ကထုတ် ပြန်မေတ္တာရပ်ခံထားသည်။

(၂၁) ရာစု၌လည်းဒေသန္တရနိုင်ငံ ရေးအရှုပ်တော်ပုံများ၊ ခေတ်မှီလက်နက်အပြိုင်ထုတ်လုပ်၍ စျေးကွက်ထွင်ရောင်း၀ယ်မူများ ဖြင့် ရှုပ်ထွေးမွမ်းကြပ်နေသည်။ ထို့အတူနိုင်ငံတကာလက်နက်ထိန်းချုပ်ရေးသဘောတူညီမူများ သည်လည်းအားနည်းမှေးမှိန်လျှက်ရှိသည်။ အမေရိ ကန်ကက်သလစ်ဆရာ တော်ကြီးများအနေဖြင့် အနူမြူလက်နက် ဖျက်သိမ်းရေးကိစွများကိုအသံမစဲဘဲသတိပေးနှိုးဆော်လာခဲ့သည်။

ဆုတောင်းပေးကြရန်တောင်းခံခြင်း

ကြေငြာချက်ထဲ၌ ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (၂) လည်ပတ်ခဲ့သည် (၁၉၈၁) နှစ်မှစ၍ ဂျပန်နိုင်ငံမှကက်သလစ်ဘာသာတူများသည် ထိုအဖြစ်ကိုပြန်လည်အမှတ်ရ၍ (၁၀) ရက်တာသတ်မှတ်ကာငြိမ်းချမ်းရေးအတွက်ဆုတောင်း လာခဲ့ကြောင်း၊ ထို့အတူရင်နစ်စရာအဖြစ် ဖြစ်ပျက်ခဲ့သည်မှာယခုနှစ်၌ (၇၅) နှစ်ပြည့်ပြီဖြစ်၍ အမေရိကန်နိုင်ငံရှိကက်သလစ်ဘာသာ၀င်များနှင့်စိတ်ကောင်းနှလုံးကောင်းရှိသောသူများအားလည်း ဂျပန်နိုင်ငံမှကက်သလစ်ဘာသာတူများနှင့် တစ်စိတ်တစ်၀မ်းတည်းထား၍လာမည့်ဩဂုတ်လ (၉) ရက်နေ့၊ တနင်္ဂနွေနေ့၌မစ္ဆားတရားပါ၀င်ပူဇော်ခြင်း၊ သတိရဆု တောင်းပေးခြင်းများပြုလုပ်ကြပါရန်တိုက်တွန်းနိုးဆော်ထားပါသည်။ အမေရိကားရှိကက်သလစ်သာသနာတော်ကြီးအ နေဖြင့် ယေဇူးခရစ္ဆတူးသခင် ၏ အသေခံတော်မူခြင်းဖြင့်ကယ်တင်ထားသော ဘုရားသခင်၏ လက် ဆောင်ဖြစ်သည့်ကမ္ဘာ ကြီး၏ငြိမ်း ချမ်းရေးအတွက်ဆုတောင်းပေးကြပါရန် သာသနာတော်ကြီး၏နှိမ့်ချ သောရပ်တည်တောင်းဆိုမှုကိုကျယ် လောင်ပြတ်သားစွာထုတ်ဖော်ထားပါသည်။

ငြိမ်းချမ်းသောကမ္ဘာတစ်ခု

ပုပ်ရဟန်းမင်းကြီးဖရန်စစ် (၂၀၁၉၊ နို၀င်ဘာလ) က နာဂါဇာကီမြို့သို့တမန်တော်ခရီးကြွရောက်စဉ် မြွတ်ကြားခဲ့ သောဩ၀ါဒကိုပြန်လည်ကိုးကား၍ ‘ငြိမ်းချမ်းသောကမ္ဘာတစ်ခုသည် နူးကလီးယားလက်နက်များနှင့်ကင်စင်ရမည်ဟူ သောအသိ၊ အတွေးသည်လူသိန်းသန်းများစွာအားအသိ၀င်စေသည်’ ဟုမိန့်ကြားခဲ့သည်ကိုဆရာတော်များကိုပြန်လည် ကိုးကားခဲ့သည်။ ထို့အတူ ပုပ်ရဟန်း မင်းကြီးက ‘နူးကလီးယားလက်နက်အလုံးစုံဖျက်သိမ်းရေးနှင့်ပတ်သက်၍ကျွန်ုပ်တို့၏ ကြိုးစားအားထုတ်မှု၌လက်တွဲပါ၀င်လာမှု၊ အာရုံစိုက်မှုဖြင့်အခက်အခဲများကိုကျော်လွှား၍အချင်းချင်းလေးစားမှုကိုတည် ဆောက်ရန်၊ မျက်မှောက်ခေတ်၌ဖြစ်နေသောအချင်းချင်းမယုံကြည်နိုင်မှုတံတိုင်းကိုကျော်လွှားရမည်ဖြစ်ကြောင်း၊ ထို့ ကြောင့်ငြိမ်းချမ်းပြီး၊ တရားမျှတသောကမ္ဘာကိုတည်ဆောက်နိုင်ရန်ပြန်လည်အားသစ်လောင်းပါ။ ထိုသို့ကြိုးစားရာတွင် အကြောက်တရား၊ သို့မဟုတ်နူးကလီးယားအလုံးစုံဖျက်သိမ်းခံရမည်ကိုစိုးရိမ်ခြင်းမဟုတ်ဘဲ၊ တရားမျှတခြင်းနှင့်လူသား အချင်းချင်းစာနာနားလည်တတ်ခြင်းအပေါ်မူတည်၍ အား ထုတ်လုပ်ဆောင်ရန်’ ရဟန်းမင်းကြီး၏တိုက်တွန်းချက်ကိုဆရာတော်ကြီးများကပြန်လည်ကိုးကားထည့်သွင်းတိုက်တွန်းထားပြီး၊ ကြေငြာချက်ကို ‘ကြောက်ရွံ့ခြင်း၊ မယုံကြည်နိုင် ခြင်း၊ ပဋိပက္ခများကိုကျွန်ုပ်တို့အားလုံး၏ ပူး ပေါင်း ပါ၀င်ဆက်ကပ်လုပ်ဆောင်မူ၊ ယုံကြည်ခြင်းနှင့်ဆုတောင်းခြင်းဖြင့်တ ရားမျှတခြင်းကိုချက်ချင်းလက်ငင်းနှင့်ထာ၀ရတည်တံ့စေရန်လုပ်ဆောင်ရမည်ဖြစ်ကြောင်းအားပေးတိုက်တွန်းထားသည်။

ဟီရိုရှီးမားနှင့်နာဂါဇာကီအားဗုံးကြဲခဲ့ခြင်း

အနူမြူဗုံးကိုတစ်ကြိမ်တစ်ခါတည်းသာအသုံးပြုပစ်လွှတ်ခဲ့သောအချိန်အား ဒုတိယကမ္ဘာစစ်ကာလကဖြစ်သည်။ ထိုစစ်၌အမေရိကန်သည် (၁၉၄၅၊ ဩဂုတ်လ၊ ၆၊ ၉) ရက်နေ့များ၌ ဂျပန်နိုင်ငံအားရက်ခြား၍အနူမြူဗုံးပစ်လွှတ်ဗုံးကြဲခဲ့ သည်။ ဟီရိုရှီးမားဗုံးကြဲတိုက်ခိုက်မူ၌လူပေါင်း (၈၀၀၀၀) အခင်းဖြစ်ရာ၌သေဆုံးခဲ့ကြပြီး၊ နောက် ပိုင်း၌လည်းထောင်နှင့် သောင်းနှင့်ချီ၍သေဆုံးခဲ့သည်။ သုံးရက်အကြာ တဖန်နာဂါဇာကီမြို့ကိုထပ်မံတိုက် ခိုက်ရာ လူပေါင်း (၄၀၀၀၀) ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ မြို့တစ်ခုလုံးကိုလည်းဆိုးရွားစွာပျက်ဆီးသွားစေခဲ့ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : AFP or Licensors

https://bit.ly/2OsrU7C

Add new comment

13 + 4 =