ဂျပန်နိုင်ငံ၊ တိုကျိုဂိုဏ်းချုပ်ဆရာတော် Tarcisio Isao Kikuchi သည် အာရှကက်သလစ်ဆရာတော်များ၏ဖယ်ဒရယ်အဖွဲ့၏အတွင်းရေးမှူးအဖြစ်ခန့်အပ်ခံရ

ဂျပန်နိုင်ငံ၊ တိုကျိုဂိုဏ်းချုပ်ဆရာတော် Tarcisio Isao Kikuchi သည် အာရှကက်သလစ်ဆရာတော်များ၏ဖယ်ဒရယ်အဖွဲ့၏အတွင်းရေးမှူးအဖြစ်ခန့်အပ်ခံရ

ဂျပန်နိုင်ငံ၊ တိုကျိုဂိုဏ်းချုပ်ဆရာတော် Tarcisio Isao Kikuchi သည် အာရှကက်သလစ်ဆရာတော်များ၏ဖယ်ဒရယ်အဖွဲ့၏အတွင်းရေးမှူးအဖြစ်ခန့်အပ်ခံရ

          တိုကျိုဂိုဏ်းချုပ်ဆရာတော် Tarcisio Isao Kikuchi သည် အာရှကက်သလစ်ဆရာတော်များအဖွဲ့ချုပ်၏ အထွေထွေအတွင်း ရေးမှူးအဖြစ်ရွေးချယ်ခန့်အပ်ခြင်းခံရသည်။ သူမတိုင်ခင်က မက်ကာအိုမှဆရာတော် Stephen Lee Bun-Sang ကဤတာ၀န်ကိုထမ်းဆောင်နေခဲ့ပြီး၊ ယခုလ၌အလုပ်မှအနားယူလိုက်သည်။

ဂိုဏ်း ချုပ်ဆရာတော်သည် ဤအမှုတော်ကိုထမ်းဆောာင်ရန်ရွေးချယ်ခံရသည့်အကြောင်းကို အာရှဆရာတော်ကြီး များအဖွဲ့ချုပ် (FABC) က ဇူလိုင်လ (၂၂) ရက်နေ့က စာထုတ်ပြန်ခဲ့သည်။ ဤအမှုတော်နှင့်အတူ အာရှဆရာတော်ကြီး များအဖွဲ့ချုပ်မှချမှတ်သောဆုံးဖြတ်ချက်များကို ဗဟိုအတွင်းရေးမှူးလက်တွေ့ဖော်ဆောင်ရန် ညွှန်ကြားပေးရမည်။ ဆုံးဖြတ်ချက်ချရမည်။ ဖော်ဆောင်ရမည်။ ကူလုပ်ပေးရမည်။

          တိုကျိုဂိုဏ်းချုပ်ဆရာတော်ကြီးအား Miyako ၌မွေးဖွားခဲ့သည်။ သူသည် (၁၉၈၆၊ မတ်လ ၁၅) ရက်နေ့ က ‘ဘုရားသခင်၏နှုတ်တော်ထွက်စကားတော်’ ရဟန်းအသင်း၀င်တစ်ပါးအဖြစ် ထာ၀ရ ရဟန်းသိက္ခာထပ်ခဲ့ သည်။ သူသည်သာသနာပြုအဖြစ် Ghana နိုင်ငံ၊ Korofidua သာသနာ၌အမှုထမ်းခဲ့သည်။ သူသည် အာဖရိက နိုင်ငံသို့ သာသနာပြုအဖြစ် ပထမဦးဆုံးခြေချခဲ့သူဖြစ်သည်။ (၁၉၉၉) ၌ ဂျပန်နိုင်ငံ၏ ဒေသအကြီးအကဲအဖြစ်ရွေးချယ်ခံရပြန်သည်။ စိန့်ဂျွန်ပေါလ် (၂) က သူ့အား Niigata ၏ဆရာတော်အဖြစ် (၂၀၀၄၊ ဧပြီ ၂၉) ရက်နေ့တွင် ရွေးချယ်တင်မြောက်ခဲ့သည်။ (၂၀၁၇၊ အောက်တိုဘာ) လ၌ ရဟန်းမင်းကြီးဖရန်စစ်က တိုကျို၏ဆရာတော်အ ဖြစ်တဖန်ရွေး ချယ်လိုက်ပြန်သည်။ လက်ရှိ၌ ဂျပန်နိုင်ငံ၏ ကရုဏာလုပ်ငန်းကိုဦးစီးပေးသူဖြစ်ပြီး၊ ဒေသ၏ ကရုဏာရေးလုပ်ငန်းတစ်ခုလုံး၏ဥက္ကဌအဖြစ်လည်း (၂၀၁၁ မှ ၂၀၁၉) အထိဆောင်ရွက်ခဲ့သည်။ သူသည် ရဟန်းမင်းကြီး၏ ဧဝံဂေလိသတင်းကောင်းကြေငြာဟောပြောရေးဌာန၏အဖွဲ့၀င်တစ်ဦးလည်းဖြစ်သည်။   

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3zwPLZ6

Add new comment

6 + 1 =