ဂျက်ဆွီအသင်း၏ရဟန္တာ John Berchmans ၏ပျံလွန်ခြင်းနှစ် (၄၀၀) ပြည့်

ဂျက်ဆွီအသင်း၏ရဟန္တာ John Berchmans ၏ပျံလွန်ခြင်းနှစ် (၄၀၀) ပြည့်

ဂျက်ဆွီအသင်း၏ရဟန္တာ John Berchmans ၏ပျံလွန်ခြင်းနှစ် (၄၀၀) ပြည့်

အပြစ်မဲ့သန္ဓေယူတော်မူသောမယ်တော်အား ဂုဏ်ပြုသောအားဖြင့်ရောမမြို့ရှိ စိန့်အီညှားရှိုဘုရားကျောင်းမှမှတ်တမ်းရိုက် ကူးထုတ်လုပ်လိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ ‘အပြစ်မဲ့သန္ဓေ ယူတော်မူသောမယ်တော်’ ၏ ဘွဲ့တော်ဆိုင်ရာအမိသာ သနာ၏သွန်သင်ချက်ကို အ သက်ထက်ဆုံးကာကွယ်ခဲ့သော သူသည်ဤနေရာ၌ လျှောင်းစက်လျှက်ရှိသည်။

သူသည် ‘အပြစ်မဲ့သ န္ဓေယူတော်မူသောမယ်တော်’ ၏ဘွဲ့တော်ဆိုင်ရာသွန်သင်ချက်ကိုကာကွယ်ရန် (၁၆၂၀) တွင်ကတိသစ္စာပြုခဲ့သည်။ ထိုသူမှာ စိန့် John Berchmans ဖြစ်ပါသည်။

သူက ‘ကျွန်ုပ်ငယ်ရွယ်စဉ် ရဟန္တာဖြစ်မလာပါက ကျွန်ုပ်ဘယ်တော့မှဖြစ်လာနိုင်တော့မည်မဟုတ်’ ဟုမကြာခ ဏ ပြောဆို လေ့ရှိသည်။ တစ်ဦးစီ၏လက်ရှိအချိန်ကိုလက် တွေ့ကျကျအကောင်းဆုံးအသုံးချရန်မိန့်မှာလေ့ရှိသည်။ ဘုရားရှေ့၌ရှင်သန်လိုသည့် အတိုင်းယခုရှင်သန်ရန်လိုအပ်သည်။ သူတစ်ပါးအတွက်မိမိ၏အသက်၊ အချိန်၊ အစွမ်း အစကိုဖေးကူတတ်ရမည်။ ၄င်းအပြင် သူအစဉ်ခံယူထားပြီး၊ မကြာခဏမိန့်ဆိုလေ့ရှိသော တရားအတွေးကား ‘သူသည်မည်သည့်အရာကိုပြုလုပ်သည်ဖြစ်စေ၊ သူ၏ ဘ၀၌ နောက်ဆုံးတစ်ကြိမ်သာပြုလုပ်ခွင့်ရှိတော့မည်’ ဟုခံယူ၍လုပ်ဆောင်လေ့ရှိသည်။ ပြောလေ့ရှိသည်။

သူအားဘဲလ်ဂျီယံအားမှိုင်းမသောရဟန္တာအဖြစ်ဂုဏ်ပြုသတ်မှတ်ထားသည်။ သူသည်‌သူတော်စင်ဘောင်သို့လျှောက်လှမ်း ရန်အတွက်ငယ်ရွယ်စဉ်ကပင်ရည်ရွယ်ထားခဲ့သည်။ သူသည်ထူး ချွန်သောကျောင်းသားဖြစ်သည်။ သို့သော်ပညာသင်ကြားနိုင်ရန်အ တွက်ကိုယ်တိုင်အလုပ်လုပ်၍ကျောင်းစရိတ်ရှားခဲ့ရသည်။ သူ၏ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိရန်ရုန်း ကန်ရာ၌ စိန်ခေါ်မူများစွာ ကိုကြုံတွေ့ခဲ့ရသော်လည်းစိတ် ဓာတ်ကြံ့ခိုင်ခဲ့သူဖြစ်သည်။ ရောမသို့သွား၍ပညာသင်ကြားရန်အတွက်လည်း ကိုယ် တိုင်၀ါယမစိုက် ထုတ်ခဲ့ရသည်။ သူသည်ရောမသို့စေ လွှတ်ခြင်းခံရသည်မှာထူး ချွန်သောကြောင့်ဖြစ်သည်။ ရောမသို့စေလွှတ်လိုက်ခြင်းသည်ပညာ ရပ်များကိုလေ့လာသင် ကြားရန်လည်းဖြစ်သကဲ့သို့မိမိကိုယ်မိမိပုံလောင်းပုံသွင်းရန် ဖြစ်သည်။ သူနှင့်အခြားဖော်တစ်ဦးတို့သည် ဘဲလ် ဂျီယံမှရောမအထိမိုင်ပေါင်း (၉၀၀) ကျော်ရှိသောခရီးကိုခြေကျင် လျှောက်၍အရောက်သွားခဲ့သည်။ ထိုလမ်းခရီး၌ ပါရီမြို့၊ လီယွန်မြို့၊ အဲလ်ပ်စ်တောင် တန်း၊ မီလန်မြို့နောက်ဆုံး၌ ၄င်းတို့ကိုလှိုက်လှဲနွေးထွေးစွာကြိုဆိုနေသောဖာသာရ် Vitelleschi ရှိရာရောမမြို့သို့ ရောက်သွားခဲ့သည်။

သူပျံလွန်ပြီးနှစ် (၄၀၀) ကြာမှ သူ၏ရုပ်ကြွင်းသည် ရောမရှိဤ ပခြုပ်ထဲ၌ရှိနေသည်။ ဤနေရာသည် ဂျက်ဆွီ ဘုန်းတော်ကြီးတစ်ပါးဖြစ်ရန်ရည် သန်ကြိုးစားနေကြသော ရဟန်းလောင်းကိုရင်များအတွက် သင်ယူစရာ၊ ခွန်အားယူစရာဘုရားဖူး ရန်နေရာတစ်ခုဖြစ်သည်။ သူသည် သူ၏အကြီးအကဲမှစေရာဒေ သများ၊ ပေးအပ်သောတာ၀န်ကြီးငယ်မရွေး သွားရောက်လုပ်ဆောင် ရာ၌ ဘုရားသခင်ကိုအစဉ်မြင်တွေ့နိုင်အောင်ကြိုးစားသည်။ ရောက်လေရာရာ၌ အများကိုအကျိုးပြုနိုင်အောင်အခြေအနေဖန်တီးယူ လေ့ရှိသည်။ ရဟန်းတစ်ပါးဖြစ်လာရန် အစဉ်ရည်သန်ခဲ့သော်လည်းမပြည့်၀ခဲ့ပေ။ သို့သော်သူ၏နောက်ဆုံးထွက်သက်အထိသူသည် ချစ်နိုင်ရန်၊ အစေခံရန်ပေးဆက်ရှင်သန်ခဲ့သူဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

photo courtesy of: Catholic Faith Store

https://bit.ly/3eavjGe

Add new comment

3 + 5 =