ဂျက်ဆွီစ်တို့ဦးစီးသောကျောင်းကို ဘင်္ဂလားဒေ့ရှ်တွင်ပထမဦးဆုံးဖွင့်လှစ်

Students and staff of St. Xavier's International School in Kuchilabari, Bangladesh (Photo supplied)

ဂျက်ဆွီစ်တို့ဦးစီးသောကျောင်းကို ဘင်္ဂလားဒေ့ရှ်တွင်ပထမဦးဆုံးဖွင့်လှစ်

ဘင်္ဂလားဒေ့ရှ်မြို့တော်ဒက်ကာနှင့်နီးသော Gazipur ခရိုင်၊ Kuchilabari ၌ ဂျက်ဆွီစ်တို့ဦးစီး သော စိန့်ဇေးဗီးယားအပြည်ပြည်ဆိုင်ရာကျောင်းကိုပထမဦးဆုံးဖွင့်လှစ်ခဲ့သည်။ ကျောင်းကိုကျောင်း သူကျောင်းသား (၃၄) ဦးဖြင့်စတင်နေပြီး ကျောင်း၏အကျယ်အ၀န်းမှာ ကျောင်းသူကျောင်းသား (၆၀၀) အထိလက်ခံသင်ကြားပေးနိုင်သည်။ ဤကျောင်းကိုဖွင့်လှစ်ရန်လျာထားခဲ့သည်မှာကြာပြီဖြစ်သော်လည်း ကိုးဗစ်ကပ်ဆိုးကြောင့်ရွေ့ဆိုင်းခဲ့ရသည်။ ဤကျောင်းကိုဖွင့်လှစ်ရန်ရည်ရွယ်ခဲ့သည်မှာကြာပြီဖြစ်သည်။ Motbari သာသနာအုပ်စု၏အနီးအနား၌ အငယ်တန်းအင်္ဂလိပ်ကျောင်းရှိသင့်လှသော်လည်းမရှိရှာဟု ကျောင်း၏တာ၀န်ခံဂျက်ဆွီစ်ဘုန်းတော်ကြီး Probash Pius Rozario ကရှင်းပြသည်။ ကျောင်းတော်ကြီး၏ဆောင်ပုဒ်ကား ‘One fire kindles other fires’ (မီးပွားတစ်စသည်အခြား ကိုလည်းမီးညှိပေးနိုင်သည်) ဟုဖြစ်သည်။ လူငယ်များ၏ကြီးထွားလာမှုနှင့်အတူနိုင်ငံသားကောင်းနှင့်နိုင် ငံချစ်စိတ်ရှိရန်သင်ကြားကြီးထွားလာစေလိုသည်။ ရည်ရွယ်ချက်မှာ ဉာဏ်ရည်တိုးရန်သက်သက်မဟုတ်။ နှလုံးသားကိုလည်းဖွံ့ဖြိုးစေရန်ဖြစ်သည်။ မြို့တော်ဒက်ကာ၏ ဂိုဏ်းချုပ်ဆရာတော် Bejoy N. D'Cruze လည်းဖွင့်ပွဲ၌ကြွရောက်ခဲ့သည်။ နိုင်ငံအတွင်း၌ ပညာရေးပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုကိုပြုလုပ်ရန်အားစိုက်ထုတ်ရမည်။ သာသနာ တော်ကြီးသည် လူ့အသိုင်းအဝိုင်းအား ကောင်းကျိုးသက်ပိုး၍သက်သေခံရမည်။ သာသနာကကြီးမှူး ဖွင့်လှစ်သောကျောင်းမှကျောင်းသားများအား စွမ်းရည်ဘက်စုံပြည့်၀စေလိုသည်။ စီးပွားရေးအကျိုးအ မြတ်သက်သက်အတွက်ဤကျောင်းကိုဖွင့်လှစ်ခြင်းမဟုတ်။ ကျောင်းသူကျောင်းသားများသည် အရည် အသွေးပြည့်သောပညာရေးကိုရရှိကြပေမည်။ ပြဌာန်းထားသည့် အတန်းပညာများအပြင် စာရိတ္တပိုင်း၊ တန်ဖိုးရှိသောလူဖြစ်ရန်၊ ခရစ်ယာန်တို့၏စံတန်ဖိုး၊ ယနေ့နိုင်ငံရေး၌ ထဲထဲ၀င်၀င်ပါ၀င်နေကြသောသူ များကဲ့သို့ နိုင်ငံအကျိုးကိုသယ်ပိုးရွက်ဆောင်သောအမျိုးသားအ မျိုးသမီးများမွေးထုတ်ပေးကြရန်ကို လည်း ဆရာ၊ ဆရာမတို့အားတိုက်တွန်းခဲ့သည်။ လက်ရှိလွှတ်တော်ဥက္ကဌဖြစ်သူ Shirin Sharmin Chaudhury နှင့်ပညာရေး၀န်ကြီးဖြစ်သော Dipu Moni တို့ကလည်း မြို့တော်ဒက်ကာ၌ဖွင့်လှစ်ထားသော ‘Holy Cross’ ကက်သလစ်ကျောင်း၌ ပညာသင်ကြားခဲ့ကြသူများဖြစ်ကြောင်း၊ ထိုဒေသမှကက်သလစ်ဘာသာတူများက ဂျက်ဆွီစ်အသင်း အား ယခုကဲ့သို့သောကျောင်းကိုကြီးမှူးဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်ကြသည်။ အဘယ် ကြောင့်ဆိုသော် ဤဒေသ၌ ယခုကဲ့သို့ အရည်အသွေးပြည့်မှီသောပညာရေးကိုလိုအပ်နေသည်။ စိန့်ဇေး ဗီးယားအပြည်ပြည်ဆိုင်ရာကျောင်းကိုဖွင့်လှစ်လိုက်ခြင်းသည် ဘုရားသခင် ဒေသခံများ၏ဆုတောင်းသံ ကိုနားညောင်းခြင်းဖြစ်ကြောင်း၊ ပညာရေးသည် လူတိုင်း၏ကြီးထွားမှု၌လိုအပ်သည်။ ဤကျောင်းသည် ဒေသအတွင်းရှိပြည်သူများအား ကျေနပ်စေလိမ့်မည်။ ဤကျောင်းသည် ကက်သလစ်ကျောင်းဖြစ်သော် လည်း ဘာသာ၊ လူမျိုးမခွဲခြားဘဲတက်ရောက်ပညာသင်ကြားနိုင်သောကျောင်းဖြစ်သည်။ ကိုယ်တိုင်လည်း အစိုးရကျောင်းဆရာတစ်ဦးဖြစ်သော Suren Gomes က ယခုကျောင်းဖွင့်လှစ်၍ ပညာရေး၀န်ဆောင်မှုကိုပေးသည်ကိုအလွန်ကျေနပ်မိပါကြောင်း၊ ကမ္ဘာတစ်၀ှမ်း၌ ဂျက်ဆွီစ်ဘုန်းတော် ကြီးတို့သည် ၄င်းတို့၏ပညာရေးအမှုတော်ကိုဖော်ဆောင်နေကြကြောင်း၊ ဤကျောင်းကြီးဖွင့်ဖြစ်လိုက် ခြင်းသည်ဘုရားသခင်၏ ကောင်းချီးဖြစ်၍ ဘုရားသခင်ကိုကျေးဇူးတင်ပါကြောင်း၊ ကျွန်ုပ်တို့၏သားသမီး များ၊ နောက်မျိုဆက်သစ်များသည် အရည်အသွေးပြည့်မှီသောပညာရေးကိုရရှိကြမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၌ ဂျက်ဆွီစ်ဘုန်းတော်ကြီးအသင်းသည် ဒေသခံခရစ်ယာန်များရှိကတည်းကပင်ဖြစ်သည်။ ၄င်း တို့သည် (၁၆) ရာစုက ဘင်္ဂလားပင်လယ်ဒေသသို့ ပထမဦးဆုံးခြေချခဲ့သော သာသနာပြုအသင်းအဖွဲ့ဖြစ် သည်။ သို့သော်နောက်ပိုင်း၌ နိုင်ငံရေးမူ၀ါဒကြောင့် အဆိုပါဒေသမှဆုတ်ခွာ၍ (၁၉၉၄) ခုနှစ်မှ ဘင်္ဂလားဒေ့ရှ်ကက်သလစ်ဆရာတော်ကြီးအဖွဲ့ချုပ်၏ ဖိတ် ကြားချက်ဖြင့် တစ်ကြော့ပြန်၍ သာသနာပြုလာခဲ့ ခြင်းဖြစ်သည်။ လက်ရှိ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဂျက်ဆွီစ်ကျောင်း (၃) ကျောင်းရှိပြီး၊ ဒေသခံလူငယ် (၂၃) ဦး ဂျက်ဆွီစ်အသင်း၀င်ဖြစ်နေကြသည်။ ၄င်းတို့သည် သာသနာနယ်များ၌ လူမှုရေး၊ ဖွံ့ဖြိုးရေး၊ ၀ိညာဉ် ရေး၊ ဒုက္ခသည်များကယ်ဆယ်ရေး၊ လူငယ်များအားပြုစုပျိုးထောင်ရေး၊ သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းရေး စသောအပိုင်းများ၌တက်ကြွစွာအမှုတော်ကိုထမ်းနေကြသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၌ နိုင်ငံ၏လူဦးရေ (၁၆၅) သန်းရှိသည့်အနက် မွတ်စလင်သည် (၉၀) ရာခိုင်နှုန်းရှိသည့်အနက် ကက်သလစ်လူဦးရေမှာ (၄၀၀၀၀၀) သာရှိသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၌ ကက်သလစ်တက္ကသိုလ်တစ်ကျောင်း၊ ကောလိပ် (၁၃) ကျောင်း၊ အထက်တန်းကျောင်း (၂၀၀) ကျော်၊ မူလတန်းကျောင်း၊ နည်းပညာသင်တန်းကျောင်းများ၊ သက်မွေးပညာသင်တန်းကျောင်း (၅၀၀) ခန့်ရှိသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3LOiOi9

Add new comment

2 + 2 =