Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဂျက်ဆွီစ်တို့အကြောင်းစာအုပ်သည် အနာဂါတ်မျိုးဆက်များအတွက်သင်ယူစရာများပေး
ဂျက်ဆွီစ်တို့အကြောင်းစာအုပ်သည် အနာဂါတ်မျိုးဆက်များအတွက်သင်ယူစရာများပေး
‘ဂျက်ဆွီစ်အသင်း’ ဟုလူသိများသော ‘ယေဇူးသခင်၏မိတ်ဆွေများ’ အသင်းကို (၁၅၃၄) ခုနှစ်ကတည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ ဂျက်ဆွီစ်ဘုန်းတော်ကြီးထောင်သောင်းမကတို့သည် ၄င်းတို့၏စံထားအားကျရလောက်သောအသက်တာဖြင့် ကမ္ဘာပေါ်ရှိလူသားများ၏ဘ၀ကိုတစ်မျိုးတစ်မည်ပြောင်းလဲစေခဲ့၊ သင်ပြပေးခဲ့ကြသည်။ ဥပမာအားဖြင့် အသင်းကိုတည်ထောင်ခဲ့သူ စိန့်အီညှားဆီအုစ်၊ စိန့်ရောဘတ်ဘဲလာမီးနေ၊ စိန့်ဖရန်စစ်ဗေးဇီးယားတို့ကဲ့သို့အလွန်ထင်ရှားကျော်ကြားသူများရှိခဲ့သကဲ့ သို့လူသိနည်းလှသော Rupert Mayer၊ Alfonso Dominguez၊ Nicholas Owen တို့လည်းရှိကြသည်။
Nicholas Owen သည် ဂျက်ဆွီစ်အသင်း၀င်ဖြစ်သော်လည်း သူသည်ဘုန်းကြီးတစ်ပါးမဟုတ်။ ဂျက်ဆွီစ်အသင်း၏ရာသက်ပန်သစ္စာသုံးပါးခံဘာရာသာရ်တစ်ပါးဖြစ်သည်။ သူ၏ဘ၀သည် လူသိနည်းလှသည်။ သူသည် ဘာသာရေးစစ်များ၌ စစ် ရှောင်များပုန်းခိုနိုင်သောနေရာများစွာကိုတည်ဆောက်ပေးခဲ့သူဖြစ်သည်။ သူသည်ယခုကဲ့သို့ လူ့အသက်ပေါင်းများစွာကိုလုံခြုံမူ ပေးသောအခြေအနေကိုဖန်တီးပေးခဲ့သော်လည်း နာမည်ကောင်းဆိုင်းဘုတ်မထူ။ ဘ၀၌အရေးကြီးသောအရာသည် ကျော်ကြား ခြင်းမဟုတ်။ မိမိကိုယ်ကိုလွန်ကဲစွာကာကွယ်လုံခြုံမူယူခြင်း၊ ဘေးရန်မှရှောင်တိမ်းခြင်းမဟုတ်။ ယေဇူးသခင်ကို ဘ၀၏အလယ် ဗဟိုတွင်ထားရှိရန်သာဖြစ်သည်။
ထုတ်ဝေလိုက်သောစာအုပ်အမည်ကား ‘ဂျက်ဆွီစ်၊ ကျွန်ုပ်တို့ကိုသင်ကြားအလင်းပေးသူ’ ဟုဖြစ်သည်။ ဂျက်ဆွီစ်အသင်းသား (၄၀) ကျော်၏ ‘အရာရာတိုင်းကိုချစ်ပါ။ လူတိုင်းကိုအစေခံပါ’ ဟူသောဆောင်ပုဒ်ကို ထင်ဟပ်ပေါ်လွင်စေခဲ့သော ဘ၀ များကိုဖော်ပြထားသည်။ ဤစာအုပ်သည် ဂျက်ဆွီစ်အသင်း၀င်များမှပေးနိုင်သော အကြီးမားဆုံးသွန်သင်ချက်များဖြစ်သည်။ အ ထူးသဖြင့် ယခုကာလကဲ့သို့ ကပ်ရောဂါဆိုးကြီးကျရောက်နေချိန်မျိုး၌ ၄င်းတို့သည် ဗာတီကန် (၂) အစည်းအဝေးကြီးမှ ‘အချိန်ကာလ၏ နိမိတ်ကောင်းများ’ ဟုတင်းစားထားသူများဖြစ်ကြသည်။ သူတို့သည် သူတို့၏အတွင်း၌ကိန်း၀ပ်နေသော သန့် ရှင်းသော၀ိညာဉ်တော်၏စေ့ဆော်မူကိုသတိရှိပြီး၊ ထိုအသိဖြင့် တစ်ပါးသူအားလည်း ဘုရားနှင့်တွေ့ဆုံနိုင်ရန်ကူညီပေးသည်။ ဤသို့အားဖြင့် ၄င်းတို့သည် ကြီးကျယ်ခန်းနားသော၀တ်ပြုခြင်းဖြင့် ရဟန္တာအဖြစ်ကြေညာခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ သူတို့သည် ရဟန္တာများဖြစ်နေကြပြီဖြစ်သည်။ စိန့်ပီတာကာနီးဆီအုစ့်၊ ဖာသာရ် Pedro Arrupe တို့၏ဘ၀ကိုပမာပြရလျှင် သူတို့ သည်ရဟန္တာဟုကြေညာမခံရမည်ကပင်ရဟန္တာများဟုလေးစားကြည်ညိုခံနေရပြီဖြစ်သည်။ ဤစာအုပ်ထဲ၌ဖော်ပြထားသောသူ မည်သူမဆိုသည် မည်သည့်အခြေအနေမျိုး၌ဖြစ်စေ ဘုရားသခင်ကိုမြင်တွေ့နိုင်၊ လက်ခံနိုင်သောသူများဖြစ်ခဲ့ကြသည်။ စာမျက် နှာတိုင်း၌လည်း သရုပ်ဖော်ပုံများဖြင့် ဂျက်ဆွီစ်တို့၏မတူညီသော ဘ၀ဖြတ်သန်းပုံများကိုတင်ပြထားသည်။ ထို့အတူ၄င်းတို့၏ မျက်နှာ၊ အမည်နာမများကိုထင်ကျန်ရစ်စေသည်။ ဓာတ်ပုံအစားရုပ်စုံပုံကိုထည့်ရခြင်းမှာ ၄င်းတို့၏ဘ၀သရုပ်မှန်ကိုသိရှိစေလို၍ဖြစ်သည်။ ထို့အတူ အခြားသူများလည်း ထပ်တူစိတ်ကူးရစေရန်နှင့်ဤသူတို့ကြွရောက်နေထိုင်လှည့်လည်သာသနာပြုခဲ့သော နေရာသည် အဘယ်သို့ဖြစ်သည်ကိုသိရှိစေရန်ဖြစ်သည်။ ဤသို့အားဖြင့် သာသနာပြုတို့သည် ဆက်လက်၍ကျွန်ုပ်တို့အား စိတ်ဓာတ်ကိုပြန်လည်တက်ကြွရှင်သန်လာစေလာသည်။ ၄င်းတို့၏ဘ၀များသည် ယနေ့ထိတိုင်ကျွန်ုပ်တို့ကို သင်ကြားပေးရန်၊ နိုး ဆော်ရန်ကျန်ရှိနေသေးသည်။
Rome Reports - https://bit.ly/3rO8ug6
ဘာသာပြန် - ဖာသာရ် ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #Jesuits #Book
Add new comment