ဂိုဏ်းချုပ်ဆရာတော်ကြီး ဖူတန်ရှင်းဟာ TV ဖန်သားပြင်ထက်က နာမည်ကျော် ပုဂ္ဂိုလ်ဖြစ်တာထက်ကိုပိုပါတယ်လို့ ၉၂ နှစ်အရွယ် တူမဖြစ်သူမှ ပြောကြား

ကက်သလစ်သာသနာတော်တွင် အများသိကြသည့် နာမည်ကျော် ဂိုဏ်းချုပ်ဆရာတော်ကြီး ဖူတန်ရှင်း၏ အသက် ၉၂ အရွယ် တူမတော်ဖြစ်သူက သူမအန်ကယ်၏ အကြောင်းကို တစေ့တစောင်းပြောပြခဲ့ပါတယ်။

ဆရာတော်ကြီးဟာ တီဗီဖန်သားပြင်ကို မကြောက်တဲ့ နာမည်ကျော်ဆရာတော်ကြီးဆိုပြီး တူမဖြစ်သူ ဂျုန်းရှင်း က ပြောကြားခဲ့ရာမှာတော့ သူမ၏ အန်ကယ်သည် တီဗီ ဖန်သားပြင်ပေါ်က အနီရောင်ဝတ်ရုံလွှာနဲ့ သာမာန်ပုဂ္ဂိုလ်မျှသာ မဟုတ်ကြောင်း၊ သူဟာ အလွန်နှိမ့်ချသူ၊ ဘုရားတရားရှိသူလည်းဖြစ်ကြောင်း ၊ ဘဝတခုလုံးကို သာသနာတော်အတွက် လုပ်ဆောင်ခဲ့ကြောင်းနှင့် ၄င်း၏အလုပ်ကို အန်ကယ်က ကောင်းကောင်းတာ၀န်ကျေစွာ လုပ်ဆောင်ခဲ့ကြောင်းကို သူမအနေနဲ့မြင်တယ်လို့My Uncle Fulton Sheen စာအုပ်ရေးသားသူ တူမတော် ဂျုန်းရှင်း မတ်လ ၃၁ ရက်နေ့ ကCNA ကို ပြောကြားခဲ့ပါတယ်။

ဆရာတော်ကြီးရှင်း သည် Catholic Hour ဆိုသည့် ရေဒီယို အစီအစဉ် တင်ဆက်သူအဖြစ်နာမည်ကျော်ခဲ့၍ ၄င်းအစီအစဉ်ကို ၁၉၃၀ မှာ စတင်ခဲ့ကြောင်း၊ ထို့အပြင် ၁၉၅၀ တွင် Life is Worth Living ဟူသည့် အစီအစဉ် နှင့် ၁၉၆၀ တွင် Fulton Sheen program ဟူသည့် အစီအစဉ်များကို လုပ်ဆောင်ခဲ့ကာ လေလှိုင်းအသီအစဉ်များအားလုံးထဲမှာတော့ ၄င်းရဲ့ တီဗွီ အစီအစဉ်ဟာ လူအများပိုပြီး စိတ်၀င်စားသည်ကိုတွေ့ရကြောင်း ဆရာတော်ကြီးသည်

အခက်အခဲ ဒုက္ခရောက်သူများကို စာနာ နားလည်ပေးနိုင်သူ၊ သနားကြင်နာ တတ်သူလည်း ဖြစ်သည်ဆိုခြင်းကို CNA သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo credit: Dumont Network

https://bit.ly/3e11MMD

Add new comment

7 + 11 =